Monday, May 05, 2014

သေဒဏ် ချမှတ်ခြင်းများအပေါ်တွင် ပြန်လည် သုံးသပ်ရန် အိုဘားမား တိုက်တွန်း


ရှေ့နေချုပ် အဲရစ်ဟိုလ်ဒါအား သေဒဏ်ချမှတ်မှုနှင့် ပတ်သက်နေသည့် ပြဿနာရပ်များကို စုံစမ်းသွားရန် အတွက် အမေရိကန် သမ္မတ ဘားရက်အိုဘားမားမှ တိုက်တွန်းပြောဆိုရန် ပြင်ဆင်မှု ပြုလုပ်လျက် ရှိကြေင်း သိရှိရသည်။

အမေရိကန် ခေါင်းဆောင်၏ ကြေငြာချက်သည် အုတ်ကလာဟိုးမားတွင် ဖြစ်ပွားခဲ့သော လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည့်မသေချာသော ကွပ်မျက်မှု ပြဿနာရပ်၏ နေက်ပိုင်းရက်များတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ယခုသီတင်းပတ် အစောပိုင်းက သေဒဏ်ကျခံနေရသော အကျဉ်းသား ကလေတန်လော့ကတ်အား ဆေးထိုးသတ်ဖြတ်ရာတွင်အချိန်ကြာမြင့်ခဲ့ပြီး ပြဿနာရပ်များ ဖြစ်ပွားခဲ့မှုအတွက် မစ္စတာ အိုဘားမားမှ သေဒဏ်ချမှတ်မှုများတွင် နက်နက်ရှိုင်းရှိုင်း ပြဿနာရပ် ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သေဒဏ်ချမှတ်မှုနှင့် ပတ်သက်၍ ကွဲလွဲသော သဘောထား ခံစားချက် ရှိကြောင်း သမ္မတမှ ပြောကြားခဲ့ သည်။ “ အုတ်ကလာဟိုးမားမှာဖြစ်ခဲ့တဲ့ ပြဿနာရပ်ဟာ သိသာထင်ရှားတဲ့ ပြဿနာတွေထဲက အချို့ကို မီးမောင်း ထိုးပြခြင်းသာ ဖြစ်ပါတယ် ” ဟု ပြောဆိုသွားခဲ့သည်။

“ ဒီနက်ရှိုင်းပြီး ခက်ခဲတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို မေးခွန်း ပြန်ထုတ် ရမှာပါ ” ဟု ထပ်မံပြောဆိုသွားသည်။ သေဒဏ်ချမှတ်မှုသည် ကလေးသူငယ်များနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကဲ့သို့သော အမှုများတွင် ချမှတ်ခြင်းဖြစ်ပြီး အမေရိကန်တွင် ၎င်းသေဒဏ်ချမှတ်မှုကို ဆောင်ရွက်ရာတွင် ပြဿနာရပ်များ ဖြစ်ပေါ်လျက် ရှိသည်။

မစ္စတာ ဟိုလ်ဒါအား “ မည်ကဲ့သို့သော လုပ်ဆောင်မှုမျိုး ပြုလုပ်ရမည် ဖြစ်ကြောင်းနှင့် ယခု ကိစ္စရပ်တစ်ခု တည်းတွင်သာ မဟုတ်ဘဲသေဒဏ်ချမှတ်မှုများ အပေါ်တွင် ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်သွားရန်အတွက် ” တိုက်တွန်း ပံ့ပိုးသွားမည် ဖြစ်ကြောင်း အမေရိကန်ခေါင်းဆောင်မှ ပြောဆိုသွားခဲ့သည်။

အုတ်ကလာဟိုးမား၏ ပြည်သူ့ လုံခြုံရေးဌာနမှ ဦးဆောင်၍ ပြည်နယ်၏ သေဒဏ်ချမှတ်မှု လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်သွားရန်အုပ်ချုပ်ရေးမှုး မေရီဖာလင်းမှ အမိန့်ပေးခဲ့သည်။

အုတ်ကဘာဟိုးမားရှိ ထောင်အာဏာပိုင်များမှ ထိုးဆေးသွင်းရန် လော့ကတ်၏ သွေးကြောကို ရှာဖွေ၍  မရခဲ့သောကြောင့် ပေါင်ခြံအတွင်းသို့ ထိုးသွင်းခဲ့ခြင်း ဖြစ်သည်။ သင့်တော်မည့် သွေးကြောကို ရှာဖွေရာတွင် အချိန် ၅၁ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးနောက်တွင်ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကျဉ်းသား ဖြစ်သူမှာ သေဒဏ်ကျခံမှုရမှုကို ရပ်ဆိုင်းအပြီး ၁၀ မိနစ်အကြာတွင် နှလုံးရောဂါ ဖောက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

လော့ကတ်မှာ ၁၉၉၉ ခုနှစ်က အသက် ၁၉ နှစ်အရွယ် နေမန်အား ပစ်ခတ်ခဲ့ပြီး ကြံရာပါများမှ ၎င်းအမျိုးသမီးအား အရှင်လတ်လတ် မြုပ်နှံမှုကို စောင့်ကြည့်နေခဲ့မှုဖြင့် သေဒဏ်ချမှတ်ခံထားရခြင်း ဖြစ်သည်။ ၎င်းတို့ ဓားပြတိုက်နေစဉ်အတွင်း မစ္စနေမန်နှင့်သူငယ်ချင်းဖြစ်သူမှ ပြန်လည်ခုခံခဲ့ခြင်းကြောင့် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဥရောပ ဆေးဝါးအဖွဲ့မှ တားမြစ်ထားမှုကြောင့် အမေရိကန်သည် သေဒဏ်ချမှတ်မှုများအတွက် ထိုးဆေး အား ရယူရာတွင် ပြဿနာရပ်များမြင့်တက်လာခြင်းကို ရင်ဆိုင်ရလျက် ရှိသည်။

Ref: BBC
The Myanmar Age

No comments:

Post a Comment

My Blog List