Thursday, January 09, 2014

ဟောင်ကောင်မှာ H7N9 ရောဂါ ကူစက်ပြန့်ပွားနေ



ဟောင်ကောင်က ​ကျန်းမာရေး ​အာဏာပိုင်တွေက ​H7N9 ​ကြက်ငှက်တုတ်ကွေးရောဂါ ​ကူးစက်ခံရတဲ့ ​သုံးယောက်မြောက် ​လူတစ်ဦးရှိကြောင်း ​အတည်ပြုချက်ထုတ်ပြန်လိုက်ပြီး ​ဒါဟာ ​၂၀၁၄ခုနှစ်အတွင်း ​ဟောင်ကောင်မှာ ​ပထမဦးဆုံးအကြိမ် ​ကြက်ငှက်တုတ်ကွေးရောဂါ ​ကူးစက်ခံရမှုပဲဖြစ်ပါတယ်။

ဟောင်ကောင်က ​အသက် ​၆၅နှစ်အရွယ် ​အမျိုးသားတစ်ဦးဟာ ​အဆိုပါ ​ကြက်ငှက် ​တုတ်ကွေး ​ရောဂါ ​ကူးစက်ခံရစားနေပြီး ​စိုးရိမ်ရတဲ့ ​အခြေအနေမှာ ​ရှိတဲ့အကြောင်း ​ဟောင်ကောင် ​ကျန်းမာရေး ​ကာကွယ် ​စောင့်ရှောက်ရေးဌာနက ​တာဝန်ရှိသူတစ်ဦးက ​ဗုဒ္ဓဟူးနေ့ ​တုန်းကပြုလုပ်တဲ့ ​သတင်းစာရှင်းလင်းပွဲအတွင်း ​သတင်းထောက်တွေကို ​အတည်ပြု ​ပြောသွားခဲ့ပါတယ်။

အဆိုပါအမျိုးသားဟာ ​ပြီးခဲ့တဲ့ ​ဇန်န၀ါရီလ ​၃ရက်နေ့ကစပြီး ​ကိုယ်ပူတာတွေ၊ ​ချောင်းဆိုးတာတွေနဲ့ ​အသက်ရှုကြပ်တာတွေကို ​စတင်ခံစားနေရပြီး ​ဆေးကုသမှုကို ​ခံယူနေရတဲ့အကြောင်းနဲ့ ​အခုလော လောဆယ် ​အဲဒီအမျိုးသားကို ​အရေးပေါ်ဌာနမှာတင်ထားရတဲ့အကြောင်း ​အဆိုပါ ​ကျန်းမာရေး ကာကွယ်စောင့်ရှောက်ရေးဌာနက ​တာဝန်ရှိသူက ​ပြောပါတယ်။

ပြီးခဲ့တဲ့ ​တနင်္လာနေ့တုန်းကပဲ ​တရုတ်နိုင်ငံ ​တောင်ဖက်ပိုင်းမှာ ​H7N9 ​ကြက်ငှက်တုတ်ကွေး ​ရောဂါကြောင့် ​လူနာတစ်ဦးသေဆုံးခဲ့ပါတယ်။

H7N9 ​ကြက်ငှက်တုတ်ကွေးရောဂါဟာ ​ပြီးခဲ့တဲ့ ​၂၀၁၃ခုနှစ် ​ဖေဖော်ဝါရီလကစပြီးတော့ ​တရုတ်နိုင်ငံကနေ ​စတင်ပြန့်ပွားလာတာဖြစ်ပါတယ်။

ABC

No comments:

Post a Comment

My Blog List