ကိုယ့်ချစ်သူက ကိုယ့်အပေါ် အချိန်တိုင်းလိုလို
ဂရုစိုက်မှုလေးတွေပေးနေတတ်တဲ့အခါ …
စိုးရိမ်စိတ်လေးတွေရှိ နေပေးတဲ့အခါ သူ့အပေါ်
တန်ဖိုးထားပေးတတ်ဖို့မမေ့လိုက်ပါနဲ့
ကိုယ့်ချစ်သူက ကိုယ့်အပေါ် သဝန်တိုစိတ်လေး
တွေနဲ့ စိတ်ဆိုး...စိတ်ကောက်နေတတ်တဲ့အချိန်
တွေဆို ကိုယ်က သူ စိတ်ပြေသွားနိုင်မဲ့ စကားလေး
တစ်ခွန်းပြောပေးဖို့ ဝန်လေးမနေပါနဲ့
ကိုယ့်ချစ်သူက ကိုယ့်အပေါ် နားလည်မှုလေး
တွေနဲ့အတူ ခွင့်လွှတ်ပေးနေတတ်တယ်ဆိုတိုင်း
သူမကြိုက်ပါဘူးဆိုတဲ့ အရာတွေကို အကြိမ်ကြိမ်
လုပ်နေမိတဲ့သူ မဖြစ်မိပါစေနဲ့
ကိုယ့်ချစ်သူက ကိုယ့်အပေါ် သစ္စာရှိတဲ့ချစ်ခြင်းတွေ
ပေးအပ်ထားတဲ့အခါ ကိုယ့်ဘက်က စစ်မှန်တဲ့
နှလုံးသားတစ်စုံနဲ့ပြန်လှန်တန်ဖိုးထားပေးပါ....
သင့်အတွက်ဘဝမှာ ချစ်သူကောင်းဆိုတာ
အများကြီး ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး....
Khin Myo Aye
Poem
No comments:
Post a Comment