ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တွင်းက တောင်းစားကြတဲ့ ကလေးငယ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်တဲ့သူတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဆိုပါ ကြိုးကိုင်တဲ့သူတွေဟာ ကလေး ငယ်တွေကို နေ့စားအနေနဲ့ငှားရမ်းပြီးတော့ တောင်းစားခိုင်းတယ်လို့ ငှားရမ်းခံရတဲ့ ကလေး တချို့တွေကပြောပါတယ်။
တောင်ဒဂုံမြို့နယ်မှာနေတဲ့ နေ့စားအဌားဖြစ် လမ်းပေါ်တွေမှာ တောင်းစားနေတဲ့ကလေးငယ် တစ်ဦးရဲ့ ပြောပြချက်အရ အဲဒီလိုသူတို့ကိုဌားပြီး ခိုင်းစားတဲ့လူတွေဟာ မနက်ရှစ်နာရီလောက်ရင် သူတို့တွေကို ကားနဲ့လာခေါ်ကြောင်း၊ ပြီးတော့ နေရာတွေခွဲပြီး မြို့ထဲမှာချပေးတဲအကြောင်း၊ ကလေးငယ်တွေတောင်းလို့ ရသလောက် သူတို့ကိုအကုန်ပြန်ပေးရကြောင်း ပြောပါတယ်။
ပြီးတော့ သူတို့ကိုခိုင်းစားတဲ့အပေါ်မှာ တရက်ကို ကျပ်သုံးထောင်စီပေးကြောင်းနဲ့ တခါတလေမှာ တောင်းခံ ရတဲ့ငွေတွေနည်းရင် အဆူခံရတဲ့အကြောင်း နဲ့ ညကိုးနာရီလောက်ဆိုရင်ကလေးငယ်တွေနေ တဲ့နေရာကို ပြန်ပို့ပေးတဲ့အကြောင်း အဲကလေးငယ်က ဆက်ပြောပြပါတယ်။
ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မဖြူဖြူအောင် ကလည်း မနက်ဆိုရင် ဆိုင်ရှေ့မှာ ကလေးငါးယောက်လောက်ကို လူကြီးတစ်ယောက်က ဦးဆောင်ခေါ် လာပြီး၊ အဲ့ကလေး တွေကို နေရာချပေးပြီး ပိုက်ဆံတောင်းခိုင်းတဲ့အကြောင်း၊ နေ့လယ် တစ်နာရီ လောက်ဆိုရင်က လေးတွေ တောင်းလို့ရတဲ့ ပိုက်ဆံတွေကို တစ်ခေါက် လာရောက်သိမ်းယူ သွားတဲ့အကြောင်းနဲ့ ကလေးငယ်တွေတောင်းလို့ရတဲ့ ထမင်းဟင်းနဲ့ မုန့်တွေကိုပါ အကုန်သိမ်းယူသွား တယ်လို့ ဆိုပါတယ်။
ဒီလိုမျိုးကလေးငယ်တွေကို တောင်းရမ်းစားသောက်ခိုင်းတာဟာ ကလေးသူငယ် ဥပဒေပုဒ်မ၆၆(ဂ)အရ မိမိကိုယ်ကျိုး စီးပွားအတွက် ကလေးသူငယ်များအားတောင်းရမ်းခိုင်းခြင်း ဥပဒေပုဒ်မရ ပြစ်မှုထင်ရှား ရင်တော့ ထောင်ဒဏ်နှစ်နှစ် အထိဖြစ်စေ၊ငွေဒဏ်ကျပ်တစ်သောင်းဖြစ်စေ ထောင်ဒဏ် ငွေဒဏ်နှစ်ခု လုံးဖြစ်စေချမှတ်နိုင်တယ်လို့ ကလေးသူငယ်တွေအရေးကို လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ အထက်တန်းရှေ့နေ ဒေါ်အေးမင်းသန့်က ပြောတဲ့အကြောင်း မြစ်မခ သတင်းအရသိရပါတယ်။
ABC
No comments:
Post a Comment