Monday, January 06, 2014

သတ္တိရှိရှိ စီးပွားရေးလုပ်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း


Monday, January 6, 2014

လုပ်ငန်းရှင်များ စီးပွားရေး လုပ်ကိုင်ရာတွင် သတ္တိရှိရှိဖြင့် ရဲရဲတင်းတင်း လုပ်ကိုင်ကြရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် စီးပွားရေးအရှိန် မြင့်တက်လာမည် ဖြစ်သည့်အတွက် ယင်းကဲ့သို့ တိုက်တွန်းခြင်း ဖြစ်ပြီး အခွန်အခများကိုလည်း ဖြေလျှော့သင့်သည်များ ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ဦးဝင်းမြင့်က ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ပို့ကုန်၊ သွင်းကုန်လုပ်ငန်း လုပ်ကိုင်သည့် ပြည်တွင်း လုပ်ငန်းရှင်များ လိုအပ်သည့် အကူအညီများကို ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။“ကျွန်တော်က ပို့ကုန်၊ သွင်းကုန် လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အတွက် တတ်နိုင်သမျှ ကူညီ ပေးသွား ပါမယ်။ အခက်အခဲတွေရှိရင် အချိန်မရွေးပြောပါ” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများမှ ကျပ် ၁၈ ဘီလီယံကျော် ရရှိခဲ့ပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ်ထက် ပို့ကုန်မှာ ကျပ် ၄ ဘီလီယံခန့် မြင့်တက်လာကာ သွင်းကုန်မှာ ကျပ် ၁၀ ဘီလီယံကျော် ပိမိုမြင့်တက် လာကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List