Friday, January 10, 2014

မြောက်ကိုရီးယားတွင် ပါလီမန်ရွှေးကောက်ပွဲ ကျင်းပမည်



မြောက်ကိုရီးယားတွင် ခေါင်းဆောင်သစ် ကင်ဂျုံအန် အာဏာရယူပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ပါလီမန် အမတ်နေရာ ရွေးချယ်ပွဲကို ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ လက်တလောတွင် ကင်ဂျုံအန်သည် သူ၏ အာဏာအတွက်ဆိုလျှင် တစ်ချိန်က သူ့ကို လမ်းပြကူညီခဲ့သူ ဦးလေးဖြစ်သူကိုပင် ပြန်လည်သုတ်သင်သည်အထိ ပြင်းထန်းစွာ တုန့်ပြန်တတ်သူဟု နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုမြင် ထားကြသည်။

ပါလီမန်နေရာရွေးချယ်ပွဲကို မတ်လ ၉ရက်တွင် ပြုလုပ်မည်ဟု ရက်သတ်မှတ်ထားကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဇန်န၀ါရီ ရရက်က ကြေညာခဲ့သည်။ ၂၀၁၁ခုနှစ်က ဖခင်ဖြစ်သူ အင်ဂျုံအီသေဆုံးပြီးနောက်ပိုင်း အာဏာရယူထားသော သားဖြစ်သူ ကင်ဂျုံအန်ကဦးလေးဖြစ်သူကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် ကွပ်မျက်လိုက်ခြင်းသည် သူ၏ ဖခင်လက်ထက်က ကိုင်တွယ်ပုံထက်ပင် ပိုမို တင်းကြပ်လွန်းနေသည်ဟု သုံးသပ်ကြသည်။

တောင်ကိုရီးယားမှ ပုဂ္ဂလိက ဆီဂျောင်ပညာရေးအသင်းမှ လေ့လာသုံးသပ်သူ Cheong Seong-Chang က ကင်သည် ပါလီမန်တွင် သူ့ကို သစ္စာခံနိုင်သော ငယ်ရွယ်ထက်မြတ်သည့် လူငယ်များနှင့် အစားထိုးလို စိတ် ပေါ်နေပုံရသည်ဟု ခန့်မှန်းထားသည်။

မြောက်ကိုရီးယားအနေဖြင့်  ပါလီမန်ရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိသည်။ ယှဉ်ပြိုင်မည့် အမတ်လောင်း များမှာလည်း အာဏာရ အလုပ်သမားပါတီဝင်များသာ ဖြစ်ကြသည်။

Ref: AP
The Myanma Age

No comments:

Post a Comment

My Blog List