Friday, January 10, 2014

အီဂျစ် ဆန္ဒပြမှုမှာပါဝင်ခဲ့သူ ၁၀၀ကျော် ထောင်ဒဏ်ချမှတ်ခံရ



အီဂျစ်နိုင်ငံက ​မွတ်စလင် ​ညီနောင်များ ​ပါတီကို ​ထောက်ခံတဲ့သူ ​အယောက်ပေါင်း ​၁၀၀ ​ကျော်ကို ​ထောင်ဒဏ်ချ ​မှတ်လိုက်ပါတယ်။

အဆိုပါ ​ထောင်ဒဏ် ​ပေးခံရတဲ့သူတွေဟာ ​အမှုသုံးခုနဲ့ ​တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ ​အဲဒီအမှုတွေ ကတော့ ​ဆန္ဒပြမှုအတွင်းမှာ ​ရဲတွေကို ​ပြန်လည် ​တိုက်ခိုက်မှု၊ ​စုရုံးအုံကြွမှုနဲ့ ​လက်နက် ​ကိုင်ဆောင် ​အသုံးပြု
မှုတွေ ​ဖြစ်ပါတယ်။

အဲဒီထဲက ​၆၃ ​ယောက်လောက်ကိုတော့ ​ထောင်ဒဏ် ​သုံးနှစ်ချမှတ်လိုက်တယ်လို့ ​ဆိုပါတယ်။

အီဂျစ်နိုင်ငံ ​ကြားဖြတ်အစိုးရက ​မွတ်စလင် ​ညီနောင်များပါတီကို ​အကြမ်းဖက်သမားတွေလို့ ​သတ်မှတ် ထားပြီးတော့ ​အဆိုပါ ​ပါတီရဲ့ ​အဖွဲ့ဝင်တွေကိုလည်း ​ဖမ်းဆီး ​တရားစွဲဆိုမှုတွေ ​ပိုမို ​လုပ်ဆောင်လာတဲ့ ​အကြောင်း ​အေဘီစီ ​အရှေ့အလယ်ပိုင်း ​သတင်းထောက် ​Hayden ​Cooper ​က ​သတင်းပေးပို့
ထားပါတယ်။

ABC

No comments:

Post a Comment

My Blog List