Friday, January 10, 2014

ခိုလုံခွင့်ပေါ်လစီကြောင့် သြစီနဲ့အင်ဒို အငြင်းပွား



သြစတြေးလျနိုင်ငံ ​ခိုလုံခွင့်တောင်းခံသူတွေအပေါ် ​ချမှတ်ထားတဲ့ပေါ်လစီကို ​အင်ဒိုနီးရှား ​နိုင်ငံခြား ရေးဝန်ကြီးက ​ငြင်းဆိုလိုက်တာကို ​အင်ဒိုနီးရှား ​သမ္မတရုံးက ​ထောက်ခံကြောင်း ​ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ရက်ပိုင်းတွေကပဲ ​ခိုလုံခွင့်တောင်းခံသူတွေကို ​သယ်ဆောင်လာတဲ့ ​လှေနှစ်စင်းကို ​အင်ဒိုနီးရှား ​ကျွန်းတခုမှာ ​တွေ့ရှိခဲ့ရပြီး ​အဲဒီခိုလုံခွင့်တောင်းခံသူတွေဟာ ​သြစတြေးလျရေတပ်ကနေ ​အတင်း ​အဓမ္မ ​ပြန်တွန်းပို့ခဲ့တယ်လို့ ​လှေပေါ်ပါလာတဲ့ ​ခိုလုံခွင့်တောင်းခံသူတွေကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ​သြစတြေးလျအစိုးရဖက်က ​အတည်ပြုပြောကြားခဲ့ခြင်းမရှိသလို ​ငြင်းဆို ကြောင်းလည်း ​ထုတ်ဖော် ​ပြောဆိုခဲ့ခြင်း ​မရှိဘူးလို့ ​သိရပါတယ်။

ဒါပေမယ့် ​အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​ကတော့ ​ဒီလိုလုပ်ဆောင်တဲ့ ​ပေါ်လစီဟာ ​အကျိုးမရှိဘူးလို့ ​ဆိုပါတယ်။ ​အင်ဒိုနီးရှားသမ္မတ ​Susilo ​Bambang ​Yudhoyono ​ရဲ့ ​ပြောခွင့်ပုဂ္ဂိုလ် ကလည်း ​အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ​ပြောဆိုမှုကိုထောက်ခံခဲ့ပြီး ​ဒါဟာ ​သူတို့အစိုးရရဲ့ ​သဘော ထားရပ်တည်မှုကို ​ရှင်းရှင်းလင်းလင်း ​ထင်ဟပ်စေတယ်လို့ ​ပြောကြားလိုက်ပါတယ်။

သြစတြေးလျ ​အစိုးရဟာ ​နယ်စပ်ကာကွယ်ရေး ​မူဝါဒရေးရာနဲ့ပတ်သက်ပြီးတော့ ​လိမ်ညာမှုတွေရှိနေ တယ်လို့ ​သြစတြေးလျနိုင်ငံက ​နိုင်ငံရေးပါတီတခုဖြစ်တဲ့ ​ကရင်းပါတီက ​စွပ်စွဲပြောဆိုထားပါတယ်။

ABC

No comments:

Post a Comment

My Blog List