Thursday, January 09, 2014

ယောင်္ကျားလေးပုံစံ သဘောကျပြီး ယောင်္ကျားလေးဘက် သွားချင်နေ တယ်လို့ ဖွင့်ဟလိုက်တဲ့ ပန်းအိ



Super Model အဖွဲ့ဝင်တွေထဲမှာ ယောကျာ်းလေးဆန်တဲ့ အပြင်အဆင်၊ ဆင်မြန်းမှုတွေနဲ့ တစ်ခြား သူတွေနဲ့ မတူ ထူးခြားနေတဲ့ ပန်းအိဆိုတဲ့ ကောင်မလေးကို အားလုံး သတိထားမိမှာပါ။ ခုအခါ ဆံပင်ပုံစံပါ ပြောင်းလဲပစ်လိုက်တဲ့ ပန်းအိနဲ့ တွေ့ဆုံခိုက် ပြောဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ‘အရင်ကတည်းက ဆံပင်နဲ့ပတ်သတ်ရင် မရဘူး။ ဆံပင်ပုံစံနဲနဲ လေးရှည်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံမကျဘူးလို့ထင်ပြီး ပြောင်းတာက အမြဲလိုဖြစ်နေတာ။ စိတ်ထဲမှာဖြစ်နေတာကို အကောင်အထည် ဖော်လိုက်တာပေါ့။ 


အခုလက်ရှိမှာ ကိုယ့်စိတ်ထဲမှာက ယောင်္ကျားလေးပုံစံ ဖြစ်ချင်နေတာ။ အစက ယောင်္ကျားမကျ၊ မိန်းမမကျ၊ အခုကျတော့ ယောကျာ်းလေးပုံစံကို ဖြစ်ချင်နေတာဆိုတော့ အမေကလဲ သိပ်သဘောမကျဘူး။ မိန်းကလေးက မိန်းကလေးလိုပဲ နေရမယ်ပေါ့။ ဒါပေမဲ့ အခုကတော့ စိတ်ထဲရှိတဲ့အတိုင်း နေချင်တဲ့ အတွက်ကြောင့် ဆံပင်ရော၊ အ၀တ်အစားပိုင်းရော အကုန်လုံး ချိန်းလိုက်တာပါ။ ရှေ့လျှောက်ဒီဒီဇိုင်းအတိုင်းပဲ သွားဖို့များတယ်။ အရမ်းဖြစ်ချင်နေတာတွေကို လုပ်ချလိုက်တာပေါ့။’လို့ သူမက ပြောပါတယ်။

၂၀၁၄ ထဲမှာချပြသွားမယ့် Super Model ရဲ့ အနုပညာအလုပ်တွေနဲ့အဖွဲ့အကြောင်းကိုလည်း သူမက ‘၃လပိုင်းလောက်မှာ ညီမတို့အမ်တီဗီထွက်မယ။် ဟာသပါမယ်။ အကတွေပါမယ်။ နောက် အလွမ်းဒရမ်မာ ပုံစံလေးတွေပါမယ်။ ကိုယ့်ဟာကိုယ် သရုပ်ဆောင်တာတွေလဲရှိတယ်။ သီချင်းတစ်ပုဒ်ဆို မိန်းမပုံစံစစ်စစ်ကြီးကို သရုပ်ဆောင်ထားတယ်။ အဲဒီသီချင်းလေးက ငါ့တစ်ယောက်တည်းတဲ့။ Super Model ဒီအဖွဲ့ထဲမှာ ခေါင်းဆောင်တော့မရှိဘူး။ ဒါပေမဲ့အဖွဲ့ထဲမှာ ခေမာက အကြီးဆုံး အေးအေး ဆေးဆေးလဲဖြစ်တယ်ဆိုတော့ သူ့စကားက အရေးကြီးတယ်။ စုနန္ဒာက ကလေးဆန်တယ်။ ကိုယ်ကကျ တော့ စိတ်ဆတ်တယ်။ အဲဒီတော့ သူက လိုက်ထိန်းပေးရတာမျိုး ရှိတယ်’တဲ့။

ပြည်ပအဆိုတော်တွေထဲမှာ သူလေးစားအားကျတဲ့သူတွေအကြောင်းနဲ့ ပတ်သက်ပြီး ‘ကျန်တဲ့သူတွေက 2NE1ကြိုက်တယ။် ဒါပေမဲ့ ကိုယ်ကကျတော့ ယောင်္ကျားလးကိုပိုကြိုက်တယ။် ဆံပင်စတိုင်ကြိုက်တယ။် ဖက်ရှင်စတိုင်ကြိုက်တယ်။ လုပ်ချင်တာကို လုပ်လိုက်ရတာကိုကြိုက်တယ။် လုပ်ရဲတဲ့သူဆို ပိုကြိုက်တယ်။ အဖွဲ့ဆိုတော့ ၃ယောက်လုံးပြောင်းရင်တော့ ပိုကောင်းတာပေါ့နော်။ ဒါပေမဲ့လဲ ပြောင်းအောင်ကိုယ်က လိုက်မြူဆွယ်ရတာပေါ့။ တလောက စုနန္ဒာဆို ဆံပင်အနက်နဲ့ လုံးဝကို ကြည့်လို့မရဘူး။ အဲဒါနဲ့အနီပြောင်းခိုင်းလိုက်တယ်။ ကိုယ်တစ်ယောက်တည်း ပြောင်းတာထက်စာရင် သူတို့ပါ လိုက်ပြောင်း တော့ ကောင်းတာပေါ့’လို့ သူမက ပြောပါတယ်။

ပရိသတ်တွေ စိတ်ဝင်စားမယ့် သူမရဲ့ အချစ်ရေးကိုတော့ ‘ကိုယ်က ယောင်္ကျားဖက်ကို နည်းနည်းသွားချင် နေတာ။ အရင်ကတည်းက ကောင်မလေးချောချောလေးမြင်ရင် စတတ်တဲ့အကျင့်က ရှိတယ်။ အခုကိုယ်က
 ကောင်မလေးတစ်ယောက်ကို နည်းနည်း စိတ်ဝင်စားနေတယ်လို့ ပြောလို့ရတယ်။ ချစ်ဖို့ ကောင်းတာလေး ကလေးဆန်တဲ့ပုံလေးပေါ့။ ဒါပေမဲ့ စဉ်းစားနေရတယ်။ ကိုယ့်အလုပ်ကလဲ တခါတလေ အာရုံနောက်စရာတွေ ရှိတော့ အဆင်မပြေတာတွေလဲရှိတော့ နည်းနည်းလေးငြိမ်နေတာ။ အမေကလဲ မကြိုက်တော့လေ ဆင်ခြင်နေရတယ်’လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟသွားပါတယ်။

သရုပ်ဆောင်ပိုင်းပါ ကူးပြောင်းဖြစ်မလားလို့တီးခေါက်ကြည့်မိတဲ့အခါ ‘သရုပ်ဆောင်က တစ်ကားရိုက် ထားတယ်။ ပျော်ပြီးရင်းပျော်တဲ့။ အဆိုတော်တွေကြီးပဲသရုပ်ဆောင်ထားတာ။ မိုင်လေးပါတယ်။ အဲဒီထဲ မှာလဲ ကိုယ်က ဘောပြားပဲ။ မိုင်လေးကို လိုက်ကြိုက်တာ။ အဲဒီကားက တရားခံပေါ့။ အဲဒီကားရိုက်ပြီး အဲလိုဖြစ်သွားတာ။ အမေကတော့ ရိုက်လို့ပြောတယ်။ ဒါပေမဲ့ချိန်နေရတယ်ပေါ့။ အဆင်မပြေမှာစိုးလို့ပါ’လို့ သူမက ပြောပြခဲ့ပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List