Thursday, January 09, 2014

ဂွတ်ဒီဆင်ပါ့ခ်ကိုပြန်ဖို့ မိုရက်စ် တက္ကစီ ငှားနေပြီ

ဂွတ်ဒီဆင်ပါ့ခ်ကိုပြန်ဖို့ မိုရက်စ် တက္ကစီ ငှားနေပြီစပါးကို ပရီးမီးယားလိဂ်မှာ ရှုံးတယ်။ ဆွမ်ဆီးကို ရှုံးလို့ အက်ဖ်အေဖလား တတိယအဆင့်ကနေ ထွက်ရတယ်။ ကက်ပီတယ်ဝမ်းဖလား ဆီမီးဖိုင်နယ် ပ-ကျော့မှာ ဆန်းဒါးလန်းကို ထပ်ရှုံးပြန်တယ်။ (၇)ရက်အတွင်း ပရိသတ်တွေအသည်း(၃)ခါခွဲတဲ့ မန်ယူအကြောင်း သတင်းတော်တော် ထွက်ခဲ့သလို မိုရက်စ်ကို နည်းပြရာထူးက ထုတ်ပယ်မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
အခုတော့ မိုရက်စ်တစ်ယောက် ဂွတ်ဒီဆင်ပါ့ခ်ကို ပြန်ဖို့ အငှားကားတားနေပါပြီ။ ဒီပုံကို ဖန်တီးခဲ့တာက အင်္ဂလန်မီဒီယာတွေ မဟုတ်သလို မန်ယူ ပရိသတ်တွေလည်း မဟုတ်ခဲ့ပါဘူး။ ဆန်းဒါးလန်းကို မန်ယူရှုံးပြီး ခဏအကြာမှာ အာဆင်နယ်ကွင်းလယ်လူ ဖရင်းပေါင်က သူ့ရဲ့ instagram မှာ တင်ခဲ့တာပါ။

အသင်းဟောင်း အဲဗာတန်ကို ပြန်ဖို့ မိုရက်စ် တက္ကစီငှားနေတယ်ဆိုပြီး သရုပ်ဖော်ထားတဲ့ပုံကို like လုပ်သူ ၂၆၈၉ ရှိခဲ့ပေမယ့် ခဏအကြာမှာပဲ ပြန်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။

YoYarLay

No comments:

Post a Comment

My Blog List