Thursday, January 09, 2014

ဘိန်းစိုက်ပျိုးမြေ ၆၅၀၀ ဟတ်တာ နီးပါး အစိုးရ ဖျက်ဆီးခဲ့လို့ဆို



မြန်မာနိုင်ငံရဲ့ ​ဘိန်းစိုက်ပျိုးတဲ့ ​မြေ ​၆၅၀၀ ​ဟတ်တာ ​နီးပါး ​ဧကနဲ့ဆိုရင်တော့ ​၁၆၀၀၀ ​ဧကနည်းပါးကို ​၂၀၁၃ ​ခုနှစ် ​ဒီဇင်ဘာလ ​အတွင်းမှာ ​ဖျက်ဆီးခဲ့တယ်လို့ ​မြန်မာနိုင်ငံ ​မူးယစ်ဆေးဝါးတိုက်ဖျက်ရေးရဲ့ ​အဆိုအရ ​သိရပါတယ်။

၂၀၁၂ ​ခုနှစ် ​တခုလုံးနဲ့ ​ယှဉ်ကြည့်ရင်တော့ ​အခုဖျက်ဆီးလိုက်တဲ့ ​ပမာဏဟာ ​၄ ​ပုံ ​၁ ​ပုံရှိတယ်လို့ ​ဆိုပါ တယ်။

မူးယစ်ဆေးဝါး ​နဲ့ ​ပတ်သက်တဲ့ ​အမှုပေါင်း ​၄ ​ထောင်ကျော် ​နဲ့ ​ဆက်စပ်တဲ့ ​လူပေါင်း ​၆ ​ထောင်နီးပါးကို ​မြန်မာအစိုးရက ​အပြစ်ပေး ​အရေးယူခဲ့တယ်လို့ ​သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ​၂၀၁၃ ​ခုနှစ်အတွင်း ​ဘိန်းထုတ်လုပ်မှုဟာ ​တန်ချိန် ​၈၇၀ ​ရှိခဲ့ပြီး ​ဒါဟာ ​၂၀၁၂ ​ခုနှစ်နဲ့ ​ယှဉ်ကြည့်ရင် ​၂၆ ​ရာခိုင်နှုန်း ​ပိုများလာတာ ​ဖြစ်ပါတယ်။

ကမ္ဘာ့ဘိန်းဖြူ ​ထုတ်လုပ်မှုရဲ့ ​၁၇% ​ကို ​မြန်မာနိုင်ငံက ​လုပ်ဆောင်နေတာဖြစ် တယ်လို့ ​ကုလသမဂ္ဂ ​မူးယစ်ဆေးဝါးနဲ့ ​ပြစ်မှုဆိုင်ရာရုံး ​UNODC ​ကဆိုပါတယ်။

ဆင်းရဲတဲ့ ​လယ်သမားတွေဟာ ​တခြား ​စိုက်ပျိုးတဲ့ ​နည်းလမ်းနဲ့ ​အသက်ရှင်ဖို့ ​ခက်ခဲ့တာ ​အပြင် ​ခေတ်အဆက်ဆက် ​ဘိန်းစိုက်ပျိုးလာတဲ့ ​ဒေသတွေမှာ ​အခုနှစ်ပိုင်းတွေ ​အတွင်း ​ဖြစ်ပေါ်နေတဲ့ ​စီးပွားရေး ​အကျိုးသက်ရောက်မှုတွေ ​မခံစားရတာကြောင့် ​မြန်မာ ​အာဏာပိုင်တွေ ​အနေနဲ့ ​ဘိန်းစိုက်ပျိုးရေးကို ​အမြစ်ပြတ် ​မလုပ်နိုင်တဲ့ ​အကြောင်းရင်း ​တခု ​ဖြစ်တယ်လို့ ​UNODC ​က ​ဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List