အစာအိမ်အချဉ်ပေါက်တာထက် အစာအိပ်က ထုတ်တဲ့ အက်ဆစ် အကြောင်းကို အရင်သိထားဖို့ လိုပါတယ်။
ဝမ်းတွင်း အက်ဆစ် (Stomach Acid Strength) က တော်တော်ပျင်း ပါတယ်။ ဘယ်လောက်ထိ ပျင်းလဲဆို ဘရိတ်ဓားပါး ၂ချာင်း ၃ချောင်းလောက်ကို ယင်းအက်ဆစ်နဲ့တင် အသာလေး အရည်ပျော်စေနိုင် ပါတယ်။ အစာအိမ်မှာက ဆဲလ်များက သုံးလေးရက်အတွင်းကို အသစ် အသစ် ဖြစ်ပေါ်နေပြီး နေ့စဉ် စားသုံးတဲ့ အစာများကြောင့်လဲ ယင်းအက်ဆစ် က လူကိုဒုက္ခမပေးစေပါဘူး။
အကယ်၍ ၂၄ နာရီအတွင်း အစား လုံးဝမစာပဲ နေလိုက်ရင် အစာအိမ်က သိသိသာသာဒုက္ခပေးမှာ ဖြစ်ပါတယ်။ အဖြစ်များတာကတော့ အစာအိမ် အချဉ်ပေါက်ခြင်း ဖြစ်ပြီး ဝမ်းတွင်း အက်ဆစ်က အစာအိမ် သားကို တိုက်စား သွားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက်ကို သူ့အချိန်နဲ့ သူ ပုံမှန်စားသုံးဖို့ တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။
အစာအိမ်နဲ့ ဆက်စပ်ရောဂါမဖြစ်ဖို့ ကိုယ်စားသောက်တဲ့ အစားအစာနဲ့ အက်ဆစ်ဓာတ်က တိုက်ရိုက်ဆက်စပ်နေကြောင်း သိရပါတယ်။
--
Ref: medic-fact
YoYarLay

No comments:
Post a Comment