Monday, January 06, 2014

သမ္မတအရည်အချင်းသတ်မှတ်ချက် ၅၉(စ)ကို ပြင်ဆင်ပေးရန် ဆန္ဒပြတောင်းဆို



၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပါဝင်သောပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၅၉(ဃ)တို့အား ဖျတ်သိမ်း ပေးရန်အတွက် ဇန်န၀ါရီ ၃ ရက်နေ့၊ နံနက် ၁၀ နာရီခွဲခန့် က ရန်ကုန်မြို့မဟာဗန္ဓုလပန်းခြံ အနီးတွင် ဆန္ဒပြတောင်းဆိုမှုပြု လုပ်ခဲ့ကြသည်။

ပုဒ်မ ၅၉(စ)တွင် ပါဝင်သည့် သမ္မတအရည်အချင်းသတ်မှတ်ချက်များသည် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတားတစ်ခုဖြစ်နေသောကြောင့် အဆိုပါပုဒ်မကိုဖျက်သိမ်း ပေးရန်အတွက်
 ပြည်သူ ၃၀၀ ခန့် က ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ရင် နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေအကူအညီပေးမှု တွေအများကြီး ရှိတဲ့အတွက် တိုင်း ပြည်ဟာ ၁၀ နှစ်ကြိုးစားရမဲ့ နေရာမှာ ၂ နှစ်၊ ၃ နှစ်လောက်နဲ့ ချမ်းသာသွားမယ်။ အဲဒါကြောင့်မို့လဲ သူသမ္မတဖြစ်ရေးအတွက် ပြည်သူတွေကလိုလားနေပါတယ်”ဟု ဆန္ဒပြတောင်းဆို မှုတွင်ပါဝင် သူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးရည်မှန်းဆောင်ရွက်ချက်များမှာ အမေရိကန်နိုင်ငံကောင်း စားရေးအတွက် ဥရောပနိုင်ငံများ ကောင်းစားရေးအတွက် မဟုတ်ပဲ မြန်မာနိုင်ငံကောင်းစားရေးအတွက် 
 ဖြစ်သောကြောင့် အဆိုပါပုဒ်မကို ဖျက်သိမ်းသင့်ကြောင်း ယင်းက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဆန္ဒပြရာနေရာသို့ ရောက်ရှိလာသော လှည်းကူးမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးမင်းသိမ်းက “ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်ဖို့ အတွက်ဆိုရင် မြန်မာပြည်သူလူ ထုရဲ့ အသံကို အုပ်ချုပ်နေတဲ့ အစိုးရပဲဖြစ်ဖြစ်၊ လွှတ်တော်ပဲ ဖြစ်ဖြစ်၊ တရားစီရင်ရေးမဏ္ဍိုင်က ပဲဖြစ်ဖြစ် နားထောင်မှာပါ”ဟု ယင်း၏အမြင်အားသုံးသပ်ပြော ကြားသည်။       

 Hot News Journal

No comments:

Post a Comment

My Blog List