Tuesday, January 07, 2014

တစ်ကိုယ်တော် ဆန္ဒပြသဖြင့် ပုဒ်မ ၁၈ ဖြင့် အရေးယူခံရသူ ရဲစခန်းတွင် အဖမ်းခံ


တစ်ကိုယ်တော် ဆန္ဒပြသူ ဦးကျော်မိုးဇော်(ခ)ဦးသာချို

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့တွင် ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ပုဒ်မ ၁၈ ဖျက်သိမ်းရေး ၊ နေပြည်တော်ကောင်စီအား ရွေးချယ်ခံ ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းပေးရေးစသည့် အချက် များဖြင့် တစ်ကိုယ်တော် လမ်း လျှောက် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးကျော်မိုးဇော်(ခ) ဦးသာချို သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်း မနားရဲစခန်းသို့ ကိုယ်တိုင်လာ ရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

၎င်းအား ပျဉ်းမနားမြို့ နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ ၁၈ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ တွင် ၎င်းအား ပျဉ်းမနားရဲ စခန်းမှ အာမခံဆောင်ရွက် ပေးသွားမည်ဟုလည်း သိရသည်။

''ကျွန်တော့်ကို ပျဉ်းမနား ရဲစခန်းမှူးက အာမခံပေးတာပါ။ ပုဒ်မ ၁၈ကို အာမခံပေး လို့ရတယ်ဆိုပြီး ပေးတာပဲ။ ကျွန်တော်တော့ ဒီပုဒ်မတွေ ကို နားမလည်ဘူး။ အခုအခြေ အနေတော့ အာမခံပေးတယ် ပေါ့။ နောက်ဖြစ်လာမယ့် အခြေအနေကတော့ ပြောလို့မရဘူး။ ဖြစ်သမျှရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီးမှလုပ်တာ''ဟု ယင်း က ပြောသည်။

၎င်းအားအာမခံရရှိရေး ဆောင်ရွက်ပေးသူပျဉ်းမနား မြို့မှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က ''ပုဒ်မ၁၈က ဖမ်းလို့မရတဲ့ပုဒ်မ၊ ဥပဒေမှာက အထူးဥပဒေတွေမှာ သာမန်အားဖြင့် သုံးနှစ်အောက် ပြစ်ဒဏ် ပေးနိုင်တဲ့ အထူး ဥပဒေပေါ့။ အဲဒီအထူးဥပဒေ မှာဆိုရင် တစ်နှစ်အောက်ပြစ် ဒဏ်ပေးနိုင်တဲ့ ဥပဒေဆိုရင် အာမခံပေးကို ပေးရတယ်။ အဲဒီ တော့ ၄၉၆-ပုဒ်မဆိုင်ရာကျင့် ထုံးဥပဒေ ၄၉၆-ဘောင်ထဲ မှာဝင်တယ်။
 နောက်တစ်ခါ ဒီရာဇသတ်ကြီးမှာပါတဲ့ပြစ်မှု ဆိုင်ရာဥပဒေတွေမှာပါတဲ့ နောက်ဆက်တွဲ ဇယားအာမခံ ပေးလို့ရ တဲ့ ပုဒ်မဆိုရင် ၄၉၆-အရ ပေးကိုပေးရတယ်။ အဲဒီ လိုပုဒ်မတွေကို အာမခံမပေး ဘူးဆိုရင် တရားသူကြီးသည် ပင်လျှင်ထားလို့ မရဘူး။ ဥပမာ ဆိုပါတော့ တရားရုံးကို အာမခံပေးရတဲ့ ပုဒ်မနဲ့တရားရုံးက တရားစွဲဆိုတင်ခဲ့တယ်။ တရားသူကြီးကနေ အာမခံပေးမယ့် သူရှိလား။ ဟိုက မရှိဘူးဆိုရင် တရားသူကြီးက မရှိတဲ့အတွက် ချုပ်တယ်လို့လုပ်လို့ မရဘူး။ လုပ်ရင် အဲဒီတရားသူကြီးပင် လျှင် မတရားတားဆီးချုပ် နှောင်မှုနဲ့ အပစ်ပေးခံရတတ် တယ်။ အဲဒီတော့ ဒါမျိုးတွေ က အာမခံပေးမယ့်သူ မရှိဘူး ဆိုရင် ကိုယ်တိုင်ခံဝန်နဲ့ လွှတ် ပေးရတယ်။ ရုံးချိန်းမလာရင် ထပ်ပြီး အဲဒီအချိန်ကျမှ ခံဝန် ဖောက်
ဖျက်တယ်ဆိုရင် ဖမ်းပြီပေါ့။ ပထမအခေါက်ကို ကိုယ်တိုင်ခံဝန်နဲ့ လွှတ်ပေးရ တယ်''ဟု သတင်းထောက်များ အား ပြောကြားခဲ့သည်။

Yangon Media Group

No comments:

Post a Comment

My Blog List