ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရွေးကောက်ပွဲကာလအတွင်း ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကြားကပဲ သူမရဲ့ Awami ပါတီက အပြတ်အသတ် အနိုင်ရရှိသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ် ဟာဇီနာက ပြောကြား ခဲ့ပါတယ်။
ရွေးကောက်ပွဲ ကို အတိုက်အခံတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြသလို မဲပေးသူ အရေအတွက်ဟာလည်း နည်းပါးခဲ့ပြီး ရွေးကောက်ပွဲဟာလည်း အကြမ်းဖက်မှုတွေကြောင့် ဂုဏ်သိက္ခာ ညှိုးနွှမ်းခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ် နေရှင်နယ်လစ် အတိုက်အခံပါတီ ကတော့ အခုရွေးကောက်ပွဲရလဒ်ကို တရားမ၀င် ကြေငြာဖို့ တောင်းဆိုနေပါတယ်။
အဲဒီအတွက် ဒီကနေ့ကစပြီး ၄၈ နာရီ အထွေထွေ သပိတ် ဆင်နွှဲဖို့ ဆော်သြထားပါတယ်။
ABC
No comments:
Post a Comment