Monday, January 06, 2014

ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ မိတ်ကပ်အပြင်အဆင်



ကိုရီးယားနိုင်ငံက မိတ်ကပ်ပညာရှင်တွေရဲ့ ဖွင့်ဟချက်အရ အမျိုးသားအများစုဟာ fancy smoky make up လိမ်းထားတဲ့ အမျိုးသမီးတွေထက် ပေါ့ပေါ့ပါးပါးနဲ့ သဘာဝကျကျ မိတ်ကပ်လိမ်းတတ်တဲ့ အမျိုးသမီးတွေကိုသာ ပိုသဘောကျလေ့ရှိပါသတဲ့။ မိတ်ကပ်လုံးဝ မလိမ်းတာမျိုး မဟုတ်ဘဲ ပါးပါးလေး ပြင်ဆင်ထားတာမျိုးကို ပြောတာပါ။

ပထမဆုံး moisturizer ကောင်းကောင်းသုံးဖို့ လိုပါတယ်။ မျက်နှာအသားအရေ ၀င်းဝင်းလေး ဖြစ်နေဖို့ဆိုတာ moisturizer ကောင်းမှ အဆင်ပြေမှာပါ။ မိတ်ကပ်သား ရွေးချယ်ရာမှာလည်း ကိုယ့်အသားအရေက ခြောက်သွေ့တဲ့ အသားအရေလား၊ အဆီပြန်တဲ့ အသားအရေလား ဆိုတာ သိထားမှသာ ကိုယ့်အသားနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ကို ရွေးချယ်နိုင်မှာပါ။ 

ကိုယ့်အသားအရေက ခြောက်သွေ့တဲ့ အသားအရေဆိုရင်တော့  လိမ်းမယ့် ဖောင်ဒေးရှင်းကို facial oil လေးနည်းနည်း ရောလိမ်းဖို့ လိုအပ်ပါလိမ့်မယ်။ အိုင်းလိုင်နာကို အထူတွေ မဆွဲဘဲ အပါးလေးပဲဆွဲပါ။ ပြီးတဲ့အခါ ရွှေအိုရောင် အိုင်းရှဲဒိုးကို သုံးပြီး ကိုယ့်ကိုမြင်တဲ့သူတိုင်း ငေးသွားရအောင် မထူမပါး ခြယ်ပါ။ အတွင်းသားတွေ ဖြည့်ချင်တယ်ဆိုရင်လည်း ရွှေအိုရောင်ကိုပဲ သုံးလိုက်ပါ။ မျက်ခုံးမွှေးဆွဲတံကိုလည်း အညိုရင့်ရောင် သုံးစေချင်ပါတယ်။ ကိုယ့်ရဲ့သွင်ပြင်ဟာ မိန်းကလေးဆန်ပြီး ကြည့်လိုက်တာနဲ့ စွဲမက်စရာ ကောင်းနေမှာပါ။

နှုတ်ခမ်းနီကိုတော့ ပန်းရောင်အရင့်၊ ဒါမှမဟုတ် ကိုယ်ကြိုက်နှစ်သက်ရာ ဆိုးပါ။ ဒါဟာ ကိုရီးယားမှာ ထသွားထလာ ပြင်ဆင်တဲ့ မိတ်ကပ်စတိုင်လ်ပါပဲ။



Ref:herworldplus.com
Trend Myanmar 

No comments:

Post a Comment

My Blog List