အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄ ရက်တာ ချင်းပြည်နယ် ခရီးစဉ်အတွင်း ဒီကနေ့မှာတော့ တီးတိန်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ် ခရီးစဉ်အတွင်း မနေ့က တနင်္လာနေ့ ညနေပိုင်းမှာ စစ်ကိုင်းတိုင်း ကလေးမြို့ကို ရောက်ရှိသွားပြီးတော့ ဒေသခံ ပြည်သူတွေ၊ ရဟန်းသံဃာတွေနဲ့ အဖွဲ့ချုပ် ၀င်တွေ အများအပြား လာရောက် ကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့ကို လာရောက်ကြိုဆိုတဲ့ ပြည်သူတွေကို သူတည်းခိုတဲ့ တည်းခိုခန်း အရောက်မှာတော့ နုတ်ခွန်းဆက် စကားပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်ကိုင်းတိုင်း ဗဟိုကော်မတီအဖွဲ့ဝင်တွေနဲ့ အလုပ်အမှုဆောင်တွေ၊ စစ်ကိုင်း လူငယ် ညီလာခံ ကျင်းပရေးကော်မရှင်အဖွဲ့နဲ့ အဖွဲ့ချုပ်ရဲ့ ခရိုင်နဲ့မြို့နယ်က တာဝန်ရှိသူတွေကို တွေ့ဆုံ ခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ABC
No comments:
Post a Comment