Friday, January 10, 2014

မြောက်ကိုရီးယားခေါင်းဆောင်မွေးနေ့ နဲ့ အမေရိကန်ဧည့်သည်



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ မွေးနေ့မှာ အမေရိကန်ဘတ်စကက်ဘော အကျော်အမော် Dennis Rodman က ဟက်ပီဘတ်ဒေးသီချင်း ဆိုပေးခဲ့ပါတယ်။

မြောက်ခေါင်းဆောင်မွေးနေ့အတွက် ချစ်ကြည်ရေးဘတ်စ်ကက်ဘောကစားပွဲ သွားကျင်းပတာက သူ့ရဲ့ ဘတ်စကက်ဘောသံခင်းတမန်ခင်းကို အမေရိကန်မှာတော့ရူးမိုက်တဲ့အလုပ်၊ ရယ်စရာပျက်လုံးတခုလို သဘောထားခံရ၊ ဝေဖန်ခံနေရတာပါ။

မွေးနေ့ပွဲမှာ  Dennis Rodman က ကင်ဂျုံအန်း နဲ့ ဇနီး၊ ပြီးတော့ မြောက်ကိုရီးယားအရာရှိကြီးများ ၎င်းတို့ရဲ့ အိမ်ထောင်ဘက်များနဲ့အတူ ဘတ်စကက်ဘောပွဲကို အထူးတန်းကနေ အားပေးခဲ့ပါတယ်။

အဲဒီမှာ သူက မြောက်ခေါင်းဆောင်အတွက် မွေးနေ့ဆုတောင်းသီချင်း ဆိုခဲ့တာပါ။

မြောက်ကိုရီးယားက သူ့ကို အသုံးချနေပြီ လို့လည်း အများအပြားက ယူဆနေကြပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားလက်နက်နဲ့ တောင်ကိုရီးယား၊ အမေရိကတို့ကိုခြိမ်းခြောက်ခဲ့တဲ့နိုင်ငံပါ။ ပြီးခဲ့တဲ့လမှာတော့ မြောက်ခေါင်းဆောင် ကင်ဂျုံအန်က သူ့ဦးလေးတော်စပ်သူကို သေဒဏ် ပေးခဲ့ပါတယ်။

အခု မွေးနေ့ပွဲ ကျင်းပပေမယ့် မြောက်ကိုရီးယားအစိုးရက သူတို့ခေါင်းဆောင်လေး အသက်ဘယ် လောက်ရှိပြီဆိုတာကို ထုတ်မကြေညာပါ။ ၃ဝ ဝန်းကျင် ရှိပြီလို့ပဲ ခန့်မှန်းနေကြတာပါ။

သူ့ဆီသွားခဲ့တဲ့ Dennis Rodman က အသက် ၅၂ နှစ် ရှိပါပြီ။ သူခေါ်သွားတဲ့ ဘတ်စကက်ဘော သမားတွေကလည်း ၄၀ ကျော် ရှိကြပါပြီ။

ဒီခရီးစဉ်ကြောင့် အထီးကျန်ဆန်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြည်သူတွေနဲ့ ထိတွေ့မှု ရနိုင်မယ်လို့ သူတို့က ယူဆထားကြပေမယ့် အမေရိကန်မှာတော့ အပြင်းအထန် ဝေဖန်ခံနေရပါပြီ။

မွေးနေ့ဆုတောင်းသီချင်းကိုတော့  Dennis Rodman တယောက်ပဲ ဆိုတယ်၊ ဘတ်စကက်ဘော အသင်းမှာဝင်ကစားတဲ့အမေရိကန်တွေကတော့ မဆိုခဲ့ကြပါဘူးတဲ့။

ဒီအကြောင်းက နိုင်ငံတကာမှာတော့ ထိပ်တန်းသတင်း ဖြစ်နေပါတော့တယ်။

ဧရာဝတီblog

No comments:

Post a Comment

My Blog List