Thursday, January 09, 2014

စိတ်လည်းကျန်းမာ ခန္ဓာလည်းလှ ယောဂကျင့်စဉ်ကောင်းဂုဏ်အင်နဲ့ အနုပညာရှင်တို့အမြင်


အမျိုးသမီး အမျိုးသားတိုင်းအတွက် စိတ်ဓာတ်ကျန်းမာ၊ ကိုယ်ကျန်းမာရေးက အဓိကအရေးပါတဲ့အရာဖြစ်ပါတယ်။ ‘စိတ်ပျို ကိုယ်နု’ဆိုသလိုပဲ ယောက်ျားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့ကျင့်လိုက်စားခြင်းဟာ မရှိမဖြစ် လိုအပ်လှပါတယ်။ ဒါကြောင့် စိတ်လည်း တည်ငြိမ်စေပြီး ကိုယ်လည်းလှပကျန်း မာစေတဲ့ ယောဂကျင့်စဉ်ဆိုတဲ့ လူမှုဘဝကျန်းမာရေးဆိုင်ရာ လေ့ကျင့်ပြုစုနည်းကို အနုပညာရှင်တွေ၊ အလှအပ ပိုင်ဆိုင်လိုကြသူ ခေတ်သစ် အပျိုစင်တွေပါ လိုက်စားေ လ့ကျင့်လာကြတာ တွေ့ရပါတယ်။ ယောဂကျင့်စဉ်ရဲ့ ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု မှု တွေ အကြောင်း အနုပညာရှင်တွေနဲ့ အလှမယ်တို့ရဲ့အမြင် စကားသံတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
မိုးယုစံ-

“ကျန်းမာရေးလိုက်စားတာ တော့ သိပ် မရှိခဲ့ဘူး။ လူငယ်တော် တော်များများ ကလည်း ကျန်းမာရေး လိုက်စားမှုနည်း တယ်။ မြန်မာ ပြည်ကလူတွေက နိုင်ငံခြားကလိုမဟုတ်ဘူး လေ။ နိုင်ငံခြားသားတွေဆို မနက်တိုင်းပြေး တာတို့ ဘာတို့လုပ်တယ်။ ညီမလည်း ကျန်းမာ ရေးနဲ့ ပတ်သက်လို့ မလုပ်ဖြစ်ဘူး။ အလုပ် တွေကလည်း လုပ်ရတာ ဆက်နေတာ ဆိုတော့ လေ။ ယောဂကျင့်တာကို လည်း ကိုယ်မလုပ်ဖူး တော့ ခံစားမှုကို မသိပါဘူး။ ဒါပေမယ့် ယောဂ  လေ့ကျင့်ခန်းက စိတ်ဖိစီးမှုတွေကို တအား လျှော့ ချပေးတယ်။ ကျန်းမာရေးအတွက်ပါ ကောင်းတယ်လို့တော့ ကြားဖူးပါတယ်။ နောက် ဆိုရင်လည်း ညီမ ဒီယောဂကို လုပ်ဖြစ်တော့ မယ်လို့ထင်ပါတယ်။ အခု လောလော ဆယ် ထိတော့ မလုပ်နိုင် သေးဘူးဖြစ်နေတယ်။ ဒီ ယောဂကျင့်တယ်ဆိုတာကလည်း စိတ်တည်ငြိမ် အောင်လုပ်တာဆိုတော့ လူတိုင်း လုပ်သင့်ပါ တယ်။ တရားထိုင်တာ မျိုးနဲ့ နည်းနည်းနီးစပ် မယ်လို့ထင်တယ်။ အဓိက စိတ်တည်ငြိမ်မှု ကိုပေးတယ်လို့ထင်ပါတယ်”

ထားထက်ထက်-

“ယောဂကျင့်စဉ်ကို အိမ်မှာပဲ လုပ်ဖြစ်တယ်။ တစ်ခါ တလေကျရင် တော့ ဂျင်သွားဆော့ရင်း နဲ့လည်း လုပ်ဖြစ်တယ်။ အိမ်မှာဆိုရင်တော့ စာ အုပ် ဖတ်ပြီးတော့လုပ် တယ်   နောက်ပြီး အခွေ ကြည့်ပြီးတော့ ယောဂ ကျင့်ဖြစ်တယ်။ ယောဂ ကျင့် စဉ်ကစားတဲ့အခါမှာ စိတ်က ပေါ့ပါး လန်းဆန်း မှုရှိတယ်။ အကုန်လုံးလို့လည်း တစ်ခါနှစ်ခါ   လောက်တော့ စမ်းပြီး ကစားကြည့်စေချင်ပါ တယ်။ ခန္ဓာကိုယ်ကိုလည်း ပေါ့ပါးလန်း ဆန်း ပြီး နေလို့ထိုင်လို့ကောင်းတယ်။ စိတ်ဖိစည်းမှု တွေကို လည်း ပြေပျောက်စေ တယ်။  ညဘက် ဆိုရင်လည်း ထားထက်ထက်က ဘုရားရှိခိုး ရင်းနဲ့ တရားထိုင်တာမျိုးတွေ လည်း လုပ်တယ်။ စိတ်ကို တည်ငြိမ်စေတဲ့အတွက် တအားကို ကောင်းပါတယ်။ ညီမ ကတော့ နေ့စဉ်ပုံမှန် တော့ အချိန်ရရင် ရသလိုမျိုး လုပ်ဖြစ်ပါတယ်”

သဉ္ဇာနွယ်ဝင်း-

“ဒီယောဂကျင့်စဉ်က ပြောရ မယ်ဆိုရင် ခန္ဓာကိုယ်လည်းလှပစေတယ်။ စိတ် လည်း ငြိမ်စေတယ်။ ယောဂက ဘယ်လိုပဲ ပြောပြော အားကစား နည်းတစ်ခုလည်း ဖြစ်တယ် ဆိုတော့ လူတိုင်း လိုလို လိုက်စားသင့်တယ်လို့ ထင်ပါတယ်။ စိတ်ဖိစီးမှုတွေ ရှိတဲ့အခါမှာကစားလိုက်ရင် တအားကို စိတ်အပန်းကို ပြေစေပါတယ်။ သဉ္ဇာတို့အနုပညာ သမားတွေအတွက် ယောဂ ကျင့်စဉ်ကောင်း တစ်ခုပါပဲ။ ပေါ့ပေါ့ပါးပါး လည်း ဖြစ်တယ်။ ယောဂလုပ်ဖို့အတွက် ပစ္စည်းကလည်း ထွေထွေထူးထူးမလိုဘူး။ တအားကို အဆင်ပြေတယ်။ သဉ္ဇာကတော့ အားရင်အားသလို မျိုး ယောဂကျင့် ဖြစ်ပါတယ်။ တခြားသူတွေကိုလည်း အချိန်ရရင် ရသလို မျိုးလေး ယောဂကို ကျင့်စေချင်ပါတယ်”

ခင်ဝင့်ဝါ-

“ယောဂကတော့ အခုနောက် ပိုင်း ညအိပ်ခါနီး တိုင်းလေ့ကျင့်ဖြစ်တယ်။ ၁ဝမိနစ်ရရင် ၁ဝမိနစ်၊ ၅ မိနစ်ရရင် ၅ မိနစ်တော့လေ့ကျင့်ဖြစ်တယ်။တရားမှတ်တာတွေ၊ ဝင်လေ ထွက်လေမှတ်တာမျိုးတွေလည်းလုပ်ဖြစ်တယ်။ယောဂက စိတ် အနှောင့်အယှက်ဖြစ်တာတွေ၊ဒေါသဖြစ်တာတွေ အလိုလို ပြေသွား တယ်။စိတ်ကြည်လင်တယ်။ ရုပ် လည်းအကြည် ဓါတ်ရစေတယ်”

ဂုဏ်ရည်အေးကျော်-

“ယောဂကို တစ်ပတ်နှစ်ရက် လောက်တော့ လုပ်ဖြစ်တယ်။ယောဂလေ့ကျင့်တဲ့အတွက် ခန္ဓာကိုယ်ကပျော့ပျောင်း လာတယ်။ ဝင်သက်၊ ထွက်သက်မှတ်ရတာဆိုတော့ စိတ် လည်း တအားတည်ငြိမ်တယ်။တရားသဘောနဲ့လည်းဆိုင်တော့ တရား ထိုင်သလိုပဲ။နေလို့လည်း တအားကောင်းတယ်။ လေ့ကျင့်ခန်းလုပ် တာနဲ့မတူဘူး။အသားအရည် လည်း ပိုကြည်လာတယ်။ အား ကစားနည်းတစ်ခုလိုပဲလေ။ တခြားလေ့ကျင့်ခန်းပဲလုပ်လုပ်၊ ယောဂပဲကျင့်ကျင့် တစ်ခုခုလုပ်နေရင်တော့ ပိုပြီးကျန်းမာတယ်”

ခင်လပြည့်ဇော်-

“အပျင်းပြေ လေ့ကျင့်ခန်း လုပ်တာ ထက်စာရင် ဒီယောဂကျင့်စဉ်က အမျိုးသမီးအငယ်တွေအတွက်ရော၊ အသက်ကြီး ပိုင်းတွေအထိပါ တအားကိုသင့်တော်တဲ့အပြင် ပျော့ေ ပျာ့ပျောင်း ပျောင်းလေးလုပ်ရပေမယ့် ခန္ဓာကိုယ်မှာ အကျိုးသက်ရောက်မှု ကို ခံစားရတဲ့အတွက်လပြည့်ကတော့ ယောဂကျင့်စဉ်ကို တအား သဘောကျပါတယ်။အခုလပြည့် ရဲ့ အဖွားတွေဆိုရင် ဂျင်ကစား တာမျိုးကို လုံးဝမလုပ်နိုင်တော့ဘူး။ဒါပေမဲ့ ယောဂကျင့်မယ် ဆိုရင် ကျန်းမာရေးလည်းကောင်းတယ်။ လပြည့်က  ပုံမှန်တော့ မကစား   ဖြစ်ပါဘူး။ အိမ်မှာ အဖွားနဲ့ တစ်ခါတလေ လိုက်ပြီး ယောဂကျင့် ဖြစ်တယ်။ လူတိုင်းကိုလည်း အချိန်ရရင်ရသလိုလေး ယောဂ ကျင့်စေချင်ပါတယ်။ ခန္ဓာ ကိုယ်ကိုလည်း လှစေပြီး၊ စိတ်တည်ငြိမ် မှုကိုလည်း ရစေတဲ့အတွက် တအားကို အဆင်ပြေတဲ့ကျင့်စဉ် တစ်ခုပါပဲ”

အိန္ဒြာကျော်ဇင်-

“ယောဂကျင့်စဉ်ကအရင်တုန်းက လုပ်ဖြစ်ပါတယ်။အခုနောက်ပိုင်းတော့ သိပ် မလုပ် ဖြစ်ဘူး။ယောဂလုပ်တာ တအားကောင်း တယ်။အူဝဲကတော့ တအားကြိုက် တယ်။ stress တွေအတွက် တအားကောင်းတယ်။ တရား ထိုင်သလို မျိုးနဲ့သွားဆင်တယ်။ ခန္ဓာကိုယ် BodyBeauty  အတွက်လည်း ကောင်းတယ်။ စိတ်နဲ့ပတ်သက်ပြီး လည်း ကောင်းတယ်။ အူဝဲက တော့ တအား သဘောကျတယ်”

Popular Journal

No comments:

Post a Comment

My Blog List