Tuesday, January 07, 2014

၂၀၁၃ ခုနှစ်အတွင်း ရွှေတိဂုံ စေတီတော်သို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုနှုန်း စံချိန်တင် မြင့်တက်ခဲ့



ရွှေတိဂုံစေတီတော်သို့ ၂၀၁၃ ခုနှစ်အတွင်း လာရောက် ဖူးမြော်ကြသည့်နိုင်ငံခြားသား ဧည့်သည်နှုန်းမှာ ပြီးခဲ့သည့် နှစ်များထက် စံချိန်တင်မြင့်တက်ခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ရွှေတိဂုံစေတီတော်သို့ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်အတွင်း နိုင်ငံခြားသား ဧည့်သည် ၇၈၃၂၃ ဦး၊ ၂၀၀၉ ခုနှစ်အတွင်း ၁၁၃၅၂၉ ဦး၊ ၂၀၁၀ ခုနှစ်အတွင်း ၁၇၅၀၅၄ ဦး၊ ၂၀၁၁ ခုနှစ်အတွင်း ၂၂၅၃၈၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ၂၇၁၂၁၁ ဦးဖြင့် ၀င်ရောက်ဖူးမြော်ခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားသား ၀င်ရောက်ဖူးမြော်မှု နှုန်းမှာ ၄၀၀၈၅၂ ဦးဖြင့် စံချိန်တင် ၀င်ရောက်ခဲ့ကြောင်း သိရသည်။
“ရွှေတိဂုံစေတီတော်ကို နိုင်ငံခြားသားဧည့်သည် လာရောက်မှုက ဒီနှစ်ပိုပြီး များလာပါတယ်။ ကျွန်တော့်အထင်တော့ သိပ်မကြာမီမှာ ပြည်တွင်းဘုရားဖူး ဦးရေနဲ့ ဧည့်သည်နိုင်ငံခြားသား ၀င်ရောက်မှုဦးရေ ဘုရားပေါ်တက်ရောက်မှုက တန်းတူဖြစ်လာမှာပါ” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောကြားသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်သို့ ၀င်ရောက်ဖူးမြော်သည့် နိုင်ငံခြားသား ဧည့်သည်များအနက် ပြင်သစ်လူမျိုးများ လာရောက်မှုမှာ ပြီးခဲ့သည့် နှစ်များထက် မြင့်တက်လာခဲ့ပြီး တရုတ်လူမျိုးများ လာရောက်ဖူးမြော်မှုမှာ အနည်းငယ် လျော့ကျသွားကြောင်း သိရသည်။

၂၀၀၈ ခုနှစ်မှ စတင်ကာ ပြီးခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ရွှေတိဂုံစေတီတော်ပေါ်သို့ တက်ရောက်ဖူးမြော်သည့် နိုင်ငံခြားသားများထံမှ အလှူငွေ အမေရိကန်ဒေါ်လာ ၂၀၄၉၀၃၅ နှင့် FEC ၁၅၃၈၈၁၇ ရရှိခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

“မြန်မာနိုင်ငံက တံခါးဖွင့် စီးပွားရေးစနစ်ကို လက်ရှိမှာ ကျင့်သုံးနေပြီး ဒီမိုကရေစီကို ချီတက်လာတာ ဖြစ်တဲ့အတွက် အခုလို နိုင်ငံတကာမှ ဧည့်သည်များ ပိုမိုဝင်ရောက် လာရခြင်း ဖြစ်ပါတယ်” ဟု ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အပြင် ရွှေတိဂုံစေတီတော်သို့ အာရှဒေသနိုင်ငံများမှ နိုင်ငံခြားသား ဧည့်သည်များနှင့် နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက် ဖူးမြော်ကြကြောင်း သိရပြီး တစ်ရက်လျှင် ပျမ်းမျှတက်ရောက်သူဦးရေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List