Tuesday, January 07, 2014

ဗုဒ္ဓဖွားတော်မူရာ မြေမြတ်မဟာ၌ နိုင်ငံတကာမှ ဘုရားဖူးများဖြင့်စည်ကား



အိန်္ဒိယနိုင်ငံ၊ မြတ်ဗုဒ္ဓ၏ သံဝေဇနိယ ၄ ဌာန၊ အ၀ိဇဟိတ ၄ ဌာနတို့၌ ဗုဒ္ဓနှင့် ဗုဒ္ဓဓမ္မကို ကြည်ညိုပွားများ ကျင့်ကြံကျိုးကုတ်လျက်ရှိသော ကမ္ဘာအရပ်ရပ်မှ ဘုရားဖူးရဟန်းသံဃာပြည်သူများဖြင့် စည်ကားလျက် ရှိသည်။

အထူးသဖြင့်သိဒ္ဓတ္ထဂေါတမသည် သဗ္ဗညုတရွှေဉဏ်တော်ကို ရရှိတော်မူပြီး ဗုဒ္ဓအဖြစ်ကို ရောက်တော်မူခဲ့ သည့် ဗုဒ္ဓဂယာ ရှိ မဟာဗောဓိအရပ်တွင် တည်ထားကိုးကွယ်တော်မူခဲ့သည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိ စေတီတော် မြတ်နှင့် အဆိုပါစေတီတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များကို အိန်္ဒိယ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီး ယားနှင့် နီပေါနိုင်ငံတို့မှ ဘုရားဖူး သူတော်စင်များဖြင့် ကြက်ပျံမကျ စည်ကားလျက်ရှိသည်။

မြန်မာနိုင်ငံမှ ဗုဒ္ဓဂယာသို့ ဘုရားဖူးလာရောက်ကြသည့် ရဟန်းရှင်လူပြည်သူများ စိတ်လက်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ရန်အတွက် အိန်္ဒိယရောက် မြန်မာဘုန်းတော်ကြီးကျောင်းများမှ သံဃာတော် အရှင်မြတ်များ ကလည်း မြန်မာဘုရားဖူးများကို မိမိ ဆွေမျိုးရင်းခြာ ဒါကာရင်း၊ဆရာ ရင်းများပမာ နွေးထွေးစွာ ကြိုဆိုပြီး ဘုရားဖူးပြည်သူများကို  စားသောက်နေထိုင်တည်းခိုရေးကို လိုလေသေးမရှိအောင်ဖြည့်ဆည်း ပံ့ပိုးလျက် ရှိသည်။

သို့ပါသော်လည်း မြန်မာနိုင်ငံမှ အိန်္ဒိယရောက် ရဟန်းသံဃာများမှ တိုင်းခြားပြည်ခြား လူမျိုးမတူ ဘာသာ ကွဲပြား ယုံကြည်မှုမတူညီသည့် ပြည်ပနိုင်ငံ တစ်ခု၌ အစားအသောက်၊ အနေ အထိုင် လွန်စွာကြပ်တည်း
ဆင်းရဲ စွာဖြင့် ဗုဒ္ဓသာသနာအဓွန့်ရှည်စွာ တည့်တံ့ရေးအတွက် သာသနာ ပြုလုပ်ငန်းများကို ပင်ပန်းကြီးစွာ ဆောင်ရွက်လျက်ရှိသည်ကိုကြည် ညိုဖွယ်ဖူးတွေ့ကြရသည်။

ထိုသည်ကိုရည်၍ အိန်္ဒိယ ရောက် မြန်မာဘုန်းတော်ကြီးများအတွက် ကျောင်း၊ သင်္ကန်း၊ ဆွမ်းဆေး အလို့ငှာ ဤသတင်း ဂျာနယ်တိုက်မှ အယ်ဒီတာချုပ် ဒေါ်ဟေမာက အမေရိကန်ဒေါ် လာ ၁၀၀ တိတိကိုလည်း ကောင်း၊ ဦးဝေဖြိုးမင်း၊ ဦးကျော်စိန်နှင့် ကိုမျိုးဇော်တို့က အမေရိကန် ဒေါ်လာ ၁၀၀ ကိုလည်းကောင်း၊ အာရှနံနက်ခင်း ဗုဒ္ဓဂယာဘုရား ဖူးအဖွဲ့ဖြင့်ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Hot News Journal 

No comments:

Post a Comment

My Blog List