Monday, January 06, 2014

မိုးသီးဇွန်အမေရိကန်နိုင်ငံသားအဖြစ်သာရှိနေသေး



မိမိမူလကိုင်ဆောင်ခဲ့သော မြန်မာနိုင်ငံသားစီစစ်ရေးကတ်ပြား အားပြန်လည်ထုတ်ပေးပါကလာ မည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဖြစ်ဝင်ရောက်ရွေးချယ်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်းလူဘောင်သစ် ဒီမိုကရက်တစ်ပါတီအားထူထောင် ခဲ့သူမိုးသီးဇွန်ကHot News ဂျာ နယ်သို့ပြောသည်။     

ယင်းကဲ့သို့နိုင်ငံသားစီစစ်ရေး ကတ်ပြားအားပြန်လည်ရရှိစေရန် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနသို့တင်ပြထား ကြောင်းသိရသည်။

““ကျွန်တော့မှတ်ပုံတင်ကိုပြန် ထုတ်ပေးရင်တော့ ၂၀၁၅ ရွေး ကောက်ပွဲကိုဝင်ပြိုင်မှာပါ။ အဓိက တော့နိုင်ငံ ရေးအရရွေးကောက်ပွဲ ၀င်မယ်၊ ပြည်သူတွေရဲ့ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုဆက်လုပ်သွားချင်တယ်”” ဟု မိုးသီးဇွန် က ဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအား ၎င်းအနေဖြင့်ဝင်ရောက်အရွေးချယ် ခံနိုင်ရန်ကြိုတင်ပြင်ဆင်ထားကြောင်း  ၎င်းက ဆက်လက်ပြောသည်။

““ကံကောင်းရင်တော့ရမှာပေါ့ ကျွန်တော့်ရဲ့မှတ်ပုံတင်ထုတ်ပေး ဖို့ကအခြေခံအကျဆုံးပဲအဲတော့ မှပဲပါတီထောင်တာကိုဘာတို့ဆက် လုပ်လို့ရမှာ”” ဟု မိုးသီးဇွန်ကထပ် လောင်းပြောဆိုခဲ့သည်။     

လက်ရှိတွင် မိုးသီးဇွန်သည် အမေရိကန်နိုင်ငံသားအဖြစ်ခံယူ ထားပြီး ၂၀၀၈ ခုနှစ်အဖွဲ့အစည်း ပုံအခြေခံဥပဒေအခန်း(၄)ပုဒ်မ ၁၂၁ (င)တွင်ဖော်ပြချက်အရနိုင်ငံ ခြားအစိုးရ၏သစ္စာကိုခံယူထားသူ သည် ပြည်သူလွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက် ခွင့်မရှိကြောင်းသိရသည်။

““ဦးတို့အနေနဲ့ကတော့အခြား နိုင်ငံသားအဖြစ်ခံယူထားတဲ့သူကို ဘယ်လိုမှမှတ်ပုံတင်ပြန်ထုတ်ပေး လို့မရဘူး။ ဒီနိုင်ငံသားအဖြစ်နဲ့ပြန် လည်ခံယူမယ်ဆိုရင်သမ်္မတကသူ့ အမိန့်နဲ့မှတ်ပုံတင်ထုတ်ပေးပါလို့ ပြော
ရင်တော့လုပ်ပေးလို့ရပါတယ်”” ဟုလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ အင်အားဝန်ကြီးဌာနမှအကြီးတန်း အရာရှိတစ်ဦးကဆိုသည်။

မိုးသီးဇွန်သည် ၁၉၈၈ ခုနှစ် ကဖြစ်ပေါ်ခဲ့သော နိုင်ငံရေးလှုပ် ရှားမှုတွင်အဓိကအခန်းကဏ္ဍမှ  တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သည့် လူငယ်တစ်ဦးဖြစ်ပြီး ယင်းနောက် ပိုင်းတွင် ၎င်းသည် ABSDF  ကျောင်းသားတပ်မတော်၏ဥက္ကဋ္ဌ ရာထူးအားတာဝန်ယူခဲ့ကာ ပြည်ပ သို့ထွက်ခွာခဲ့ပြီးအမေရိကန်နိုင်ငံ သား
အဖြစ်နှင့်ခံယူခဲ့သည်။         

““တကယ်လိုချင်တယ်ဆိုရင်တော့ သမ္မတထံခွင့်တောင်းရပါတယ် အခြားနိုင်ငံသားအဖြစ်က နေလဲစွန့် လွတ်ရပါမယ်သူကိုင်သုံး နေတဲ့ Passport  တွေအားလုံးကိုလဲ သူနေထိုင်နေခဲ့တဲ့သံရုံးတွေကို တော့ပြန်ပေး
ရပါမယ်”” ဟု အစိုး ရအကြီးတန်းအရာရှိတစ်ဦးကပြော ဆိုခဲ့သည်။

Hot News Journal

No comments:

Post a Comment

My Blog List