Tuesday, January 07, 2014

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် လေဆိပ်အတွင်းဝင်၍ သတင်းထောက်များကို သတင်းယူခွင့်မပြု



ကလေးမြို့လေဆိပ်သို့ ကမ္ဘောဇလေကြောင်းဖြင့် ဆိုက်ရောက်လာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုကြစဉ် ကလေးမြို့ဌာနဆိုင်ရာများက သတင်းထောက်များကို လေဆိပ်အတွင်းဝင်ရောက်၍ သတင်းဓါတ်ပုံရိုက်ခွင့် ၊သတင်းယူခွင့် မပြုခဲ့ကြောင်းသိရသည်။

” လေဆိပ်အတွင်းဝင်ရောက်သတင်းယူခွင့်ပြုဖို့ လေဆိပ်မှာလုံခြုံရေးတာဝန်ယူထားတဲ့ ကလေးမြို့နယ်ရဲမှူးဆီ ခွင့်တောင်းတော့ ၀င်ခွင့်မပြုပါဘူး။ သူတို့ထုတ်ပေးထားတဲ့ လုံခြုံရေး ကတ်ရှိတဲ့သူသာ ၀င်ခွင့်ပြုတယ်လို့ပြောတယ်။ လုံခြုံရေးကတ်ရအောင် ဘယ်လို လုပ်ရမလဲမေးတော့လဲ ကတ်ကုန်သွားပြီ၊ ကြိုပြောမှရတယ်လို့ ပြောတယ်။သတင်းထုတ်ပြန်ထားခြင်းမရှိဘဲ ဘယ်လိုလုပ်ကြိုပြော ရမှာလဲဗျ။ ဒါ မီဒီယာကို ဖိနှိပ်တာပဲ ” ဟု နယ်တာဝန်ခံ သတင်းထောက် တစ်ဦးကပြောသည်။

” လုံခြုံရေးကြောင့်ပါ။ မင်းတို့ကိုအကြောင်းပြပြီး ဒိပြင်လူတွေဝင်မှာကြောင့်ပါ ” ဟု ကလေးမြို့နယ်ရဲမှူး ကဖြေရှင်းချက်ပေးခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်၏ ချင်းပြည်နယ်ခရီးစဉ်အတွက် သတင်းရယူနိုင်ရန် ရန်ကုန်မှဆင်းလာသည့် 7-Days၊ မဇ္ဈိမ၊ ကုမုဒြာ၊ RFA၊ BBC စသည့်သတင်းဌာများမှ သတင်းထောက်
များလည်း ရောက်ရှိနေပြီး လေဆိပ်အတွင်းသို့ဝင်ရောက်သတင်းယူခွင့်မရခဲ့ကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanmar age

No comments:

Post a Comment

My Blog List