Friday, January 10, 2014

လူတစ်ယောက်က သူ့ခံစားချက်နဲ့သူ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိ သင့်တယ်



စာရေးဆရာမ မစန္ဒီ (Artist) နှင့်တွေ့ဆုံခြင်း
==================================
ပန်းချီဆွဲခြင်းနှင့်စာရေးခြင်းကို ဝါသနာပါပြီး လက်မှုအနုပညာကို စိတ်ဝင်စားသော အချစ်ဝတ္ထု၊ ကဗျာ များကို နန်းမိုဟွမ်း ကလောင်အမည် ဖြင့်ရေးသားပြီး လက်မှုအနုပညာစာအုပ်နှင့်ပန်းချီဆွဲရာတွင် စန္ဒီ(ဗမအငျအ) ကလောင်ဖြင့်ရေးသားသော စာရေးဆရာမ မစန္ဒီ၏ သူ့ဘဝ၊ သူ့အနုပညာ နှင့်ပတ်သက်၍ မေးမြန်းခဲ့သည်များကိုကောက်နုတ်ဖော်ပြပေးလိုက်သည်။

လမင်း

စာအုပ်တွေရေးဖြစ်တဲ့ အကြောင်း ပြောပြပေးပါ။

စာရေးတာ ၂ဝဝ၁ ခုနှစ်က တည်းကပါ။ Face မဂ္ဂဇင်းမှာ အန်တီ ဒေါ်တူးတူးမြင့်သိန်းနဲ့ ပတ်သက်ပြီး တော်တော်များများ ဝင်ရေးဖြစ်တယ်။ နောက်ပိုင်းကျ တော့ Fashion မဂ္ဂဇင်းနဲ့ People မှာလဲရေးဖူးတယ်။ အဲဒါကတော့ အလှအပဆောင်းပါးတွေ များတာ ပေါ့။ နောက်ပိုင်းမှာ ဖုန်းရွှေ စာမူ လေးတွေရေးတော့ စာပေ လောက(၅)ကထုတ်ဝေသူ မနှင်း မြတ်သွယ်နဲ့တွေ့ပြီး အိမ်ထဲမှာနေ တဲ့မိန်းကလေးတွေအတွက် အသုံး ဝင်ပြီး အဆင်ပြေတဲ့၊ အပြင်လဲ ထွက်စရာမလိုဘဲ အလှပြင်လို့ လဲရ၊ လက်မှုပညာလေးတွေလဲ လုပ်လို့ရတဲ့ စာအုပ်မျိုးထုတ်ကြ မယ်ဆိုပြီး ဖုန်းရွှေစာအုပ်နောက် ပိုင်း လက်မှုပညာနဲ့ပတ်သက်တဲ့ စာအုပ်တွေ ဆက်တိုက်ထုတ်ဖြစ် တာပါ။ ပုတီးစေ့လေးတွေနဲ့ အိတ် လေးတွေထိုးရတဲ့ စာအုပ်လေးလဲ မကြာမီထွက်မှာပါ။ အဲ့ဒီစာအုပ် က ကိုယ်တိုင်လဲ ပိုက်ဆံရှာလို့ ရတယ်။ ကိုယ်တိုင်လဲ ထိုးပြီးသုံး လို့ရတယ်။ ကိုယ်တိုင်လဲ ဝါသနာ ပါပြီးလုပ်ဖြစ်တော့ အဲ့ဒါလေးတွေ ဘာသာပြန်ထားတဲ့ စာအုပ်လေး တွေရေးဖြစ်တာပါ။

ဘာသာပြန်တဲ့အခါ ဘယ်လိုပုံစံနဲ့ လုပ်ဖြစ်လဲ။
==========================
အများစုက ဘာသာပြန်တာ များတယ်။ ဟိုဘက်နိုင်ငံက ထုတ်တဲ့ စာအုပ်တွေရော၊ အွန်လိုင်းကရော ပေါ့။ ဒါပေမယ့် တချို့ရေးတဲ့ဟာ ကျတော့ ဖတ်ရသူတွေအတွက် လုပ်ကြည့်ဖို့ မလွယ်ဘူး။ အဲ့ ဒါကြောင့် အစ်မက ကိုယ်တိုင် လုပ်ကြည့်ဖူးတဲ့သူဆိုတော့ လုပ်ရ တာ ပိုလွယ်အောင် ပြင်ပြီးရေးထား တာမျိုးတော့ ရှိတာပေါ့။ ဖတ်လိုက် တာနဲ့ရှင်းပြီး လိုက်လုပ်ရတာလွယ် အောင်ပေါ့။

အစ်မအနေနဲ့ရှေ့ဆက်လုပ်သွား မယ့် အလုပ်နဲ့ပတ်သက်ပြီးပြောပြ ပေးပါ။
=====================================
တကယ်တော့ အစ်မက ပန်းချီ လိုင်းထဲကို အရင်ရောက်တာပါ။ ပန်းချီဆွဲနေရင်းနဲ့ စာရေးတာလဲ ဝါသနာပါလို့ နှစ်ခုလုံးအပြိုင် လုပ်ဖြစ်နေတာပေါ့။ ပန်းချီလဲဆွဲ နေတုန်းပဲ။ စာလဲဆက်ရေးဦးမှာ ပဲ။ ဒါပေမယ့် မနှင်းမြတ်သွယ်နဲ့ တိုင်ပင်ပြီးသူနဲ့အကြိုက်ချင်းတူတဲ့ပုံစံမျိုးတွေ ထုတ်ဖြစ်တယ်။ ပထမဆုံးလုံးချင်းကိုလဲ သူနဲ့ပဲထုတ် ဖြစ်တယ်။ ခြောက်အုပ်ရှိသွားပြီ။ အခုနောက်ထုတ်ဖို့လဲ ရေးနေတယ်။ တခြားရေးသားတာတွေလဲ အများ ကြီးပဲ။ သူ့အကြိုက်နဲ့ တိုက်ဆိုင် တာမျိုးတွေ ထုတ်ဖြစ်တာပေါ့။ သိမ်းထားတာတွေလဲရှိတယ်။ နောက်ပြီးတော့ ဆေးမြီးတိုပေါ့။ အဲ့ဒါကတော့ နေ့စဉ်သုံးတဲ့ဟာ တွေကနေ ဆေးအဖြစ်သုံးလို့ရတဲ့ ဟာတွေပေါ့။ လူအတွက်လဲဗဟု သုတရမယ်။ ဘေးထွက်ဆိုးကျိုးလဲ မရှိဘူး။ သိမ်းထားလို့ကောင်းမယ့် စာအုပ်မျိုးကို အဓိကထားတယ်။

စာရေးဆရာမ တစ်ယောက်အနေနဲ့ တကယ်လုပ်ချင်တဲ့ပုံစံက ဘာဖြစ် မလဲ။
====================================
အစ်မက အကုန်ဝါသနာပါတဲ့ သူဖြစ်နေတယ်။ ဒါပေမယ့် ပန်းချီ ဝါသနာပါတယ်။ အချစ်ဝတ္ထုလဲ ရေးတယ်။ ကဗျာလေးတွေလဲရေး တယ်။ အဲ့ဒါတွေကနည်းတာပေါ့ နော်။ နောက်ပြီး Fashion ပိုင်း ကျတော့လဲ အစ်မက အလှပြင် ရတာ ဝါသနာပါတော့ ကိုယ်တိုင် လဲ သွားတက်ထားဖူးတယ်လေ။ အဲ့ဒါကြောင့် မိတ်ကပ်ပိုင်းကိုလဲ ဘာသာပြန်တွေရေးဖြစ်တယ်။ အဲ့ဒါတွေကိုတော့ စာအုပ်တွေမှာ အခန်းဆက်တွေရေးပြီးပြီပေါ့။ ဒါပေမယ့် အစ်မနဲ့ နှင်းမြတ်သွယ် နှစ်ယောက်လုံးက ဘယ်လိုတွေလဲ ဆိုတော့ ဒီစာအုပ်က မိန်းကလေး ထုကို အကျိုးပြုတဲ့ စာအုပ်ဖြစ်ရ မယ်။ မိန်းကလေးထုကို အဓိက ထားတယ်။ အိမ်နေရင်း အပျင်းလဲ ပြေမယ်။ ဝင်ငွေရော၊ ဗဟုသုတ ရောရမယ်ပေါ့။ ဒါပေမယ့် ဖုန်းရွှေ ကျတော့ အောင်မြင်တာက ထူးထူး ဆန်းဆန်းအမျိုးသားတွေ စိတ်ဝင် စားတာတွေ့ရတယ်။ အဆောင် လာဘ်ကောင်းဆိုတာ မိန်းကလေး တွေသဘောကျမယ်ထင်တာ။ အစ်မဆီကို ဖုန်းဆက်ပြီး မေးတဲ့ ပရိသတ်တွေက အမျိုးသားတွေဖြစ် နေတယ်။ ဒီအရုပ်ကို ဘယ်လိုထား ရမလဲ။ ဒါက ဘာအကျိုးရှိမလဲပေါ့ သိချင်လို့မေးကြတာ အမျိုးသား တွေ ဖြစ်နေတယ်။

စာဖတ်ပရိသတ်အတွက် ဒီလိုစာအုပ် မျိုးကို
ဘယ်လိုစိတ်ကူးနဲ့ လုပ်ဖြစ် တာလဲ။
========================
လက်မှုပညာက အမျိုးသမီးထု အိမ်ထဲမှာနေတဲ့ မိန်းကလေးတွေ၊ အိမ်ရှင်မတွေ၊ ဒါမှမဟုတ် ကျောင်း သူလေးတွေ ကျောင်းပိတ်ထား တုန်း၊ နယ်ကမိန်းကလေးတွေ အပြင် အလုပ်မလုပ်ဖြစ်တဲ့သူအတွက် စီးပွားရေးလဲဖြစ်မယ်။ ကိုယ်တိုင် အလှပြင်ဖို့လဲ ဖက်ရှင်ကျကျ၊ စနစ် ကျကျဖြစ်ဖို့အတွက် စဉ်းစားပြီး လုပ်တယ်။ နိုင်ငံခြားမှာဆိုရင် ဒီလက်မှုပညာက မိန်းကလေးတင် မကဘူး။ ယောက်ျားလေးတွေပါ လုပ်တယ်လို့သိရတယ်။ အစ်မ သိသလောက် ဒီပုတီးစေ့လေးတွေ သီတာက တရားထိုင်သလိုပဲ။ စိတ်ကိုတည်ငြိမ်စေတယ်။ နိုင်ငံခြား မှာဆိုရင် ဒီလိုပစ္စည်းရတဲ့ သူတွေ က ဝမ်းသာကြတယ်။ တကယ်တော့ ဝယ်ဝတ်တဲ့ပစ္စည်းနဲ့ ကိုယ်တိုင်လုပ် တဲ့ ပစ္စည်းက မတူဘူး။ ဒါပေမယ့် ဖတ်တဲ့သူကို အကျိုးပြုမယ့်၊ ဗဟု သုတရမယ့်ဟာကို ပိုအားသန် တယ်။ အားလုံးကို တစ်ခုခုရစေချင် တဲ့ စိတ်ရှိတယ်။

အမျိုးသမီး၊ အမျိုးသားဆိုတဲ့အပေါ် အစ်မရဲ့ခံယူချက်ကိုပြောပြပေးပါ။
=============================
အမေက အစကတည်းက အိမ်မှာတန်းတူပဲ။ အစ်မက အစ်ကိုတွေ၊ မောင်တွေကြားထဲမှာ ဆိုတော့ မိန်းကလေးမို့လို့ဆိုပြီး အစ်မကိုချန်ထားတာကို လုံးဝ လက်မခံဘူး။ နောက်ပြီး သူငယ် ချင်းထဲမှာ မိန်းကလေးထက် ယောက်ျားလေးပိုများတယ်။ အစ်မ အတွက် အမျိုးသမီး၊ အမျိုးသား ဆိုတာမရှိဘူး။ လူဆိုတာပဲရှိတယ် လေ။ ယောက်ျားလေးနဲ့ မိန်းကလေး က အတူတူပဲ။ သူတို့နှစ်ခုက ညံ့တဲ့သူရှိသလို တော်တဲ့သူလဲ ရှိတယ်။ အကုန်လုံးက ကိုယ့်ဘဝ ကိုယ်ဖန်တီးရမယ်။ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရမှာပဲ။ ကိုယ်လျှောက် တဲ့လမ်းကို ကိုယ်ဖောက်သွားရမှာ ပဲ။ လူတစ်ယောက်က သူ့ခံစား ချက်နဲ့သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ရှိသင့် တယ်လို့ ထင်တယ်။

လူငယ်တွေအတွက် အကြံပေး စကားပြောပေးပါဦး။
=============================
တချို့လူငယ်တွေက ပိုက်ဆံ အရမ်းသုံးနိုင်တဲ့အခါ အရမ်းသုံး ပြီး ပျက်စီးသွားတာရှိသလို၊ မိဘ အထောက်အပံ့နဲ့ တက်လမ်းကို ကြိုးစားသွားနိုင်တဲ့ကလေးတွေလဲ တွေ့တယ်။ ကျောင်းကောင်းကောင်း မတက်နိုင်ပေမယ့် အရမ်းကြိုးစား ပြီးတော်သွားတဲ့ကလေးတွေလဲ အများကြီးပဲ။ အရွယ်ရောက်လာတဲ့ ကလေးမှာ မိဘရဲ့ပံ့ပိုးမှုက ၅ဝ ရာခိုင်နှုန်းပဲပါတော့တယ်။ ကိုယ် ကိုယ်တိုင်ဆုံးဖြတ်ချက်က အရေး ကြီးတယ်။ ဆုံးဖြတ်ချက်မမှား အောင် ကိုယ်တိုင်ပဲ ပြင်နိုင်မှာပါ။ အဲ့ဒီအတွက် စာဖတ်ရင်တော့ ဗဟုသုတပိုရတာပေါ့။ ဖတ်သင့် တဲ့ စာမျိုးကိုများများဖတ်၊ လေ့လာ နိုင်တဲ့ ပညာရေးကိုအချိန်ရှိတုန်း လေ့လာပါ။ ရနိုင်တဲ့အချိန်မှာ အကုန်ယူပါလို့ ပြောချင်ပါတယ်။

The Union Daily

No comments:

Post a Comment

My Blog List