Friday, January 10, 2014

ဥစ္စာလို ရန်ပြိုဖို့နဲ့ အိုင်ဒီယာကောင်း ရှိဖို့လို



စီးပွားရေးမှာ အောင်မြင်ဖို့ ဆိုတာ အိုင်ဒီယာက အဓိကကျပါတယ်။ တချို့လူတွေဟာ သူတို့ရဲ့ အိုင်ဒီယာ ကြောင့် ဘဝ တဆစ်ချိုး ပြောင်းသွားပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်သွားကြရတာပါ။ 

အခု ဓာတ်ပုံမှာ မြင်တွေ့ရတဲ့ ချောင်းငယ်တခု ဘေးက သင်္ဘောကြီးဟာ ရေကြောင်းထဲ တကယ်သွား လို့ရတဲ့ သင်္ဘောကြီးတော့ မဟုတ်ပါဘူး။ သင်္ဘောပုံသဏ္ဍန် ဟိုတယ်ကြီး တခုဖြစ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင် ကနေ ချင်းရှန်မြို့ က ကမ္ဘာလှည့် ခရီးသွားတွေ အလွန်စိတ်ဝင်းစားကြတဲ့ ရွှေတြိဂံသွား လမ်းမဘေးမှာ တွေ့ခဲ့ရတာပါ။ 

သင်္ဘောပုံသဏ္ဍန် ဟိုတယ်ကြီးဟာ အခုမှ တည်ဆောက်ပြီးဖို့ မွမ်းမံနေဆဲဖြစ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ သာယာ လှပမှုတွေ နဲ့ ချောင်းကလေး ဘေးတည်ရှိတဲ့အတွက် ရေလမ်းခရီးသွားနေရသလို ခံစားမှုတခုကို ပေးစွမ်းမယ့် သဘောတွေ့ရပါတယ်။ 

ထိုင်းနိုင်ငံဟာ ဝန်ဆောင်မှုနဲ့ စီးပွားကောင်းကောင်း ရှာတတ်တာဖြစ်လို့ အခု သင်္ဘော ဟိုတယ်ကြီး ပြီးသွားရင်လည်း ဝင် ငွေ ကောင်းကောင်းရမယ့် အနေအထားရှိတယ်။ 

အနီးပတ်ဝန်းကျင်မှာလည်း ကျန်းမာရေး အတွက် ဆေးရုံကို ကီလို မီတာ အနည်းငယ်သာ ဝေးကြောင်း၊ ဈေး ဝယ် စရာ ကုန်တိုက်နဲ့လည်း နီးကြောင်း ကြော်ငြာတချို့ကိုလည်း အဝေးက လှမ်း မြင်ရ ပါတယ်။ 

ကားမောင်းတဲ့ ထိုင်း ဒရိုင်ဘာရဲ့ အဆိုအရ ထိုင်းတွေဟာ စီးပွားဖြစ်ဖို့ ရန်သူ နည်းနိုင်သမျှ နည်းအောင် ကြိုးစားကြပါတယ် တဲ့။ ရန်များရင် စီးပွား မဖြစ်ဘူးလို့ သူက ဆိုလိုတာပါ။

သူ့စကားကြောင့် ကျမလည်း မြန်မာစကားပုံ တခုကို သတိရမိပါတယ်။ 

"ဥစ္စာလို ရန်ပြိုရမယ်" ဆိုတဲ့ စကားပါ။ 

တကယ်တော့ ဥစ္စာလိုရင် ရန်လည်း ပြိုရမှာ ဖြစ်သလို အိုင်ဒီယာကောင်းလည်း ရှိဖို့လိုအပ်တာကို တွေးမိရင်း ဒီပို့စ်လေး ရေးပြလိုက်တာပါ။ 

ဧရာဝတီblog

No comments:

Post a Comment

My Blog List