Thursday, January 09, 2014

ဗြိတိန်တွင် အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျပြီး အမှုထမ်း(၄)ဦးလုံး သေဆုံး




ဗြိတိန်နိုင်ငံတွင် အမေရိကန် စစ်ဘက်သုံး ရဟတ်ယာဉ်တစ်စင်း ပျက်ကျပြီး လိုက်ပါလာသူ အမှုထမ်း (၄)ဦးလုံး သေဆုံးသွားကြောင်း သိရှိရသည်။ Black Hawk ရဟတ်ယာဉ်ကို အဆင့်မြှင့်တင်ထားသည့် Pave Hawk အမျိုးအစား ရဟတ်ယာဉ်သည် ဆယ်ဖော့ခ်ရှိ ဗြိတိန် တော်ဝင်လေတပ် အခြေစိုက် စခန်းမှ ပျံတက်လာခြင်း ဖြစ်သည်။ 


ယင်းရဟတ်ယာဉ်သည် အနိမ့်ပျံ လေ့ကျင့်ခန်းများ ပြုလုပ်နေစဉ် အင်္ဂါနေ့ ညပိုင်းက ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ရဟဉ်သည် ကမ်းခြေအနီးတွင် ပျံသန်းလေ့ကျင့်ရန် ရည်ရွယ်ထားသော်လည်းကမ်းခြေနား မရောက်မီ ပျက်ကျသွားခြင်းဟု သတင်းများက ဆိုသည်။ ယခုအခါ ရတ်ယာဉ် ပျက်ကျသည့် နေရာနှင့် မီတာ(၄၀၀) အကွာအဝေးကို ရဲများက ပိတ်ဆို့ထားလိုက်ပြီ ဖြစ်သည်။

နော်ဖော့ရဲတပ်ဖွဲ့က ယင်းရဟတ်ယာဉ်ပေါ်တွင် စစ်လက်နက်များ သယ်ယူတပ်ဆင်ထားကြောင်း အတည်ပြုခဲ့သည်။ လက်ရှိတွင် ရဟတ်ယာဉ် ပျက်ကျသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးချေ။ ရဲတပ်ဖွဲ့ကမူ ငှက်တစ်ကောင်၏ နှောင့်ယှက်မှုမျိုးကြောင့် အင်ဂျင်ချွတ်ယွင်းသွားခြင်း ဖြစ်နိုင်ကြောင်း ကနဦး မှတ်ချက်ပြုထားသည်။ 

အမေရိကန် စစ်ဘက်အနေဖြင့်လည်း ယခုဖြစ်စဉ်တွင် ဗြိတိန်တို့နှင့် ပူးပေါင်း စုံစမ်းသွားမည် ဖြစ်သည်။ 

Pave Hawkများသည် တစ်စင်းလျှင် ပေါင်စတာလင် သန်း(၄၀)ကျော် တန်ဖိုးရှိသည့် အဆင့်မြင့် ဘက်စုံသုံး စစ်ရဟတ်ယာဉ်များ ဖြစ်သည်။ ရဟတ်ယာဉ် တစ်စင်းတွင် မောင်းနှင်သူနှစ်ဦး၊ ပျံသန်းမှုဆိုင်ရာ အင်ဂျင်နီယာ တစ်ဦးနှင့် စက်သေနတ်ပစ်သူ တစ်ဦးတို့ ပုံမှန်လိုက်ပါ တာဝန်ထမ်းဆောင်လေ့ ရှိကြောင်းလည်း သိရှိရသည်။ 

Planet Myanmar Network

No comments:

Post a Comment

My Blog List