Tuesday, January 07, 2014

ဇန်နဝါရီ ၁၉ ရက်နေ့မှာ ၁၄နှစ်ပြည့်မယ့် အကယ်ဒမီ ဆုရှင် ယွန်းယွန်း




မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ “တိမ်မင်းသမီး ရဲ့ဒဏ္ဍာရီ” ဇာတ်ကားနဲ့ အထူးဆုကို ရရှိ ပိုင်ဆိုင်ခဲ့တဲ့ ကလေး သရုပ်ဆောင် ယွန်းယွန်းကို အကယ်ဒမီ ဆုရရှိတဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့ သူ့ရဲ့ခံစားချက်တွေကို မေးကြည့် တော့ “သမီး ဒီလို အခြေ အနေလေးကို တအားမျှော်လင့် တောင့်တခဲ့တာပါ။ တကယ်တမ်း ရောက်လာတော့ သမီး ထင်တာထက် အဆပေါင်းများစွာသာတဲ့ ပျော်ရွှင်မှု၊ ရင်ခုန်မှုတွေကို ခံစားရ ပါတယ်။ 


သမီး ဒီအခြေအနေလေးတွေ ကို တအား ကြိုက်ပါတယ်။ အချိန်တွေကို တအား ဆွဲဆန့်ထားချင်တယ်။ ဆု မကြေညာခင်မှာ နှစ်ယောက်ထဲ က တစ်ယောက် ရသွားရင် တစ်ယောက် ကတော့ နစ်နာ သွားမှာပဲ နော် ဆိုတဲ့ စိတ်အပြင်း အထန် ခံစားခဲ့ ရတယ်။ အခု သမီးရလိုက်တဲ့ အတွက် ပျော်သလို၊ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါတယ်” လို့ ပြောပါတယ်။ အကယ်ဒမီဆု ရရှိပြီးနောက်ပိုင်းမှာ ရှေ့ဆက်လျှောက် လမ်းမယ့် သူ့ရဲ့ အနုပညာ လမ်းကြောင်း နဲ့ ပတ် သက်ပြီး ယွန်းယွန်းက..

“သမီး ပိုပြီးတော့ တာဝန် ကြီးသွားပါပြီ။ သမီးရဲ့ လုပ်ရပ်တွေ အကုန်လုံးကို ဖေဖေတို့၊ မေမေတို့၊ သမီးအတွက် စံပြပုဂ္ဂိုလ်တွေနဲ့ တိုင်ပင်ညှိနှိုင်း ပြီးတော့မှ သမီးရဲ့ လုပ်ရပ်တွေ အကုန်လုံးကို ထိန်းထိန်း သိမ်းသိမ်း နဲ့ အကောင်းဘက်ကို ဦးတည်ဖို့ ကြိုးစားသွားပါ့မယ်” လို့ ပြောပါတယ်။ ယွန်းယွန်းက အကယ်ဒမီ ဆု ရရင် ဘာလုပ်မယ်ဆိုတာမျိုး မမျှော်မှန်းခဲ့ဘဲ ကျေးဇူးတင် စကားကလည်း စိတ်ထဲမှာ စီထားရုံ သက်သက်ပဲ ရှိခဲ့တာဖြစ်ပြီး တကယ့်တကယ်ပြောလိုက်တဲ့အချိန်မှာ ကျန်ခဲ့တာတွေ ဖြစ်မှာ ကြောက်မိကာ အကောင်းဆုံး ဖြစ်အောင် ပြောခဲ့တဲ့အပေါ် အားလုံးက နားလည် ပေးစေချင်တယ် လို့ ပြောပါတယ်။ ယွန်းယွန်းက ဇန်နဝါ ရီ ၁၉ ရက်နေ့ မှာ အသက် ၁၄နှစ် ပြည့်မှာ ဖြစ်ပြီး မွေးနေ့မှာ လှူဒါန်းဖို့ ရည်ရွယ် ထားတဲ့ နေရာတွေမှာ သွားရောက် လှူဒါန်း သွားဖို့ စီစဉ် ထားတယ်လို့ပြောပါတယ်။ ဒီ အကယ်ဒမီ ဆုကို လက်ခံ ရရှိတာက ပရိသတ်တွေ ရဲ့ ရာခိုင်နှုန်း အများကြီး ပါတယ်လို့ ယုံကြည်ပြီး အချိန်ကြာ အကြီး မျှော်လင့် ရင်ခုန် ဆုတောင်းပေး ခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်မိကြောင်း ယွန်းယွန်း က ပြောပါတယ်။

ခိုင်ဝေလွင်
popular myanmar

No comments:

Post a Comment

My Blog List