Monday, January 06, 2014

ပင်းဟဲကျေးရွာလယ်မြေမဆုံးရှုံးအောင်ချောင်းချောက်အားထပ်မံတိုးချဲ့ရန် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှစစ်ဆေး



မိုးညှင်းမြို့နယ် ပင်းဟဲကျေးရွာအုပ်စု အနောက်ဘက်ရှိ ချောင်းချောက်ချောင်းသည် ယခင်မိုးတွင်း ကာလများ၌ တောင်ရေကျသဖြင့်ပြိုကျပြီးကျောက်ခဲ၊ သဲနှုန်းများ လယ်ယာများကို ဖုန်းလွမ်းကာ လယ်၄၅ ဧက ပျက်စီးခဲ့သည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်တင်အောင်တင်မှ လွှတ်တော် တွင်တင်ပြခဲ့သောကြောင့် ပြန်လည်တူးဖော်ခွင့် ရရှိခဲ့ကြောင်း ဒေသခံ လယ်သမားများထံမှ သိရသည်။

မိုးတွင်းကာလတွင် လယ်ဧက ၇၀၀ခန့် ပျက်စီးနိုင်သည့် အခြေအနေရှိသဖြင့် ပြည်ထောင်စုလွှတ်တော်၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေမှ ကျပ်သိန်း၉၀၀ကျော် ခွင့်ပြုပေးခဲ့ကြောင်း လွှတ်တော်ရုံးမှ သိရသည်။ 

ပင်းဟဲကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ၎င်းချောင်းချောက်အား အသစ်တူးဖေါ်ရန် အကျယ်ပေ၄၀၊ အနက်၈ပေမှ ၁၀ပေ၊ အရှည်ပေ ၁သောင်းထိ တူးဖော်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်တင်အောင်၊ မိုးညှင်းခရိုင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် အဖွဲ့၊ မြို့နယ်ပြည်ခိုင်ဖြိုး တာဝန်ခံများ၊ ပင်းဟဲကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဆွေးနွေးညှိနှိုင်းပြီး ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ပင်းဟဲကျေးရွာမှ သိရသည်။


သီဟအောင်(ကချင်)
The Myanma Age

No comments:

Post a Comment

My Blog List