တရုတ်နိုင်ငံက လူသွားလူလာများတဲ့နေရာတွေမှာ ဆေးလိပ်သောက်ခွင့်ပိတ်ပင် တားမြစ်သွားတော့မှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ဒီ ၂၀၁၄ခုနှစ်အတွင်းမှာ လူတွေကြားက ဆေးလိပ်သောက်မှုကို စတင်ပိတ်ပင်မှာ ဖြစ်ပါတယ်။
ဒီဆေးလိပ်သောက်ခွင့် ပိတ်ပင် တားမြစ်တဲ့ လုပ်ဆောင်မှုဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်ဆောင်မှာ ဖြစ်သလို ဒီနှစ် ၂၀၁၄ခုနှစ် အတွင်းမှာ စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ် အမျိုးသား ကျန်းမာရေးနဲ့ မိသားစုစီမံကိန်း ကော်မရှင်အဖွဲ့ရဲ့ အဆိုအရ ဆေးလိပ်သောက်သုံးမှု နဲ့ပတ်သက်ပြီးတော့ ပိုမို ပြင်းထန်တဲ့ ဥပဒေတွေ ချမှတ်နိုင်ဖို့အတွက် ဥပဒေပြုသူတွေကို တွန်းအားပေးသွား
မယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သုံးသူဦးရေ သန်း ၃၀၀ လောက်ရှိပြီးတော့ ကမ္ဘာ့အကြီးမားဆုံး ဆေးလိပ် ဈေးကွက်တခုလည်းဖြစ်ပါတယ်။
ABC
No comments:
Post a Comment