Friday, January 10, 2014

H5N1 ရောဂါကြောင့် ကနေဒါမှာ လူသေဆုံးမှုရှိ


မြောက်အမေရိကတိုက်မှာ ​H5N1 ​ကြက်ငှက်တုတ်ကွေးရောဂါ ​ကူးစက်ပြန့်ပွားနေပြီး ​ပထမဦးဆုံး အကြိမ်အဖြစ် ​လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ​ကနေဒါနိုင်ငံက ​ကျန်းမာရေးတာဝန်ရှိသူတွေက ​အတည်ပြု ​ပြောကြားလိုက်ပါတယ်။

အဲဒီသေဆုံးသွားခဲ့တဲ့သူတွေဟာ ​တရုတ်နိုင်ငံ ​ဘေကျင်းမြို့ကနေ ​ကနေဒါနိုင်ငံကို ​အပြန် ​လေယဉ်ပေါ် ​ရှိနေတဲ့အချိန် ​လမ်းခုလပ်မှာပဲ ​စပြီး ​နေမကောင်းဖြစ်တယ်လို့ ​ဆိုပါတယ်။ ​သူတို့တွေကို ​ကနေဒါနိုင်ငံ ​Alberta ​ပြည်နယ်မှာ ​ဆေးရုံတင်ခဲ့ပြီးတော့ ​ပြီးခဲ့ ​သောကြာနေ့ကပဲ ​သေဆုံးသွားခဲ့ကြပါတယ်။

မိသားစုတွေရဲ့ ​သီးသန့်ကိုယ်ရေးအချက်အလက်ကြောင့် ​H5N1 ​ကြက်ငှက်တုတ်ကွေးရောဂါနဲ့ ​သေဆုံးသွားခဲ့သူတွေရဲ့ ​အသက်နဲ့ ​ဘယ်သူဘယ်ဝါတွေ ​ဖြစ်တယ်ဆိုကိုတော့ ​ကနေဒါက ​ကျန်းမာရေး ​တာဝန်ရှိသူတွေက ​ဖော်ပြထားခြင်းမရှိဘူး ​လို့သိရပါတယ်။

ကနေဒါနိုင်ငံက ​ကျန်းမာရေးတာဝန်ရှိသူတွေဟာ ​အဆိုပါသေဆုံးသွားခဲ့တဲ့ ​သူတွေဟာ ​ဘယ်လိုမျိုး ​ရောဂါကူးစက်ခံခဲ့ရသလဲဆိုတာကို ​တရုတ်အာဏာပိုင်တွေနဲ့ ​ဆက်သွယ်ထားတယ်လို့ ​ဆိုပါတယ်။

ABC

No comments:

Post a Comment

My Blog List