Monday, January 06, 2014

ဘ၀မှာ နေတတ်ဖို့ပဲ လိုတာပါလို့ ဆိုလိုက်တဲ့ အိန္ဒြာကျော်ဇင်



မကြာသေးခင်ကမှ ခင်ပွန်းဖြစ်သူရဲ့ထပ်ဆင့်အကယ်ဒမီနဲ့ပတ်သတ်လို့ သူရတာထက်တောင် ပိုပျော်ပါတယ်လို့ ဖွင့်ဟထားတဲ့ အူဝဲကို တိုတိုထွာထွာမေးခွန်းတွေနဲ့ ထိတွေ့ဖြစ်ခဲ့တဲ့ အခါမှာတော့ ‘အခုဒီကြားထဲမှာ ကားရိုက်မရှိဘူး။ ကြော်ငြာလေးတွေ ပိုစတာလေးတွေ ရိုက်ဖြစ်တယ်။ ကားရိုက်ကတော့ တစ်လတစ်ကားပဲရိုက်တဲ့အတွက် ဖြေးဖြေးနဲ့မှန်မှန်လေး သွားဖြစ်တယ်။ အစ်မ အရင်လောက်ကို ဇာတ်ကားတွေ လက်မခံဖြစ်တော့ဘူး။ မရိုက်ဖြစ်တော့ဘူး။ ဘာလို့လဲဆိုတော့ သမီးလေးအတွက်ကို အချိန်အများကြီးပေးချင်လို့ပါ။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ မိသားစုဘ၀လေးကိုတော့ အရမ်းကို ကျေနပ်ပါတယ်။ 


ကိုယ်ကတော့ အရမ်းကြီးမျှော်လင့်ပြီး မျှော်မှန်းတတ်တဲ့သူတစ်ယောက်မဟုတ်ဘူး။ တော်ရုံတန်ရုံ လောက်နဲ့လဲနေတတ်တယ်လေ။ အဓိကကတော့ ဘ၀မှာနေတတ်ဖို့ပဲလိုတာပါ။’လို့ သူမက ကားရိုက်တွေ စီစစ်ပြီး လက်ခံဖြစ်တဲ့ အကြောင်း ပြောပြပါတယ်။

ခင်ပွန်းဖြစ်သူအတွက် သူမဘက်က ပါရမီဖြည့်ဖက်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားပုံ၊ မိသားစုအတွက် အချိန်ပေးပုံတွေကိုလည်း သူမက ‘ဘေးကနေတော့ သူလိုအပ်သမျှ လိုက်ပံ့ပိုးပေးတယ်။ ကိုယ်တိုင်ကလဲ အနုပညာအလုပ် လုပ်နေရတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုကို အပြည့်အ၀ရှိတယ်။ ဒီအလုပ်ကလဲ စိတ်နဲ့လုပ်ရတဲ့အလုပ် ဖြစ်တဲ့အတွက် အရမ်းလဲပင်ပန်းတယ်။ အဲဒီတော့သူအတွက် သူလိုအပ်သမျှကို ကိုယ်က လိုက်လုပ်ပေးတယ်။ ပြီးတော့ အနုပညာရှင်ဖြစ်တဲ့ အတွက် မိသားစုနဲ့နေရတဲ့အချိန်ကတော့ နည်းတာပေါ့နော။် ဒါပေမဲ့ ကိုယ်ကလဲ နားလည်တယ်။ သူကလဲ ကားရိုက်မရှိတဲ့နေ့ဆို အိမ်မှာပဲ သမီးလေးနဲ့နေပေးပါတယ်။ ကိုယ်တွေကိုယ်တိုင်ကလဲ ရရှိထားတဲ့ မိသားစုဘ၀လေးကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတယ်။ အကောင်းဆုံး ဖြစ်အောင်နေတယ်။ ဒုတိယရင်သွေးလေးကတော့ မရသေးပါဘူး။ အဲဒါက ကံပေါ်မှာလဲမူတည်သေးတယ်။ မရခဲ့ရင်လဲ ဘာမှမဖြစ်ဘူး။ ရခဲ့ရင်လဲကောင်းပါတယ်’တဲ့။

ကလေးနဲ့ပတ်သတ်ပြီး ကြော်ငြာရိုက်လေ့ မရှိတဲ့ အကြောင်းအရာမေးကြည့်တဲ့အခါ ‘ကလေးက ငယ်လဲငယ်သေးတယ်။ နောက်တစ်ခုကကျတော့ သူကကိုကလက်မခံတာ။ ဓာတ်ပုံရိုက်မယ်ဆိုရင် သူကကို မျက်နှာလွှဲလိုက်တာ။ ရိုက်မယ်ဆိုရင် အရမ်းဂျီကျတယ်။ နောက်ပိုင်းကျရင်လဲ မတွေ့ဖြစ်ဖို့များတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်က ဒီဘက်လမ်းကြောင်းထဲကို သိပ်မသွားစေချင်တော့လေ။ ကလေးက ငယ်သေးတော့ အဓိက ကတော့ အကောင်းဆုံးပဲ ဖြစ်စေချင်ပါတယ်။ မိဘအနေနဲ့ဆိုတော့ ကောင်းမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် ပံ့ပိုးပေးမှာပါ။ အဲဒီတော့သမီးလေးကို အပြင်က ရိုးရိုးသာမန်မိန်းကလေး တစ်ယောက်ပဲ ဖြစ်စေချင်ပါတယ်’ သူမက လို့ ဖွင့်ဟသွားပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List