Tuesday, January 07, 2014

" ၂၈ ကြိမ်မြောက်ဆီးဂိမ်းတွင် မြန်မာ့ခြင်းလုံး ယှဉ်ပြိုင်ခွင့်ရပြီ "



၂ဝ၁၅ စင်ကာပူတွင်ကျင်းပမည့် ၂၈ ကြိမ်မြောက် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာခြင်းလုံး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရပြီဟု ရိုးရာခြင်းလုံး အဖွဲ့ချုပ်မှ သိရသည်။

ရိုးရာခြင်းလုံး အားကစားနည်းသည် ကျင်းပ ပြီးစီးခဲ့သည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် ပထမဆုံး အဖြစ် ထည့်သွင်း ထားသည့် မြန်မာ့ရိုးရာ အား ကစားနည်း တစ်ခုဖြစ်သည်။

အာရှ အားကစားအဖွဲ့ချုပ်တွင် ရိုးရာခြင်းလုံးအဖွဲ့ချုပ်မရှိဘဲ ပိုက်ကျော်ခြင်း အဖွဲ့ချုပ်နှင့် ပူးတွဲ လုပ်ဆောင် နေ ရခြင်းကြောင့် လာမည့် ဆီးဂိမ်းတွင် ပါဝင် နိုင်ရန် မသေချာခဲ့ပေ။

”အာရှ ရိုးရာ ခြင်းလုံးအဖွဲ့ချုပ်ကိုလည်း ဖွဲ့စည်းပြီးပါပြီ။ အရှေ့တောင် အာရှ အားကစား ကျင်းပရေး ကော်မတီ ကလည်း လာမယ့်စင်ကာပူ ဆီးဂိမ်းမှာ မြန်မာ့ ရိုးရာခြင်းလုံး ပါဝင်ဖို့ ဆုံးဖြတ်ပြီးပါပြီ။ ဒါကြောင့် ကျွန်တော်တို့ ရိုးရာ ခြင်းလုံး အဖွဲ့အနေဖြင့် သေချာပေါက် ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါပြီ”ဟု ရိုးရာ ခြင်းလုံး အဖွဲ့ချုပ် မှ တွဲဖက် အတွင်းရေးမှူး (၁) ဦးပြည့်စုံမြင့် က ပြောသည်။

သို့သော် လက်ရှိ မြန်မာနိုင်ငံတွင် လက်ခံကျင်းပသကဲ့သို့ Event လေးခု ပါဝင်မည် မပါဝင်မည်ကို မသိရှိသေးကြောင်း အစည်းအဝေး အထပ်ထပ် ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြော သည်။

မြန်မာ့ရိုးရာ ခြင်းလုံးအားကစား အဖွဲ့သည် မြန်မာနိုင်ငံမှ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပသည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် Event လေးခု ထည့်သွင်း ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၆ ခုရယူပေးထားသည့် အားကစားနည်း ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal

No comments:

Post a Comment

My Blog List