Thursday, September 05, 2013

အကျိုးတူ ဘီယာထုတ်လုပ်နေရာမှ ဖက်စပ်ကုမ္ပဏီ F&N ကစာချုပ်စည်းကမ်းဖောက်ဖျက်သည့်အတွက် F&N ရှယ်ယာအားလုံးကိုဥပဒေကြောင်းအရ မြန်မာ့စီးပွားရေးဦးပိုင်က၀ယ်မည်

စင်ကာပူ အခြေစိုက် F&N ကုမ္ပဏီသည် စာချုပ်ပါစည်းကမ်းချက်အချို့ကိုဖောက်ဖျက်ခဲ့သည့်အတွက် စာချုပ်ပါ စဉ်းမျဉ်းအတိုင်း F&N ပိုင် ရှယ်ယာအားလုံးကို မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက်က ၀ယ်ယူခွင့်ရှိခဲ့သည်ဟုသိရသည်။မြန်မာနိုင်ငံတွင်ဘီယာထုတ်လုပ်ရောင်းချသည့်လုပ်ငန်းလုပ်ကိုင်နေသောမြန်မာ ဘရူဝါရီကုမ္ပဏီလီမိတက်ကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၄၅ ရာခိုင်နှုန်းနှင့် စင်ကာပူအခြေစိုက် APB မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။
ထိုသို့ ပိုင်ဆိုင်လုပ်ကိုင်နေရာမှ ၁၉၉၆ ခုနှစ်တွင် စီးပွားရေး ပိတ်ဆို့မှုများကြောင့် APB ၏ ရှယ်ယာများအား F&N သို့ လွှဲပြောင်းရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် လက်ရှိမြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက် မှာ မြန်မာ့စီးပွားရေး ဦးပိုင်မှ ၄၅ ရာခိုင်နှုန်း၊ F&N မှ ၅၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း သိရသည်။
APB မှ ၎င်း၏ရှယ်ယာ ၅၅ ရာခိုင်နှုန်းကို F&N သို့ ရောင်းချရာတွင် ဖက်စပ်ကုမ္ပဏီဖြစ်သည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်သို့စာချုပ်ပါစည်းကမ်းအတိုင်းတရားဝင်ညှိနှိုင်းသဘောတူညီမှုရယူခဲ့သည့်အပြင် မြန် မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ပါတရားဝင်စာတင်ကာခွင့်ပြုချက် တောင်းခံပြီးမှသာ ဆောင်ရွက်ခဲ့ခြင်းဟု သိရသည်။

ယခုအခါတွင်F&Nရှယ်ယာပိုင်ရှင်များသည်၎င်းတို့ပိုင်ရှယ်ယာများကိုအခြားကုမ္ပဏီများသို့ လွှဲပြောင်းရောင်း ချခဲ့ရာ မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်တွင် F&N ပိုင်ဆိုင်နေသည့် ရှယ်ယာ ၅၅ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံမှ TCC(Beer Chang) ၏အပိုင် ဖြစ်သွားခဲ့သည်ဟု သိရသည်။
သို့သော် F&N သည် မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်မှ ၎င်းပိုင်ရှယ်ယာများအား TCC(Beer Chang) သို့ လွှဲပြောင်းရောင်းချရာတွင်မူ မြန်မာဘရူဝါ ကုမ္ပဏီလီမိတက်ကို ၎င်းနှင့်အတူ ဖက်စပ်ပိုင်ဆိုင်ထား သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်သို့ စာဖြင့်သော်လည်းကောင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ အကြောင်းကြားခြင်း တစ်စုံတစ်ရာမရှိဘဲတစ်ဖက်သတ်ရောင်းချခဲ့ခြင်းဟုလည်း မြန်မာ့စီးပွားရေးဦးပိုင်မှ ထုတ်ပြန်ထားသည်။
မြန်မာ့စီးပွားရေး ဦးပိုင်နှင့် F&N တို့ နှစ်ဖက်ချုပ်ဆိုထားသော Joint Venture Agreement ၏ စာပိုဒ် 16.4(d) တွင် အကြောင်းအမျိုးမျိုးကြောင့် မိမိတို့၏ ရှယ်ယာများကို လွှဲပြောင်းရောင်းချလိုလျှင် တစ်ဖက် Joint Venture ကုမ္ပဏီသို့ ရှယ်ယာတန်ဖိုးအတိုင်း ဦးစားပေး ရောင်းချရန်၊ ရှယ်ယာများ လွှဲပြောင်းခြင်း အတွက် တစ်ဖက်ရှယ်ယာရှင်သို့ တရားဝင်စာဖြင့် အကြောင်းကြားပြီး သဘောတူမှသာ ရောင်းချခွင့် ရှိသည်ဟု ဖော်ပြထားကြောင်း သိရသည်။
F&N ဘက်မှ ပျက်ကွက်သည့်အတွက် JV သဘောတူ စာချုပ်အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် F&N ကို မြန်မာ့စီးပွားရေးဦးပိုင်မှ သတ်မှတ်၍ စာချုပ်ပါ သတ်မှတ်ချက်အတိုင်း ရက် ၉၀ အတွင်း၌ တရားဝင် ကန့်ကွက်ခဲ့ကြောင်း၊ ထို့နောက် ကန့်ကွက်သည့်နေ့မှ တစ်လအတွင်း မြန်မာဘရူဝါရီ လီမိတက်၏ စာရင်း စစ်ဖြစ်သော CMA ကုမ္ပဏီသို့ မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်၏ ရှယ်ယာတန်ဖိုးများ တွက်ချက်ပေးရန် အကြောင်းကြားခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက်၏ ရှယ်ယာတန်ဖိုးများကို စာရင်းစစ်ကုမ္ပဏီများမှ F&N သို့ တရား ၀င် ပြန်ကြားပေးခဲ့ကြောင်း၊ စာချုပ်ပါ စည်းမျဉ်းအရ ရှယ်ယာတန်ဖိုး တွက်ချက်အကြောင်းကြားသည့် တစ် လပြည့်သောနေ့တွင် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးသော်လည်း မအောင်မြင်သည့်အတွက် Arbitration လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်ဟုလည်း သိရသည်။
စာချုပ်ပါ စည်းကမ်းချက်များ ဖောက်ဖျက်သည့်အတွက် စာချုပ်ပါ စည်းမျဉ်းများအတိုင်း မြန်မာဘရူဝါရီ ကုမ္ပဏီလီမိတက် ရှယ်ယာရှင်နှစ်ဦးဖြစ်သော F&N နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့သည် မိမိပိုင် ရှယ်ယာများအား ရောင်းချလိုလျှင် မိမိနှင့် မိတ်ဖက်ကုမ္ပဏီသို့ ဦးစားပေး ရောင်းချရမည်ဆိုသည့် အချက် အတိုင်း ဥပဒေကြောင်းအရ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ဘက်မှ ၎င်း၏ မိတ်ဖက်ကုမ္ပဏီ F&N ၏ ရှယ်ယာများကို ၀ယ်မည်ဖြစ်သည်ဟုလည်း သိရသည်။
ယင်းအပြင် F&N ရှယ်ယာအား ၀ယ်ယူခဲ့သည့် TCC(Beer Chang) အနေဖြင့်လည်း လာရောက်တွေ့ ဆုံ ဆွေးနွေးခြင်း မရှိသည့်အပြင် မြန်မာနိုင်ငံရှိ IBTC ကုမ္ပဏီဖြင့် Beer Chang အား စာချုပ်ချုပ်ဆို၍ မဲခေါင်အရက်ချက်လုပ်ငန်း လုပ်ကိုင်ခြင်း၊ F&N ထုတ်ကုန်ဖြစ်သည့် 100 Plus အချိုရည်အား မြန်မာနိုင်ငံရှိ MGS ကုမ္ပဏီဖြင့် ပူးပေါင်းတင်သွင်း ဖြန့်ချိခြင်းတို့အား မိမိ၏မိတ်ဖက် ကုမ္ပဏီဖြစ်သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ အသိပေးဆွေးနွေးခြင်း မရှိသည်မှာလည်း မဖြစ်သင့်သည့် ကိစ္စအဖြစ် မြန်မာ့စီးပွားရေး ဦးပိုင်က သုံးသပ်ထားသည်။

No comments:

Post a Comment

My Blog List