
“ဒီဇာတ်လမ်းမှာ အေးမြတ်သူက ရဲမေတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းက အစ်မအတွက် ပထမဆုံး ဂုဏ်ပြုဇာတ်လမ်းတစ်ခုဖြစ်တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဂုဏ်ယူပါတယ်။ အခုလို ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတဲ့ခေတ်မှာ ပြည်သူတွေကို အကျိုးပြုတဲ့ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုရတဲ့အတွက် ဝမ်းသာပါတယ်” ဟု သရုပ်ဆောင်အေးမြတ်သူက ပြောကြားသည်။
ယင်းဇာတ်လမ်း ရိုက်ကူးရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လိုအပ်သည်များ ကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးရန်အတွက် အကောင်းဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း၊ ယခု ရိုက်ကူးမည့် ဇာတ်လမ်းသည် ပညာပေးဇာတ်လမ်း ဖြစ်သောကြောင့် ပြည် သူများထံသို့ လောင်းကစားနှင့် ပတ်သက်သည့် အသိတစ်ခု ပေးစွမ်းနိုင် မည် ဖြစ်ကြောင်း ဒါရိုက်တာမီးပွားက ပြောကြားသည်။
အဆိုပါဇာတ်လမ်းကို ဝတ္ထုဇာတ်လမ်း စုံထောက် မောင်ရေခဲက ရေး သားထားပြီး ဇာတ်ညွှန်းမြမြင့်မိုရ်၊ ဒါရိုက်တာမီးပွားနှင့် သရုပ်ဆောင် ဖြိုးငွေစိုး၊ အေးမြတ်သူ၊ သားညီတို့က အဓိကပါဝင် ရိုက်ကူးမည်ဖြစ် ပြီး အောက်တိုဘာလ ၁ ရက်နေ့တွင် ရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသ မည် ဖြစ်သည်။
The Voice Weekly
No comments:
Post a Comment