Monday, September 02, 2013

ဆန္ဒပြမှုများရပ်တန့်ရန် အတိုက်ခံများနှင့် ဆွေးနွေးသော်လည်း တူနီးရှားအစိုးရ သဘောတူညီချက်မရခဲ့

Monday, September 2, 2013
တူနီးရှားနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအကျပ်အတည်းများ အဆုံးသတ်ရန်အတွက် အတိုက်ခံ များ နှင့် သဘောတူညီမှုရရှိရန်ကြိုးပမ်းသည့် တူနီးရှားအစ္စလာမ်မစ်များ ဦးဆောင်သည့် ညွှန့်ပေါင်းအဖွဲ့၏ ကြိုးပမ်းချက်မှာ မအောင်မြင်ခဲ့ဟု စေ့စပ်ညှိနှိုင်းသူများက ပြောကြားလိုက်ကြောင်း စက်တင်ဘာ ၁ ရက် က အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြထားသည်။ထို့ကြောင့် နိုင်ငံတွင်းတွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှု များ ဆက်လက်ပေါ်ပေါက်နေဦးမည် ဖြစ်သည်။
လက်ရှိဖြစ်ပွားနေသည့် တူနီရှားအကျပ်အတည်းမှာ အတိုက်အခံခေါင်းဆောင် မိုဟာမက်ဘရာမီအား ဇူလိုင်လ ၂၅ ရက်တွင် လုပ်ကြံခံရပြီးနောက်ပိုင်းတွင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သော ခြောက်လ ခန့်ကလည်း တခြားအတိုက်အခံအမတ် တစ်ဦးမှာ ဘရာမီကဲ့သို့လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ယင်း တိုက်ခိုက်မှု နှစ်ခုစလုံးမှာစလာဖစ်တို့၏လက်ချက်ဟုလည်း စွပ်စွဲထားသည်။အစိုးရနှင့် အတိုက်အခံများအကြားရှိ နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းရန်အတွက် အစိုးရ၏တင်ပြ ချက်အား စေ့စပ်ဖြန်ဖြေရေးအတွက် ကြိုးစားနေသည့် UGTT အလုပ်သမားသမဂ္ဂ မှ နိုင်ငံတော် ကယ်တင် ရေးတပ်ပေါင်းစု (NSF) အား တင်ပြခဲ့ရာမအောင်မြင်ခဲ့ပေ။
မိမိတို့အဖွဲ့အနေဖြင့် အစိုးရ၏တင်ပြချက်များအပေါ် အကြောင်းပြန်ထားပြီး၊ ယင်းအကြောင်းပြန်ချက် တွင်အကျပ်အတည်းများ အဆုံးသတ်ရန်မှာ အစိုးရ၏လက်ဝယ်တွင်ရှိသည်ဟု UGTT နှင့် တွေဆုံမှုအပြီး တွင်အတိုက်ခံပါတီ ကိုယ်စားလှယ် ဟန်မာဟန်မာမီက ပြောကြားလိုက်သည်။
ဟန်မာမီအနေဖြင့် ၎င်းတို့အနေဖြင့် အနာဂတ်ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် အစိုးရအဖွဲ့သစ်နှင့်သက်ဆိုင်သည့် ဆွေးနွေးပွဲ အားကျင်းပအပြီး တစ်လအကြာဖြစ်သည့် စက်တင်ဘာလ ၂၉ ရက်အား နောက်ဆုံးထား၍ အစိုးရအပြောင်းအလဲ ပြုလုပ်ရန်မျှော်မှန်းထားသည်ဆိုသည့် အချက်မှလွဲ၍ ၎င်းတို့၏ တောင်းဆိုချက် အသေးစိတ်ရှင်းပြရန် ငြင်းဆန်ခဲ့သည်။
သို့သော် အတိုက်အခံပါတီများအားလုံးအား ကိုယ်စားပြုသည့် NSF အနေဖြင့် ညွှန့်ပေါင်းအစိုးရအား ရာထူးမှချက်ချင်း အနားယူပေးရန် ထပ်ခါထပ်ခါ တောင်းဆိုထားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List