Thursday, September 05, 2013

ဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှုမရှိစေရန် ရန် ကုန်နှင့် နေပြည်တော်ရှိ ဖုန်းလိုင်းသုံးသန်းလဲလှယ်မည်

Wednesday, September 4, 2013
စီမံကိန်းကို Huawei ကုမ္ပဏီဖြင့် ပူးပေါင်းဆောင်ရွက်မည် ဒေသတစ်ခုအတွင်း မတူညီသော ရေဒီယို ဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှု မရှိစေရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်းလိုင်း သုံးသန်းကို လဲလှယ်တပ်ဆင်မည်ဖြစ် ပြီး အဆိုပါစီမံကိန်းကို Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်းအင် အား လေးသန်း ထပ်မံတပ်ဆင်မည်ဖြစ်ရာ တစ်သန်းမှာ အသစ်တပ်ဆင်မည်ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူ သည့် ကွန်ရက်များ နေရာတွင် စနစ်တူသည့်ကွန်ရက်များဖြင့် လဲလှယ်တပ်ဆင်ခြင်းဖြစ်သည်ဟု မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ ရက်က နိုင်ငံပိုင် သတင်းစာတွင် ဖြေကြားထားသည်။
နက်ခ်ဝပ်များ ဒီဇိုင်းပြုလုပ်ရာတွင် ဆက်သွယ်ရေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများ၏ စက်ပစ္စည်းဆက်စပ် မှုနှင့် Radio စနစ်မတူညီမှုများရှိသည့်အတွက် ယခုကဲ့သို့ ကုမ္ပဏီတစ်ခုတည်း၏ စက်ပစ္စည်းကို တပ်ဆင် ရခြင်းဖြစ်သည်ဟု လည်း ဆိုသည်။
ထိုသို့မိုဘိုင်းလိုင်းအင်အား တိုးချဲ့ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဧပြီလအတွင်းက အကျိုးတူ ပူးပေါင်း လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူခဲ့ရာ Huawei ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်း စတင်ရန်အတွက် စာချုပ်,ချုပ်ဆိုထားပြီးဖြစ်သည်
ဦးခင်မောင်ထွန်းက“လိုင်းလေးသန်းတိုးချဲ့ရေးစီမံကိန်းမှာမတူညီတဲ့ ရေဒီယို ဆက်သွယ်ရေးစခန်းတွေရော ယှက်နေတဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာ စုစုပေါင်းလိုင်းသုံးသန်းကို ပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီ တစ်ခု တည်းရဲ့စက်နဲ့ အစားထိုးတပ်ဆင်သွားမှာပါ။ အဲဒီ အစားထိုးရာကနေ ထွက်ရှိလာတဲ့စက်ပစ္စည်း တွေကို မိုဘိုင်းလိုင်းတိုးချဲ့ဖို့ လိုအပ်နေတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့တပ်ဆင်ဖို့ စီစဉ် ထားပါတယ်”ဟု ဖြေကြားထားသည်။
ထို့အပြင်လိုင်းအင်အားတစ်သန်းသီးသန့်တိုးချဲ့မည်ဖြစ်ရာရန်ကုန်တွင်လိုင်းအင်အား ခြောက်သိန်း၊ နေပြည်တော် တွင် ၁၆၀,၀၀၀ နှင့် မန္တလေးတွင် ၂ ဒသမ ၅ သိန်း တိုးချဲ့တပ်ဆင်သွားမည်ဖြစ်သည်။
ယင်းအပြင်မိုဘိုင်းဖုန်းလိုင်းအင်အားများတိုးချဲ့ရာတွင်လိုအပ်သည့်စက်မှုအဆောက်အအုံများ၊ လေအေးပေး စက်စနစ်၊ လျှပ်စစ်ဓာတ်အားပေးစနစ်၊ တာဝါတိုင်တည်ဆောက်ခြင်းစသည့် မိုဘိုင်း အခြေစိုက် စခန်း ၄၀၀ ခန့် တည်ဆောက်ရန်အတွက် ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၆ ရက် နောက်ဆုံးထားတင်ဒါလျှောက်ထားရန် ဆက်သွယ်ရေးလုပ်ငန်းက ဖိတ်ခေါ်ထား သည်။လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းလိုင်းအင်အား ၅ ဒသမ ၂ သန်းကျော် ချထားပေး လျက်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်း အင်အားငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်အင်အား ငါးသန်းတိုးချဲ့ရန်စီစဉ်ထားကြောင်း ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ချိုကို
မဇ္ဈိမ

No comments:

Post a Comment

My Blog List