Tuesday, September 03, 2013

မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ခုနစ်ရက်ဗီဇာဖြင့် သွားသူများလာ

Tuesday, September 3, 2013
အစ္စ လာမ်ဘာသာဝင်များ၏ ရာ မဒန်ဥပုသ်ကာလ ပြီးမြောက်သွား ပြီးနောက် မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ ခုနစ်ရက်ဗီဇာ ဖြင့် နယ်စပ်ဖြတ်ကျော်သွားလာ သူများ ပြန်လည်များပြားလာ ကြောင်း သိရ သည်။''မောင်တောကနေ ဘင်္ဂ လားဒေ့ရှ်ကိုသွားတဲ့သူတွေ အ များစုက ဘင်္ဂါလီတွေဖြစ်တယ်။ ပြီးခဲ့ တဲ့ ရာမဒန်ဥပုသ်အတွင်းမှာ တော့ သွားတာနည်းတယ်။ အခု တော့ ပြန်ပြီးပုံမှန်အတိုင်းသွား လာနေကြ တယ်'' ဟု လဝက အရာ ရှိတစ်ဦးက ပြောသည်။လက်ရှိတွင် မောင်တော နယ်စပ်မှ ဘင်္ဂလားဒေ့ရှ်သို့ သွား ရောက်သူ တစ်ရက်လျှင် ဦးရေ ၅ဝခန့်ရှိပြီး တစ်ဖက်နိုင်ငံမှ လာ ရောက်သူမှာ တစ်ရက်လျှင်ငါးဦး ခန့် သာရှိကြောင်း သိရသည်။ ''တစ်ဖက်နိုင်ငံကလာတဲ့ သူက အလွန်နည်းတယ်။ မောင် တောကသွားတဲ့ သူတွေသာ များ တယ်။ မောင်တောမှာနေတဲ့ ဘင်္ဂါ လီတွေရဲ့မိသားစုဝင်တွေက တစ် ဖက်နိုင်ငံမှာရှိကြ တယ်။ ပြီးတော့ ဆေးကုဖို့သွားတဲ့သူတွေလဲ များ တယ်။ အမှန်အတိုင်းခွင့်ပြုထား တာကတော့ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ဖို့အတွက် ခွင့်ပြုထား တာဖြစ်တယ်''ဟု မောင်တောမြို့ ခံတစ်ဦးက ခုနစ်ရက်ဗီဇာ အကြောင်း နှင့်ပတ်သက်၍ ပြောပြသည်။

Yangon Media Group

No comments:

Post a Comment

My Blog List