Wednesday, September 04, 2013

ရုပ်ရှင်အစည်းအရုံးအား ထပ်မံဆန္ဒပြမည်


Wednesday, September 04, 2013

ရန်ကုန်တိုင်းဒေသကြီးဗီဒီယိုအခြေခံအဖွဲ့ဥက္ကဋ္ဌဟောင်းဒေါ်စန်းစန်းမော်နှင့်ဗီဒီယိုထုတ်လုပ်ရေးအဖွဲ့များသည်မန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအား စက်တင်ဘာ ၂၁ ရက်တွင် ထပ်မံဆန္ဒပြဖြစ်ပြီး ယင်းဆန္ဒပြပွဲအတွက် ကျောက်တံတားမြို့နယ်၊ ခရိုင်တို့မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ထံသို့ စက်တင်ဘာ ၃ ရက်တွင်ခွင့်ပြုမိန့်တောင်းဆိုထားကြောင်းစုဗီဒီယိုထုတ်လုပ်ရေးမှရန်ကုန်တိုင်းဒေသကြီးဗီဒီယို အခြေခံအဖွဲ့ ဥက္ကဋ္ဌဟောင်းစေန်းစန်းမော်က မဇ္ဈိမသို့ ပြောကြားသည်။



ဆန္ဒပြပွဲတွင် ထုတ်လုပ်ရေးသမားများအပါအ၀င် တိုင်းဒေသကြီးအသီးသီးနှင့် ပြည်နယ်များရှိ ကိုယ်စားလှယ်များလည်း ပါဝင်ပြသကြမည်ဖြစ်သည်။

“ယခုဆန္ဒပြကြတဲ့သူတွေရဲ့ဇာတ်ကားသစ်တွေကိုပေးမရောင်းတော့ဘူးဆိုင်သစ်တွေမှာတင်ခွင့်မပေးတော့ဘူး။အကန့်အသတ်မရှိပိတ်ပစ်လိုက်တယ်။ ထုတ်လုပ်သူရဲ့ ရပိုင်ခွင့်တွေကို ရက်အကန့်အသတ် မရှိ ပိတ်ခြင်းခံရတယ်အဲဒါဦးစိုးသိန်းကပိတ်လိုက်တယ်ဒါကြောင့်ဆန္ဒပြကြတာအခုဆန္ဒပြပွဲမှာပိုက်ဆံပေးပြီးခေါ်တဲ့သူတွေ ရှိတယ်ဆိုရင် ခေါ်လာခဲ့ပါ။ အခုဆန္ဒ ပြပွဲအတွက် အင်တာနက်ကနေပြီး ဖိတ်ခေါ်မှာပါ”ဟု ၎င်းက ပြောသည်။

ဒေါ်စန်းစန်းမော်ဦးဆောင်သည့်ဆန္ဒပြမည့်အဖွဲ့များသည်၃၅ လမ်း၊၃၆ လမ်း တို့ကိုပတ်ပြီးသမ္မတရုပ်ရှင်ခုံးမှ ရွှေတိဂုံလမ်း အတိုင်းပတ်ပြီး ရေခဲဆိုင်မှတ်တိုင်မှနေပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင်းအတွင်းတွင် ပြသကြမည် ဖြစ်သည်။


Mizzima - News in Burmese

No comments:

Post a Comment

My Blog List