Tuesday, September 03, 2013

ငါန်းဇွန်မြို့ ကျေးရွာ ၁၂ရွာမှ လယ်များအား ပုဂ္ဂလိက ကုမ္ပဏီမှ မြေထိုးစက်ဖြင့် ထိုးကော်ဖျက်ဆီးသိမ်းယူ

Tuesday, September 3, 2013
မန္တလေး တိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်စီမံ ကိန်းနှင့်ပတ်သက်၍ ဒေသ ခံကျေးရွာ ၁၂ရွာမှ လယ်၄၀ဝခန့် မြေ လက်ကျန်အား ကုမ္ပဏီကြီးတစ်ခု မှ စက်ယန္တရားကြီးများဖြင့် လာရောက်၍ ပဲစင်းငုံစိုက်ခင်းများအား ထိုးကော်ဖျက်ဆီးမှုများ ပြုလုပ်ကာ ၎င်းနေရာမှအကွက်များအား ကုမ္ပဏီမှ သိမ်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ဒသခံနဝရတ်ရွာသားလည်းဖြစ်အကွက်ပိုင်ရှင်လည်း ဖြစ်သူ ဦးစိုးညွန့်က မိမိတို့မှာထမင်းတစ် လုပ်စားဖို့ အတွက်မျှပင် စိုက်ပျိုးမြေများမကျန်တော့ပါကြောင်း၊ ယခင်ကလည်း ကုမ္ပဏီနှင့် ဒေသအာဏာပိုင်တို့၏ အလိုကျ၊ စိတ်တိုင်းကျ တောင်းဆိုသောလယ်ယာ မြေများအပ်နှံပေးခဲ့ပြီးဖြစ်ပါ၍ယခုစိုက်ပျိုးထားသော၎င်း၏မြေကွက်လယ်ကွက်အားသိမ်းဆည်းခြင်းမပြုပါရန်တောင်းပန်တိုးလျှိုးရာမရသဖြင့်၎င်း၏လယ်ယာမြေကွက်အားဖျက်ဆီးထိုးကော်နေသောဘူလ်ဒိုဇာစက်ကြီးရှ့သို့တုံးလုံးပစ်လှဲချကာအကြိတ်ခံအသေခံကာတောင်းပန်သဖြင့်မောင်းနှင်နေဆဲဘူလ်ဒိုဇာစက်ကြီးမှာရှေ့ဆက်တိုးမမောင်းတော့ဘဲ စက်သတ်ကာ လုပ်ငန်းများ ခေတ္တရပ်ဆိုင်းလိုက်ရမှု ဖြစ်ပွား ခဲ့သည်။
''အခု ၂၀၁၃ ခုနှစ် ဩဂုတ် ၂၉ ရက်ကဖြစ်တာပါ။ ကျွန်တော်တို့နယ်က အရင်စစ်အစိုးရလက်ထက်မှာ လယ်မြေတွေအသိမ်းခံရတာမဟုတ်ပါဘူး။ ဒီဘက် ခေတ်အစိုးရသစ်လက်ထက်ကျမှ အသိမ်းခံရတာပါ။ သူတို့သုံးတဲ့စကားလေးတွေကလှပါတယ်။ စက်မှုဇုန်မှာ စက်ရုံအလုပ်ရုံတွေ အခုလို တည်ဆောက်ခြင်း အားဖြင့် ဒေသခံပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေပေါ်ပေါက်လာမယ်ပေါ့။ စီမံကိန်း ကာလက ၁၅ နှစ် စီမံကိန်းလို့ပြောတာပဲ။ နောင် ၁၅ နှစ်နေမှ စက်ရုံ တွေတကယ်လည်ပတ်တော့မှ အ လုပ်ရကြမယ့်ကိစ္စအတွက် ကျွန်တော်တို့ဒေသခံတောင်သူလယ်သမားပြည်သူတွေအားလုံး လက်ငုတ် လက်ရှိမြေယာတွေ ဆုံးရှုံးပြီး အလုပ်လက်မဲ့နဲ့ဟိုရောက်၊ ဒီ ရောက်နဲ့ ဘဝတွေပျက်ကုန်ကြပြီ။ စိုက်ပျိုးရေး အတွက် လယ်မြေမရှိတော့တဲ့ဘဝတွေ၊ မွေးမြူရေးအတွက် စားကျက်မရှိတော့တဲ့ အခြေတွေရောက်ကုန်၊ ဆိုက်ကုန်ကြပြီ။ သမ္မတကြီးက ဆင်းရဲမွဲတေမှုစီမံချက်တွေအကောင်အထည်ဖော်နေပေမယ့် ကျွန်တော်တို့ မှာတော့ လယ်မြေတွေကို စက်မှုဇုန်အ ကြောင်းပြပြီး လယ်မြေကတ်ကတ် သတ်သတ်လေးတောင် ပေး မချန်ကြတော့ဘူး။ ကျွန်တော်တို့ မဲပေးရွေးချယ်တင်မြှောက်လိုက်ကြတဲ့ တိုင်းဒေသကြီးလွှတ်တော် အ မတ်နှစ်ဦး ဦးမြတ်သူနဲ့ ဦးကျော်တင့်တို့ ကိုယ်တိုင်ကလဲ ကျွန်တော်တို့ တောင်သူတွေဘက်မှာမရှိကြဘူး။ သူတို့ကိုယ်တိုင် ကုမ္ပဏီကလူတွေနဲ့ အတူတွဲထိုင်ပြီး မြေတူးစက် ကြီးတွေနဲ့ ကျွန်တော်တို့ရဲ့'အစာ အိမ် (လယ်ယာစိုက်ခင်းတွေကို)'ကိုနင်းချေနေတာ၊ဖျက်ဆီးတာ ကိုအားပေးကြည့်ရှုနေကြတယ်''ဟုတောင်ငူမြို့ တွင် ခေတ္တရောက်ရှိနေသော အသက် ၅၁နှစ်အရွယ် မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် နဝရတ်ကျေးရွာနေ ဦးရီသန်းက သတင်းထောက်များကို ပြောသည်။
ယင်းက ဆက်လက်၍ ''သူတို့သတ်မှတ်ပေးချေတဲ့နစ်နာကြေး၊ လျော်ကြေးငွေကိုပဲလက်ခံခဲ့ကြတယ်။ တစ်ရွာလုံးအိမ်ခြေ ၅၀ လောက်ရှိပေမယ့် ခေတ်ပညာတတ်ဆယ်တန်းအောင်၊ ဘွဲ့ရတစ်ဦးမှမရှိဘူး။ ဒီတော့ဥပဒေတွေကိုလဲ ကြောက်ကြတာနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ကုမ္ပဏီလူကြီးတွေ အလိုကျဖြစ်စေခဲ့ တယ်။ လယ်မြေတွေကိုအပ်ပေးပြီးအသိမ်းခံခဲ့တယ်။ ဒါပေမဲ့ ရွာပတ်ပတ်လည်ကွင်းလှကွင်းမြေဧက ၄၀ဝလောက်ကလေးကိုတော့ ရွာသူရွာသားတွေရဲ့ ဝမ်းစာလေး၊ စိုက်ပျိုးစားသောက်လုပ်ကိုင်ဖို့လေး ချန်ထားပေးဖို့ စက်မှုဝန်ကြီးလာရောက်စဉ်ကတင်ပြခဲ့တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ကွင်းလှကွင်းက စက်မှုဇုန်ထဲမှာ မပါဘူး။ မသိမ်းဘူးလို့ပြောခဲ့ပြီး ဒီကနေ့ဩဂုတ် ၂၉ရက်မှာ စက်ယန္တရားကြီးတွေနဲ့ လာပြီး စိုက်ခင်းတွေကို ဖျက်ဆီး တော့တာပဲ''ဟု ဦးရီသန်းက သတင်း ထောက်များအားပြောသည်။
ဦးရီသန်းနှင့် နဝရတ်ရွာမှ လယ်သမား ၁၅ဦးခန့်သည် ၎င်းတို့၏ ရွာပတ်ပတ်လည်ကွင်းလှစိုက်ပျိုးမြေဧက ၄၀ဝခန့်အား ရွိုင်ရယ်ဟိုက်တက်ကုမ္ပဏီမှ ထပ်မံလာရောက်သိမ်းယူမည့်ဘေးမှကင်းလွတ်စေရန် သက် ညှာစောင့်ရှောက်မှုပေးနိုင်သော နိုင်ငံတော်သမ္မတကြီးနှင့် အကြီးအကဲများထံ ဆက်လက်တင်ပြ အသနားခံသွား မည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment

My Blog List