Monday, September 02, 2013

မန္တလေး တန်ဖိုးနည်း အိမ်ရာစီမံကိန်းအနီးမြေများမူလပေါက်ဈေးထက် နှစ်ဆခန့်မြင့်တက်

Monday, September 2, 2013
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်တွင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော တန်ဖိုးနည်းအိမ်ရာ စီမံကိန်း အနီး မြေကွက်များသည် သြဂုတ်လကုန်ပိုင်းခန့်တွင် ဝယ်လက် ဒုတိယအများဆုံး ကြိုက်သော နေရာ တစ်ခု ဖြစ်လာကာ ဇွန်လပေါက်ဈေးထက် နှစ်ဆခန့် မြင့်တက်သွားကြောင်း မန္တလေးမြို့သစ်အခြေစိုက် အိမ်၊ ခြံ၊ မြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိရသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အဆိုပါအနီး အကွက်အမှတ် မမ (၉)၊ (၅)၊ (၃)၊ (၄) အကွက်များ သည် ဈေးမြင့်လာခြင်း ဖြစ်ကြောင်း ဇွန်လကုန်ခန့်က အကွက် (မမ) ကြားကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၂၀ ရှိခဲ့ရာမှ သြဂုတ်လကုန်ခန့်တွင် ကျပ်သိန်း ၅၀၀ အထိ ရှိခဲ့ကြောင်း၊ ဇွန်လကုန်ခန့်က အကွက် (မမ) (၆)(၇)(၈) ဂန္ဓမာလမ်းပေါ်တင် တစ်ကွက်လျှင် ကျပ်သိန်း ၈၀၀ ခန့် ရှိခဲ့ရာမှ သြဂုတ်လကုန်တွင် ကျပ်သိန်း ၁၅၀၀ အထိ မြင့်တက်သွားကြောင်း မန္တလေးမြို့သစ် အိမ်၊ ခြံ၊ မြေအကျိုးဆောင် ဒေါ်ချိုက ပြောကြား သည်။လက်ရှိ မန္တလေးအိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွဲဆည်ကန် ကားကြီးကွင်းကို လာမည့် ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာအဆင့်မီ ယာဉ်ရပ်နားစခန်း တစ်ခုအဖြစ် အကောင်အထည်ဖော်မည့် စီမံကိန်းကြောင့် အဆိုပါအနီး မြေကွက်များကို ဝယ်လက် အကြိုက်ဆုံးနေရာ တစ်ခု ဖြစ်လျက်ရှိကြောင်း သြဂုတ်လကုန်ပိုင်း ဈေးကွက် အနေအထားအရ ဒေါ်ချိုက ထပ်လောင်း ပြောကြားသည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာစီမံကိန်းမြေနေရာ၌ ယခင်ဓားမဦးချ စိုက်ပျိုးခဲ့သည်ဟုဆိုသော တောင်သူလယ် သမားများနှင့် တစ်ဆင့်ပြန်လည်ဝယ်ယူသူများ ပြဿနာ အရှုပ်အထွေးများ ရှိနေဆဲ ဖြစ်ကြောင်း အဆို ပါ မြရည်နန္ဒာ မမကြားကွက်၌ တစ်ဆင့်ပြန်လည်ဝယ်ယူထားသူ ဒေါ်ရှမ်းမက The Voice သို့ ပြောကြား သည်။မန္တလေးတန်ဖိုးနည်းအိမ်ရာ စီမံကိန်း တည်ဆောက်ခြင်းလုပ်ငန်းကို ယခုလအတွင်း စတင်ဆောင် ရွက်သွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အကြီးတန်း အရာရှိတစ်ဦးထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List