Friday, September 06, 2013

အများသုံးယာဉ်စနစ်မကောင်းသော မြန်မာနိုင်ငံ၌ကိုယ်ပိုင်မော်တော်ယာဉ်များမသုံးရနေ့ရန်ကုန်တိုင်း ဒေသကြီးအစိုးရသတ်မှတ်မည့်အပေါ်လူအများက ဝေဖန်ကြ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည့်အပေါ် ဝေဖန်မှုများ ရှိနေသည်။
ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ဟု သတ်မှတ်သည့် စက်တင်ဘာ ၂၂ ရက်တွင် နံပါတ်ပြား အနီရောင် (အငှားယာဉ်)များ၊ အဖြူရောင် (သံရုံးယာဉ်)များ၊ သံဃာတော် စီးယာဉ်များ မပါဝင်ဘဲ အနက်ရောင် နံပါတ်ပြားများ ဖြစ်သော အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် (ယာဉ်နံပါတ်အနက်) တို့အားလုံး ပါဝင်သည်။ရန်ကုန်မြို့တွင် ယာဉ်များ ပိုမိုများပြား လာခြင်း၊ ၎င်း၏ နောက်ဆက်တွဲ ရလဒ်အဖြစ် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း တို့ကြောင့် ယခုလို သတ်မှတ်လိုက်သည့် အတွက် အဆိုပါနေ့တွင် ယာဉ်အန္တရာယ် ပိုကင်းပြီး စက်သုံးဆီ ချွေတာရာရောက်ခြင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီး၌ စက်တင်ဘာ ၂၂ ရက် ယာဉ်မသုံးရ နေ့အဖြစ် သတ်မှတ်ထားရှိ ခြင်းကြောင့် ထိုသို့သတ်မှတ် ရခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့သတ်မှတ်ရန် အတွက်လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးပြီး ဖြစ်ကြောင်း၊ ယင်းနေ့တွင် နံပါတ်အနက်ရောင်ယာဉ်များ မောင်းနှင်ပါကလည်း မှတ်သားထားရှိ မည်သာဖြစ်ပြီး အရေးယူမည် မဟုတ်ကြောင်း၊ ကိုယ်ပိုင်ယာဉ်များ ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှု ရှိမရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မထသ(ဗ ဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောကြားသည်ဟု အစိုးရ သတင်းစာတွင် ဖော်ပြထားသည်။
ထိုသို့ အစိုးရ၏ ကိုယ်ပိုင်မော်တော်ယာဉ် မသုံးရနေ့ သတ်မှတ်ခြင်းသည် အချို့နိုင်ငံများတွင် ရှိသော်လည်း ပြည်သူများ သွားလာရေး အဆင်ပြေစေမည့်စနစ် မရှိသေးသည့် နိုင်ငံအနေဖြင့် ကျင့်သုံးရန် အချိန်စော နေသေးကြောင်းနှင့် အဓိက ထိတွေ့ခံစားရမည်မှာ ပြည်သူလူထုသာ ဖြစ်သောကြောင့် ပြည်သူလူထု သဘောထား ခံယူပြီးမှသာ သတ်မှတ်သင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
''ရန်ကုန် အခြေအနေက သွားရေးလာရေး ခက်ခဲတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ မသုံးရတဲ့ နေ့ရှိတယ်။ ဒါပေမဲ့ ဒီစနစ်ဟာ မြန်မာပြည် အနေနဲ့ နည်းနည်းစိမ်းနေသေးတယ်။ အားလုံးလက်ခံ နိုင်အောင် လုပ်သင့်တယ်။ လက်ခံဖို့ ခက်ခဲနေတယ်။ ပြည်သူကို အသေအချာ ရှင်းပြသင့်တယ်။ ဒီတော့မှ ဒီစနစ်ကို ပြည်သူတွေ လက်ခံမလက်ခံဆိုတာ အသံတွေ ထွက်လာမှာ။ ပြည်သူတွေက လက်မခံရင်တော့ လိုက်လျောရမှာပါ'' ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောကြားသည်။
ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ထုတ်ပြန်သည့် စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည် ဖြစ်သော်လည်း ပြည်သူများ လိုက်နာနိုင်ရန် ရေးဆွဲသင့်ကြောင်းလည်း ဝေဖန်ပြောဆို နေကြသည်။
တောင်ဥက္ကလာပ မြို့နယ်မှ ကိုလင်းလင်းအောင်က ''အရင်တုန်းက အစိုးရဌာနတွေ ယာဉ်မသုံးရနေ့ဆိုပြီး သတ်မှတ်ခဲ့တယ်။ ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ အခု ပြည်သူတွေ ကိုယ်ပိုင်ယာဉ် မသုံးရနေ့ သတ်မှတ်မယ် ဆိုတာကတော့ ပြောစရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မိဘပြည်သူတွေက အစိုးရရဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ အောက်မှာ နေရမယ့် သူတွေပါ။ အစိုးရရဲ့ ရပ်တည်မှုတွေ၊ အကောင်အထည် ဖော်မှုတွေ၊ ချမှတ်တဲ့ လုပ်ငန်းစဉ်တွေ၊ အယူအဆနဲ့ ကျင့်သုံးတဲ့ မူဝါဒတွေပေါ် မူတည်ပြီး ပြည်သူတွေပဲ ခံရစံရတာပါ။ ဒါကြောင့် အစိုးရအနေနဲ့ တိုင်းပြည်အတွက်ရော ပြည်သူအတွက်ပါ ဘယ်လောက် အကျိုးရှိတယ် ဆိုတဲ့ ပေတံနဲ့ ချိန်ပြီးတော့ ဖြစ်သင့်လား မဖြစ်သင့်လား၊ သဘာဝကျလား သဘာဝ မကျဘူးလားဆိုတာ စဉ်းစားသင့်ပါတယ်။ ဒီမိုကရေစီ သွားချင်တယ်ဆိုရင် ပြည်သူတွေကို ဒီမိုကရေစီရဲ့ နေထိုင်ရှင်သန်မှု သဘောသဘာဝတွေကို နားလည်အောင် လုပ်ပေးတာ မှန်ပေမယ့် အစိုးရ ကိုယ်တိုင်လည်း ဒီမိုကရေစီကျကျ၊ အရေးကြီး ဆုံးကတော့ ဘယ်အရာမဆို ပြည်သူအပေါ် ကောင်းမယ် မကောင်းဘူးဆိုတာ အရင်ဆုံး စဉ်းစားသင့်ပါတယ်'' ဟု ပြောကြားသည်။
ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းသည့်ပုံစံ တစ်မျိုးအနေဖြင့် ယာဉ်မသုံးရနေ့ သတ်မှတ်သည်မှာ ကောင်းမွန်သော်လည်း ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ကြည့်မည်ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဗဟန်းမြို့နယ်မှ ယာဉ်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးအောင်ကိုကိုက ဝေဖန်ပြောကြားသည်။
ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ပညာပေးရေး ဥက္ကဋ္ဌနှင့် မထသ (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ''အကြမ်းဖျင်းတော့ သတ်မှတ်ပြီးပြီ။ တစ်နှစ်တစ်ကြိမ် လုပ်မှာပါ။ နောက်နှစ်လည်း လုပ်မယ်ဆိုတာက ဒီနှစ်စတင်လုပ်တဲ့ အပေါ်မှာ မူတည်ပြီး သုံးသပ်ပြီးတော့မှ နှစ်စဉ်လုပ်မှာပါ။ ဒီနေ့လုပ်တာ တစ်ယောက်မှ မကြိုက်ကြဘူး၊ အကုန်လုံးက မကြိုက်ဘူး ဆိုလည်း ကမ္ဘာက မြို့ပေါင်း ၁၅၀၀ လုပ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ တစ်မြို့တည်း လုပ်တာတောင် မကြိုက်ဘူး ဆိုရင်လည်း နောက်နှစ်ဆက်လုပ်ဖို့ အစီအစဉ်လည်း မရှိပါဘူး''ဟု The Daily Eleven သို့ ပြောကြားသည်။
အစိုးရ သတင်းစာတွင် ဖော်ပြထားသည့် ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှုရှိ၊ မရှိကို ကြည့်သွားမည် ဖြစ်ကြောင်း ၎င်း၏ ပြောကြားမှုနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။
လက်ရှိတွင် တပ်မတော်နှင့် အစိုးရ အရပ်ဘက်ဌာန ယာဉ်များကို လစဉ် တနင်္ဂနွေ နှစ်ရက်ကို ယာဉ်မသုံးရနေ့ အဖြစ် သတ်မှတ်ထားသည်။
နိုင်ငံတကာတွင် ကားအသုံးမပြုရနေ့တွင် အခမဲ့ဘတ်စ်ကားများ စီစဉ်ပေးခြင်း၊ ရထားများ ပိုမိုတိုးချဲ့ ပြေးဆွဲပေးခြင်း စသည့် လူထုပို့ဆောင် ဆက်သွယ်ရေးများကို မြှင့်တင်ပေးခြင်း၊ လမ်းလျှောက်သူများနှင့် စက်ဘီးစီးသူများ အတွက် သီးသန့်လမ်းများ စီစဉ်ပေးခြင်း၊ လမ်းလျှောက်ခြင်းနှင့် စက်ဘီးစီးခြင်းတို့၏ ကောင်းကျိုးများကို ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ ကားအသုံးပြုမှုများကို ကန့်သတ်နိုင်ရန် အတွက် လမ်းအချို့ ပိတ်ထားခြင်းများ လုပ်ဆောင်ပေးလေ့ ရှိကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်မှ လူငယ်စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ''အဲဒီနေ့မှာ ကိုယ်ပိုင်ကား မစီးရဘူး။ စီးတာဟာ ဒီမိုကရေစီ ကျင့်ဝတ်နဲ့ ထိုက်တန်မှုရှိမရှိ ကြည့်မယ်ဆိုတာကတော့ ဒီမိုကရေစီ နည်းမကျဘူးလို့ ထင်ပါတယ်။ ကိုယ်ပိုင်ကားကို ကိုယ်ကြိုက်တဲ့နေ့မှာ စီးမှာပေါ့။ ဒါဟာ ကိုယ့်ရဲ့လွတ်လပ်ခွင့်ပဲ။ တခြားသူရဲ့ လွတ်လပ်မှုကို မထိခိုက်ဘဲ ကိုယ့်ပစ္စည်း ကိုယ်သုံးမှာပဲ။ နိုင်ငံတကာမှာ သတ်မှတ်တဲ့ အဲဒီနေ့မှာ ကိုယ်ပိုင်ယာဉ် မသုံးရလို့ သတ်မှတ်ဖို့ လိုင်းကားတွေက နိုင်ငံတကာ အဆင့်မီလား၊ တက္ကစီတွေကရော နိုင်ငံတကာ အဆင့်မီရဲ့လား၊ သွားလာရေး စနစ်ကရော နိုင်ငံတကာ အဆင့်မီလား ဆိုတာ တာဝန်ရှိသူတွေ စဉ်းစားသင့်တယ်။ အခုဟာက အဓိပ္ပာယ် လုံးဝမရှိဘူး။ ကျွန်တော်ကတော့ အငေါ်တူးပြီး ပြောချင်တယ်။ အစိုးရ အဖွဲ့အနေနဲ့ ထူးပြီးလုပ်ချင်တယ်ဆိုရင် အစိုးရက လာဘ်ပေးလာဘ်ယူ ကင်းရှင်းတဲ့နေ့ဆိုပြီး သတ်မှတ်ပြုလုပ် သင့်ပါတယ်'' ဟု ပြောကြားသည်။

 http://www.news-eleven.com/local/yangon-news/22991

၎င်းသတင်းနှင့်ပတ်သက်၍ ပြည်သူကြားမှအသံများ
0 # htoosan 2013-09-06 14:47
အများသုံးယာဉ် ခဏထားပြီး အများသုံး လူသွားလမ်းတွေတောင် ကောင်းအောင် မလုပ်နိုင်တဲ့ သောက်ရှုး ရန်ကုန်တိုင်း အစိုးရ ရေ.. လူသွားလမ်းတွေ ကောင်းအောင် လူတွေ လမ်းလျှောက်နိုင်အောင် လုပ်ပြီးမှ ပြော ။ လူမြင်မဲ့ နေရာတွေ သာ ပလက်ဖောင်းတွေ ပြင်နေတယ် ။ လူ အသွားအလာ အလွန်များတဲ့ ရန်ကုန် အင်းစိန်လမ်း က ပလက်ဖောင်းတွေ ကြွက်ပေါက် ခါးကျိုး မြေပေါ် နဲ့ လမ်းဘေး ဈေးသည်တွေနဲ့ လမ်းတောင် လျှောက်မရဖြစ်နေတာ ..
မထသ က ဆရာကြီးလည်းကိုယ့် ဌာန ကားတွေ တောင် စည်းကမ်း မထိန်းသိမ်းနိုင်ဘဲ လျှောက်ပြော မနေပါနဲ့ကွာ..
-1 # Phoe Khant 2013-09-06 13:50
ဥပဒေဖောက်တဲ့လမ်းပေါ်ဈေးရောင်းသူတွေ၊လမ်းပိတ်ရပ်ပြီးလူတင်တဲ့သူတွေ၊လမ်းပိတ်နေလို့ယာဉ်ကျောပြောင်းပြန်မောင်းပြီးကျော်တက်နေတာတွေ တောင်ထိထိရောက်ရောက်အရေးမယူနိုင်ဘဲနဲ့ဘာဂယောင်ဂတန်းတွေလာလုပ်နေလဲမသိ။ မန္တလေးမြို့လိုလက်တွေ့ဆန်တဲ့ကြေညာချက်၊လုပ်ဆောင်ချက်ကိုအတုယူတတ်ရင်ပိုကောင်းမှာဘဲ။
+1 # maungmgu 2013-09-06 13:41
ဘတ်စ်တွေ အများကြီးတင်သွင်းပြီးတဲ့အခါမှ လုပ်သင့်ပါတယ်၊ ကားအရေအတွက်နဲ့ ခရီးသည် အချိုး ၁း၅၀ လောက်ရှိမှ လုပ်လို့ရမှာပါ၊
+2 # thargi 2013-09-06 12:15
ကိုယ်ပိုင်ယာဉ်များ ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှု ရှိမရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မထသ(ဗ ဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးလှသောင်းမြင့်က
အရေးယူမည် မဟုတ်ကြောင်း၊ အရေးယူမည် မဟုတ်ကြောင်း၊ အရေးယူမည် မဟုတ်ကြောင်း၊

stupid Hla thaung mying.

it is nothing to do with democracy.

if you have a law and no punishment for breakers??? go back to first grade.

can't believe his stupidity.
+4 # Ta Pyay Thu Ma Shwe Hta 2013-09-06 11:49
ဦးလှသောင်းမြင့်Don't talk international. You can't even do national.

Don't you know what is priority?

How do you know a private car has to be used for necessary matters like health or for fun?

Without taking polls from the opinion, you cannot set a date for something like this.

What is your purpose? To mess people up? Clean up your own mess with your public system! If ecological and environmental reasons, then people should volunteer willingly to participate in your program.

This kind of thing should be optional, not compulsory unless we are under the military totalitarian government.

ရန်ကုန်မြို့ တစ်မြို့တည်း လုပ်တာတောင် မကြိုက်ဘူး No No we like the idea but we don't like your capacity to turn any good (internationally proven as successful) idea into the worst consequences because you don't know what is timing, planning, who does what, how, when etc.

ကိုယ်ပိုင်ယာဉ်များ ဒီမိုကရေစီ ကျင့်ဝတ်များနှင့် ထိုက်တန်မှု ရှိမရှိကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း Who are you? You are not the law enforcer or right-based organization, you are basically just running bus business! You want to do a coup based on your findings of how private car owners behave and respect rules? The subject of democracy is such a vast complex issue, it does not fit in your little petty narrow mind.
Just start giving us the civic rights to ride your buses with dignity without being ill-treated in every way.
+3 # Burning Bond 2013-09-06 10:22
တနှစ်မှာမှ တရက်ထဲကိုယ်ပိုင်ကားမသုံးရတာ ဘာမှပြသနာမရှိပါဘူး။ ဘ၀င်မြင့်နေတဲ့လူတချို.တော့ တင်းနေမှာပေါ့။
0 # Ta Pyay Thu Ma Shwe Hta 2013-09-06 12:03
တနှစ်မှာမှ တရက်ထဲကိုယ်ပိုင်ကားမသုံးရတာ ဘာမှပြသနာမရှိပါဘူး။ True but is it the right time or the first priority? Don't they have other cats to bathe?
ဘ၀င်မြင့်နေတဲ့လူတချို.တော့ They are family members of the richest cronies and their organized crime bosses. But daily struggling citizens (car owners or not) who are irritated are viewing this as ill-timing, undemocratic and ill-use of environmental conscience.
+17 # KO KYAW - BUTALIN 2013-09-06 09:53
ရန်ကုန် နဲ့ မန္တလေးအတွက် ၂၀၁၃ ဒီဇဘာင်္မကုန်မီ ၂ ထပ်လူစီးဘတ်စ်ကားကြီး အစီးရေ ငါးသောင်းကိုတင်သွင်းပြီး အများသုံးဘတ်စ်ကားလိုင်းထူထောင်ရန် ၁၀ နှစ်သက်တမ်းကျော်တဲ့ဘတ်စ်ကားတွေ အကုန်လုံးကို လိုင်စဉ်ရပ်သင့်ကရပ်ရန် ၊ အစိုးရမှမတည်တင်သွင်းခြင်းမပြုနိုင်လျင်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုတင်သွင်းခွင့်ပြုရန်ဖြစ်ပြီး ပထမသုံးနှစ်ဝင်ငွေခွန်ပါကင်းလွတ်ခွင့်ပြုရန် ယင်းသို့ ပြုပါက ပြည်သူလူထုသွားလာရေးအဆင်ပြေမည်ဖြစ်ကြောင်းပါတီကြီးတစ်ခုခုမှလွှတ်တော်ကိုယ်စားလှယ်တစ်စုစုမှ ကမကထပြုလွှတ်တော်တွင်အဆိုတင်သွင်းကာ အများပြည်သူအတွက်သယ်ယူပို့ ဆောင်ရေးမူဝါဒနှင့် ရည်မှန်ချက် Vision နှင့် အကောင်အထည်ဖေါ်ရန် မစ်ရှင်များရေးဆွဲကြရန်အကြံပြုလိုက်ပါကြောင်း။

(အများပြည်သူသွားလာရေးအဆင်ပြေလိုသူ ဖေ့ဘွတ်မှ)
+27 # phoaye 2013-09-06 09:07
လုပ်ရင်လည်း အားလုံးတပြေးညီ လူကြီးကားနံပါတ်နက်တွေက စပြီး စံပြအနေနဲ့လုပ်လေ။ VIP မို့လို့၊ လူကြီးသားမို့လို့တွေ မလုပ်နဲ့
+15 # Khun July 2013-09-06 08:54
အစိုးရ မော်တော်ယာဉ် မသုံးစွဲရတဲ့နေ့ကိုလည်း တနင်္ဂနွေနေ့အစား ရုံးဖွင့်ရက်တွေမှာ လုပ်ကြည့်ပါလား ဟင်... :-*
+18 # irris 2013-09-06 08:52
အစိုးရမှာလုပ်စရာအလုပ်မရှိဘူးလား....တဆိတ်ရှိဒီပြည်သူပြည်သားတွေဘက်ဘဲ လိုက်ကြပ်နေတယ်.....မထသက လှသောင်းမြင့် ဆိုတဲ့ လူကလဲ..( ကမ္ဘာက မြို့ပေါင်း ၁၅၀၀ လုပ်ပြီး မြန်မာပြည်က ရန်ကုန်မြို့ တစ်မြို့တည်း လုပ်တာတောင် မကြိုက်ဘူး ဆိုရင်လည်း နောက်နှစ်ဆက်လုပ်ဖို့ အစီအစဉ်လည်း မရှိပါဘူး'')တဲ့ ....။အခုထဲက သိနေရင်လဲ အလုပ်ရှုပ်ခံမနေနဲ့ တော့ လေကွာ....ခင်ဗျားတို့  မထသမှာလုပ်စရာအလုပ်တွေ တပုံကြီးပါ....
+38 # JungleBoy 2013-09-06 06:39
သူတို့ပြောနေကျစကား။ နိုင် ငံတကာမှာ ဘယ်လို၊ ဘာညာ စသည်ဖြင့်။ မတူပဲနဲ့ တုချင်ကြတယ်။
ကိုယ်ပိုင်ယဉ်တွေ ဒီမိုက ရေစီ ကျင့် ဝတ်နဲ့ ညီ၊ မညီ စောင့်ကြည့်မယ်ဆိုဘဲဗျာ။ ဒါဆို ခင် ဗျားတို့ မထသလက်အောက်က ကားတွေကော။ စည်းကမ်းဖောက်ဖျက်တာ၊ မိုက် ရိုင်းတာ၊ ဘာကျင့်ဝတ်တွေလဲ မေးလိုက်မယ်။
+56 # zawzawaung76 2013-09-06 05:21
အစိုးရ အဖွဲ့အနေနဲ့ ထူးပြီးလုပ်ချင်တယ်ဆိုရင် အစိုးရက လာဘ်ပေးလာဘ်ယူ ကင်းရှင်းတဲ့နေ့ဆိုပြီး သတ်မှတ်ပြုလုပ် သင့်ပါတယ်.....

The best advice.....
+14 # Min Ye Kyaw Swar.mm 2013-09-06 08:54
ဘာလို့ မလုပ်နိုင်ရမှာလဲလို့ ....

အစိုးရ အဖွဲ့အနေနဲ့ အထူးပြုလုပ်ချက် တစ်ရပ် လုပ်နိုင်ပါတယ်ကွာ ..... ဖေဖေါ်ဝါ၇ီလ ၃၀ ရက်နေ့ကို သတ်မှတ်ပါတယ် ......

ကျန်တဲ့နေ့တွေက သောက်ရမ်းသောက်ရမ်း အလုပ်များလို့ပါ ............နော်လို့။


No comments:

Post a Comment

My Blog List