Monday, September 02, 2013

ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး

Monday, September 2, 2013
ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစား သုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ် ပါသည်။

Photo: ကိုရီးယားရောက် မြန်မာများနဲ့ ကွမ်း ပညာပေး
Monday, September 2, 2013

ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာတို့ စားသုံးသည့် ကွမ်းတံတွေးများ မညစ်ပတ်စေရေးနှင့် ကွမ်းစားသုံးမှု လျော့ချရေးအတွက် ပညာပေးလှုံ့ဆော်သည့် ကွမ်းကမ်ပိန်းကို ယနေ့ နံနက်ပိုင်းက စတင်ပြုလုပ်ပါသည်။

မြန်မာစင်တာက ကမကထပြု၍ မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်း ပြုလုပ်ရာတွင် မြန်မာများ ကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာ စတေကာများ ကပ်ခြင်း၊ လက်ကမ်းစာရွက် ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြပါသည်။

“မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့မှာ နေသူတဦးက ပြောပါသည်။

ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။

ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက် ၀နှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေး နီရဲရဲ အကွက်များ အများဆုံး ဖြစ်သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟုပင် မြန်မာတွေ က ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။

“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန် မာ့ဗုဒ္ဓသာသနာပြုကျောင်းမှာ ဝေါဆရာတော်က မိန့်ပါသည်။

“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရ တယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။

ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။

“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်းတွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။

ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်းမြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွား မည်ဖြစ်သည်။

ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံး မှု လျှော့ချနိုင်ဖို့ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။ 

(ကိုဝင်းပေါ်မောင်အီးမေးမှာ တွေ့ရတဲ့သတင်း နဲ့ ဓာတ်ပုံတွေကို ကူးယူ ဖော်ပြပါတယ်)
 
ဧရာဝတီ 
 မြန်မာစင်တာကကမကထပြု၍မြန်မာနိုင်ငံသားများ ပူးပေါင်းပါဝင်သည့် ကွမ်းကမ်ပိန်းပြုလုပ်ရာတွင် မြန်မာ များကျင်လည်ရာ ၀န်းကျင်ရှိ ညစ်ပတ်နေသော ကွမ်းသွေးများကို ဆေးကြောခြင်း၊ လူမြင်ကွင်းများတွင် ပိုစတာစတေကာများကပ်ခြင်း၊ လက်ကမ်းစာရွက်ဝေခြင်းတို့ကို လူအင်အား ၄၀ ခန့်ဖြင့် ဆောင်ရွက်ကြ ပါသည်။ “မြန်မာတွေ ကွမ်းစားတာကို အပြစ်မပြောလိုပေမဲ့ စည်းကမ်းမရှိ ကွမ်းသွေး ထွေးတာကတော့ အတော်ဆိုးပါတယ်။ ကွမ်းက မြန်မာတွေပဲစားတာ ဆိုတော့ ပြောစရာဖြစ်တာပေါ့”ဟု အင်ချွန်းမြို့ မှာ နေသူတဦးက ပြောပါသည်။
ဘူဖျောင်းမြို့တွင် မြန်မာစားသောက်ဆိုင် ၁၇ ဆိုင် ရှိသည့်အနက် ကွမ်းရောင်းသည့်ဆိုင် ၅ ဆိုင်ခန့် ရှိသည်။ ယာပီးသား ကွမ်း ၈ ယာခန့်ပါသည့် အထုပ်လိုက် ရောင်းတာလည်း ရှိသလို၊ မယာရသေးသည့် အမယ်စုံပါသည့် ကွမ်းအထုပ်လိုက် ရောင်းတာလည်း ရှိသည်။
ကွမ်းယာကို သွားရင်းလာရင်း အလွယ်တကူ စားပြီး၊ ကွမ်းသွေးကို အလွယ်တကူ ထွေးကြသည့်အတွက် သစ်ပင်ရင်း၊ မြောင်းပေါက်ဝနှင့် ချောင်ဖြစ်သည့် နေရာများတွင် ကွမ်းသွေးနီရဲရဲအကွက်များ အများဆုံး ဖြစ် သည်။ လမ်းတလျှောက် နီရဲနေတတ်သဖြင့် ဘူဖျောင်းစာတိုက်ဘေးလမ်းကို “လမ်းနီလေး”ဟု ပင် မြန်မာတွေ က ခေါ်ဝေါ်ကြသည်အထိ ဖြစ်သည်။
“လုပ်သင့်တယ်။ ဒါကို ကိုရီးယားမှာတင် မကဘူး၊ မြန်မာပြည်မှာလည်း လုပ်သင့်တယ်။ အခြား မြန်မာတွေ ရှိတဲ့ နိုင်ငံတွေမှာလည်း လုပ်သင့်တယ်။ ဒီကွမ်းက အတော်ကို အရုပ်ဆိုးတဲ့အပြင် ကျန်းမာရေးနဲ့လည်း မသင့်လျော်ဘူး။ ဒါကြီးကို အားလုံး ပြုပင်သင့်ပြီ”ဟု ဘူဖျောင်းမြို့ မြန် မာ့ဗုဒ္ဓသာသနာပြုကျောင်း မှာ ဝေါဆရာတော်က မိန့်ပါသည်။
“ဘုန်းကြီးတို့ ကျောင်းမှာလည်း အမြဲပြောဆိုနေရတယ်။ ဆေးကြောနေရ တယ်။ အားလုံး အသိကလေးနဲ့ ဆင်ခြင်သင့်တယ်”ဟု ဆရာတော်က ဆက်လက်မိန့်ဆိုပါသည်။
ယနေ့လုပ်သည့် ကွမ်းကမ်ပိန်းတွင် ဘူဖျောင်းမြို့ ဘူတာမြောက်ဘက်ခြမ်းကို အဓိကထား၍ နံနက်ပိုင်း၊ ညနေပိုင်း ၂ ချိန်ခွဲ ပြုလုပ်ရာ ကွမ်းသွေးကွက်များ အကုန်အစင်နီးပါး သန့်ရှင်းနိုင်ပြီး၊ လက်ကမ်းစာရွက် ၂၀၀၀ ကျော် ဝေငှနိုင်ခဲ့သည်။
“တချို့က စာရွက်ပေးတာကို မယူဘူး။ ကျနော် ကွမ်းမစားဘူးဗျ လို့ ပြန်ပြောတယ်။ ကိုယ်ကွမ်းမစားတာနဲ့ ဒီကိစ္စ ငါနဲ့မဆိုင်ဘူးလို့ လုပ်တာကတော့ မဖြစ်သင့်ဘူးထင်တယ်။ အခု ကမ်ပိန်းလိုက်လုပ်နေတဲ့ သူတွေက ကွမ်းစားနေသူတွေမှ မဟုတ်တာ။ ဒါဟာ အားလုံးနဲ့ ဆိုင်တယ်။ ကိုယ် မလုပ်ပေမဲ့ ကိုယ့်ပတ်ဝန်း ကျင် ဖြစ်ပျက်နေတာကို ၀ိုင်းဝန်းဟန့်တားဖို့ ပြုပြင်ဖို့ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်တယ်”ဟု ကမ်ပိန်း တွင် ပါဝင်သည့် ကိုဇေယျာအောင်က ပြောပါသည်။
ဒုတိယအကြိမ် လှုပ်ရှားမှုကို ကောက်သစ်စားပွဲတော် (ချုဆော့ပိတ်ရက်) စက်တင်ဘာ ၁၉ တွင် ဘူဖျောင်း မြို့နှင့် ပူချွန်းမြို့များ၌ ပြုလုပ်သွား မည်ဖြစ်သည်။
ကွမ်းကမ်ပိန်းကို ကျန်းမာရေးဆိုင်ရာ ပညာပေးမှုနှင့် ကွမ်းစားသုံး မှု လျှော့ချနိုင်ဖို့ ဆက်လက်ပြု လုပ်သွား မည် ဖြစ်သည်။

No comments:

Post a Comment

My Blog List