Tuesday, September 03, 2013

အစ္စရေးနိုင်ငံလုပ် ဆက်သွယ်ရေး ဂြိုဟ်တုကို ရုရှားလွှတ်တင်

Tuesday, September 3, 2013
ရုရှားနိုင်ငံသည် အစ္စရေးနိုင်ငံလုပ် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခဲ့ကြောင်း ရုရှား အာကာသ အေဂျင်စီ က စက်တင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဆက်သွယ်ရေး ဂြိုဟ်တုကို Zenit-2SB ဂြိုဟ်တု သယ်ယူ ပို့ဆောင်ရေး ဒုံးပျံဖြင့် ကာဇတ်စတန်ရှိ ဘေကိုနာ အာကာသ စခန်းမှန၍ ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၅ မိနစ်အချိန်တွင် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ Amos-4 အမည်ရှိ ဆက်သွယ်ရေး ဂြိုဟ်တုကို အစ္စရေးနိုင်ငံ အာကာသ ယာဉ် တည်ဆောက်ရေး လီမိတက်မှ ထုတ်လုပ်ပေးထားခြင်း ဖြစ်ပြီး ၎င်းသည် ဒေသစံတော်ချိန် နံနက် ၆ နာရီ မိနစ် ၅ဝ က ဒုံးပျံမှ ခွဲထွက် သွားခဲ့ကြောင်း သိရသည်။ ယင်းဆက်သွယ်ရေး ဂြိုဟ်တုသည် ရုရှား၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်နှင့် ဗဟိုအာရှနိုင်ငံများရှိ အင်တာနက် သုံးစွဲသူများအတွက် အင်တာနက်စနစ်၊ DTH စနစ်နှင့် VSAT စနစ် များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List