Thursday, September 05, 2013

ဝန်ကြီးဌာနများ၏ ဘတ်ဂျက်ငွေများထဲမှ ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ် မကုန်မီ ပြန်လည်အပ်နှံရန် ညွှန်ကြားထားမှု လိုက်နာခြင်းမရှိဟု အစီရင်ခံစာတွင် ဖော်ပြ

အစိုးရ၀န်ကြီးဌာနများ၏ဘတ်ဂျက်ငွေများထဲမှပိုလျှံငွေများကိုဘဏ္ဍာရေးနှစ်မကုန်မီပြန်လည်အပ်နှံရန်ညွှန်ကြား ထားသော်လည်းလိုက်နာခြင်းမရှိကြောင်းပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစီရင်ခံစာတွင်ဖော်ပြထားသည်။
ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီအစီရင်ခံစာတွင်"နှစ်စဉ်ရသုံးမှန်းခြေ ငွေစာရင်း တွင်သုံးစွဲရန်ခွင့်ပြုထားသည့်ငွေများအနက်ပိုလျှံငွေများကိုဘဏ္ဍာရေးနှစ်မကုန်မီနှစ်စဉ်မတ် ၂၈ ရက်နောက် ဆုံး ထား၍ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနသို့ ပြန်လည်အပ်နှံရန် ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ညွှန်ကြားထားကြောင်း၊ သို့ရာတွင် သက်ဆိုင်ရာဌာနများ အနေဖြင့် အချိန်မီ လိုက်နာနိုင်ခြင်း မရှိ (သို့မဟုတ်)လိုက်နာခြင်း မရှိသဖြင့် နောက်ကျအပ်နှံမှုများ ဖြစ်ပေါ်ရသည်ကို တွေ့ရှိရပါကြောင်း၊ လက်တွေ့လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အမိန့်ညွှန်ကြားချက်များကိုထုတ်ပြန်ထားပြီးလိုက်နာဆောင်ရွက်ခြင်း မရှိလျှင်လည်းအရေးယူဆောင်ရွက်ခြင်းမရှိပါကလက်အောက်ခံအဖွဲ့အစည်းများအနေဖြင့်အမိန့်နာခံတတ်သည့် အလေ့အကျင့်များပျက်ယွင်းသွားနိုင်ကြောင်း" ဟု ဖော်ပြထားသည်။

အဆိုပါ သုံးသပ်ချက်နှင့် ပတ်သက်၍ ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပိုလျှံငွေ များ ရာခိုင်နှုန်းများစွာ ပြန်လည်အပ်နှံခြင်းများ မပေါ်ပေါက်စေရန်ကိုလည်း ရသုံးမှန်းခြေ ငွေစာရင်းများကို လျာထားသည့် ခန့်မှန်းခြေ ငွေစာရင်းနှင့် အမှန်စာရင်း ကွာဟမှု နည်းပါးစေရန် ဘဏ္ဍာရေး ၀န်ကြီးဌာန အနေဖြင့် သုံးလပတ်အလိုက် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အကောင်အထည်ဖော်နိုင်မှု အစီရင်ခံစာ ကို တောင်းခံ ၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

No comments:

Post a Comment

My Blog List