Wednesday, September 04, 2013
"၀" ဒေသ၌ သန်းခေါင်စာရင်း ကောက်ယူရေး အပါအ၀င် အချက်လေးချက် ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ် များ ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေး
Wednesday, 04 September 2013
"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသအတွင်းသန်းခေါင်စာရင်းကောက်ယူရေးအပါအ၀င်အချက်လေးချက်ကို ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" ကိုယ်စားလှယ်များ ကျိုင်းတုံမြို့၌ ဆွေးနွေး
ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၃ ရက် နံနက်ပိုင်းက ကျိုင်းတုံမြို့ရှိ ရွှေတြိဂံဒေသ တိုင်းစစ်ဌာချုပ်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် "၀" သွေးစည်းညီညွတ်ရေးပါတီ UWSP မှ ဒုတိယ စစ်ရေးချုပ် ဦးခွန်အန်၊ ပြည်ပဆက်ဆံရေးဌာန အကြီးအကဲ ဦးကျောက်ကော့အန်း၊ "၀" တောင်ပိုင်းဗျူရိုမှ ဦးအိုက်လိန်နှင့် UWSP ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ တွေ့ဆုံရာ၌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ "၀" ဒေသ၌ သန်းခေါင်စာရင်းယူရေး၊ အောက်ခြေတပ်များအကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားပါက မြန်မြန်ဆန်ဆန် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ရေး၊ ဥပဒေဘောင်အတွင်း အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်ကိစ္စရပ် အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိစ္စကတော့ ရပြီလို့ မပြောပါဘူး။ နောက်ပေးမယ့် သဘောရှိတယ်။ အဲလိုဘာ၊ ညာလေ။ သန်းခေါင်စာရင်း ကိစ္စမှာတော့ လူတိုင်းမှတ်ပုံတင်တော့ ရှိရမှာပေါ့။ သဘောက နောက်ရွေးကောက်ပွဲ ဘာ၊ ညာဆိုရင် သူကမှတ်ပုံတင် မရှိရင်၊ သန်းခေါင်စာရင်း မရှိရင် သူကပေးလို့ မရဘူးလေ။ အဲဒီသဘောပဲလေ။ သူကအဲလိုပဲ ရိုးရိုးတွေပဲ ပြောတယ်လေ" ဟု UWSP ၏ ကျိုင်းတုံမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးအားမင်က The Daily Eleven သို့ ပြောကြားသည်။
"၀" ဒေသတွင်း သန်းခေါင်စာရင်း ကောက်ယူရေး ကိစ္စရပ်မှာ မကြာမီ ကာလအတွင်း လုပ်ဆောင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် အတိအကျ မသိရှိကြောင်း ဦးအားမင်က ဆက်လက်ပြောကြားသည်။
ယခင်က ဒေသတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ငြင်းဆန်ထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သော "၀" ဒေသတွင် လူဦးရေ ခြောက်သိန်းနီးပါး နေထိုင်လျက်ရှိပြီး ၁၇၀၀၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းကာ "၀" ဒေသမြောက်ပိုင်းနှင့် "၀" ဒေသတောင်ပိုင်းဟု နှစ်ပိုင်းခွဲခြားထားသည်။ နေထိုင်သူ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ တရုတ်ဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးသုံးစွဲမှုတွင်လည်း တရုတ်ယွမ်ငွေကိုသာ အသုံးပြုကာ တရုတ်ဘာသာဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းလည်း ရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက "၀" တောင်ပိုင်းတွင် အစိုးရနှင့် "၀" သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP) တို့အကြား စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် "၀" သွေးစည်းညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်အဖွဲ့တို့ ကျိုင်းတုံမြို့ရှိ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။ ထိုသို့ တွေ့ဆုံမှုအပြီးတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် အကြောင်းပေါ်ပါက ပွင့်လင်းစွာဖြင့် အချိန်မဆိုင်း ဆွေးနွေးရန် အပါအ၀င် သဘောတူညီချက် ငါးချက်ကို အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် "၀" သွေးစည်း
ညီညွတ်ရေးပါတီ (UWSP) တို့အကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။
eleven media group
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment