Monday, September 02, 2013

နျူ ကလီးယားဘာသာရပ်ဖြင့် ဘွဲ့ရရှိ သူများ အလုပ်ပါတစ်ပါတည်းရရှိမည်

Monday, September 2, 2013
နျူ ကလီးယားဘာသာရပ်ဖြင့် ဘွဲ့ရရှိ သူများ အလုပ်ပါ တစ်ပါတည်း ရရှိမည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် နျူကလီး ယားဘာသာရပ် ဖြင့် ကျောင်းပြီး သူမှာ တစ်နှစ်လျှင် အများဆုံး ၁ဝဦးခန့်သာရှိပြီး ယင်းဘာသာ ရပ်ကို စိတ်ဝင်တစားတက်ရောက် သူ အလွန်အမင်းနည်းပါးလျက်ရှိ နေကြောင်း သိရသည်။
''မြန်မာနိုင်ငံမှာက နျုက လီးယားဘာသာရပ်ကို စိတ်ဝင်စား သူနည်းတယ်။ အဓိကကတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကြောင့်ပါတယ်။ ဝန်ကြီးဌာနအ နေနဲ့ကတော့ ကျောင်းပြီးတဲ့သူ တော်တော်များများကို ထိန်းထား ပါတယ်။ ကျောင်း ဆရာ၊ ဆရာမ ပြန်လုပ်ချင်လုပ်၊ မဟုတ်ရင် ဌာန အတွင်းမှာ သင့်တော်တဲ့နေရာ တွေကိုပေးထားပါတယ်။ ကျောင်း ပြီးတဲ့သူတွေကို အလုပ်အကိုင်အ တွက် သင့်တော်တဲ့နေရာတွေကို တစ်ပါတည်း ပေးသွားမှာပါ'ဟု အဆိုပါ တာဝန် ရှိ သူက ပြောသည်။ နျူကလီးယားဘာသာရပ် ကို ကျောက်ဆည်နည်းပညာတက္က သိုလ်တွင်သာ ထည့်သွင်းသင်ကြား လျက်ရှိပြီး ယမန်နှစ်က မန္တလေး နည်းပညာတက္ကသိုလ်တွင် သင် ကြားခဲ့သော်လည်း တက်ရောက် မည့် ကျောင်းသားမရှိခဲ့ကြောင်း သိရ သည်။ အဆိုပါတာဝန်ရှိသူက ''ဘာ သာရပ်တိုင်းက အသုံးဝင်ကြတာ ပါပဲ။ ဒါပေမဲ့ ကျောင်းသားတော် တော်များများက ဝါသနာထက် လုပ်ငန်းခွင်ဝင်လို့မြန်တဲ့ ဘာသာ ရပ်တွေကိုပဲ ရွေးချယ်ကြတော့ တခြားဘာသာရပ်တွေမှာ ပညာ ရှင်တွေ နည်းကုန်တယ်။ ဆောက် လုပ်ရေးတွေ၊ စက်မှုတွေမှာပဲ စုပြုံ နေကြတယ်။ သူတို့ကိုကျတော့ လူကများတဲ့အတွက် အလုပ်အ ကိုင်ဖန်တီးပေးဖို့ခက်တယ်။ နျူ ကလီးယားလို ဘာသာရပ်ကတော့ လူဦးရေတအားနည်းတော့ ဖန် တီးပေး နိုင် တယ်''ဟု ဆက်လက် ပြောသည်။

မြန်မာနိုင်ငံတွင်နည်းပညာတက္ကသိုလ်များမှ ကျောင်းဆင်း သောအင်ဂျင်နီယာအများစုမှာ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်၊ အိုင်တီဘာသာရပ်များကိုသာ အဓိကထား တက်ရောက်လျက် ရှိကြကြောင်း၊ ကျောင်းပြီးသော ကျောင်းသား အများစု မှာလည်း အလုပ်အကိုင်အတွက် အခက်အ ခဲများရှိနေကြောင်း ကျောင်းပြီးသူ တချို့ထံမှ သိရသည်။ ယင်းနှင့်ပတ်သက်ပြီး Electrical Powerဘာသာရပ်ဖြင့် ကျောင်းပြီးသူတစ်ဦးက ''အလုပ် အကိုင် တစ်ခါတည်းဖန်တီးပေး မယ်ဆို တော့ ကောင်းပါတယ်။ ကျွန်မတို့ကျောင်းပြီးတော့ အလုပ် ရဖို့ခက်တယ်။ ကုမ္ပဏီတစ်ခုမှာ အလုပ်ခေါ်တော့ သွားလျှောက် တယ်။ ခေါ်တာက ၁ဝဦးလောက် ပဲ။ လာလျှောက်တာ အယောက် ၁ဝဝဝကျော်လောက်ရှိတယ်''ဟု ပြော သည်။

မြန်မာနိုင်ငံတွင် နည်းပညာ တက္ကသိုလ်ပေါင်း၃၃ခု၊ ကွန်ပျူ တာတက္ကသိုလ် ၂၅ခု၊ နည်းပညာ ကောလိပ်သုံးခု၊ GTI အဆင့် သိပ္ပံ ၁၁ခု၊ THS အဆင့် ကျောင်းပေါင်း ၃၆ကျောင်းမှာ နည်းပညာကျောင်း သားပေါင်းများစွာကို မွေးထုတ် ပေးနေသော် လည်း အလုပ်အကိုင် အခွင့်အလမ်းရရှိမှု နည်းပါးလျက် ရှိကြောင်း သိရသည်။

အောင်အောင်
Yangon Media Group

No comments:

Post a Comment

My Blog List