Thursday, September 05, 2013

လက်ရှိမြန်မာနိုင်ငံ၏ဒီမိုကရေစီအခင်းအကျင်း နှင့်အချိုးကျကိုယ်စားပြုစနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို

Thursday, 05 September 2013
လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံရေးနှင့်ပြုပြင်ပြောင်းလဲလာသောဒီမိုကရေစီအခင်းအကျင်းအရသော်လည်းကောင်း၊ စစ်မှန်တိကျသောဖက်ဒရယ်စနစ်ထူထောင်ခြင်းမပြုနိုင်သေးသော်လည်းကောင်းအချိုးကျကိုယ်စားပြုမှု ရွေးကောက် ပွဲစနစ်(PR)ကိုသွားရန် တိုင်းပြည်အနေအထားဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ် ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။
Photo: လက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီအခင်းအကျင်း နှင့် အချိုးကျကိုယ်စားပြု
စနစ် (PR) သွားရန် အဆင်မပြေနိုင်သေးဟု UNFC အတွင်းရေးမှူးဆို
Thursday, 05 September 2013  

လက်ရှိမြန်မာနိုင်ငံ၏နိုင်ငံ ရေးနှင့် ပြုပြင်ပြောင်းလဲလာ သော ဒီမိုကရေစီ
အခင်းအကျင်း အရသော်လည်းကောင်း၊ စစ်မှန် တိကျသော ဖက်ဒရယ်
စနစ်ထူ ထောင်ခြင်းမပြုနိုင်သေးသော် လည်းကောင်း အချိုးကျကိုယ်စား
 ပြုမှု ရွေးကောက်ပွဲစနစ်(PR)ကို သွားရန် တိုင်းပြည်အနေအထား ဖြင့် သင့်တော်ခြင်းမရှိကြောင်း ညီညွတ်သောတိုင်းရင်းသားများဖက်ဒရယ်
ကောင်စီအထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

““PR နဲ့ပတ်သက်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ လေ့လာခဲ့တယ်။
 နောက်ပြီးတော့ PR ကျင့်သုံးတဲ့တိုင်းပြည်တွေကိုလည်း သွားလေ့
လာဖူးတယ်။ PR စနစ် ရဲ့ လက္ခဏာကတော့ တကယ် တမ်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကြည့်ရင် တိုင်း ပြည်မှာဒီမိုကရေစီ
အခင်းအကျင်း နဲ့ (သို့မဟုတ်) ဖယ်ဒရယ်စနစ် အတိအကျနဲ့ တိုင်းပြည်ကို
ထူ ထောင်ပြီးပြီဆိုရင်တော့ ဒီစနစ်က သိပ်မဆိုးဘူး။ ဥပမာ ဂျာမနီမှာ သုံးတာကိုလေ့လာကြည့် တော့ သူက စစ်မှန်တဲ့ ဒီဖယ်ဒရယ်စနစ်အောက်
မှာ ဖြစ်နေ တယ်။ နောက်ဒီမိုကရေစီစနစ်ကိုလည်း အပြည့်အ၀ကျင့်သုံးနေ တယ်။ အဲဒီလို အခြေအနေမျိုး မှာ PR စနစ်ကိုသုံးတော့ အဆင် ပြေမှု
ရှိတယ်။ 

ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာတော့ ဘာမှခိုင်မာ ရေရာတဲ့ပုံစံမရသေးဘူး။ ဒါက နံပါတ် (၁) အချက်၊ နံပါတ် (၂) အချက်က ကျွန်တော်တို့ နိုင်ငံ သားတွေဟာ သက်ဆိုင်ရာရွေး ကောက်ပွဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ
အမြင် အားနည်းနေ သေးတယ်။ 

ဒီတော့လက်ရှိတိုင်း ပြည်အနေအထားအရ လုံးဝ အဆင်မပြေနိုင်သေးဘူး။ လက်ရှိ မြန်မာပြည်သူတွေရဲ့ ဗဟုသုတ အသိအမြင်က ကိုလိုနီစနစ်က ထွက်ခါစဖြစ်တော့ ပါလီမန်စနစ် အောက်မှာပဲရှိနေသေးတယ်။ ပါလီမန်ဒီမို
ကရေစီစနစ်ရဲ့ လုပ် ထုံးလုပ်နည်းကို နည်းနည်းပါးပါး  နားလည်ကြတယ်”” ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာမှ ပြောကြားသွားခဲ့သည်။

အဆိုပါအချိုးကျကိုယ်စားပြု မှုစနစ် PR နှင့် ပတ်သက်၍ ဆွေးနွေးမှုများအား သက်ဆိုင်ရာ ပါတီကြီးများအလိုက်သော်လည်း ကောင်း၊ ပြည်ထောင်စု
 ရွေး ကောက်ပွဲကော်မရှင်နှင့် တိုင်းရင်း သားပါတီများတွေ့ဆုံ၍သော် လည်းကောင်း ဆွေးနွေးမှုများရှိ သော်လည်း အများစုကမူ ယင်းအချိုးကျ
ကိုယ်စားပြုမှုစနစ် PR အားလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကျင့်သုံးရန်လိုမှု သဘောတူညီချင်းမရှိခဲ့ကြဘဲ အချို့သော တိုင်းရင်းသား
 ဒေသများမှ တိုင်းရင်းသားပါတီ ငယ်များကမူ ယင်းတို့၏ အခန်း ကဏ္ဍ
အတွက် ယင်း PR စနစ်သို့သွားရန် ဆန္ဒရှိလျက်ရှိနေကြသည်။   


Hot News Journal ““PR နဲ့ပတ်သက်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ လေ့လာခဲ့တယ်။ နောက်ပြီးတော့ PR ကျင့်သုံးတဲ့ တိုင်းပြည်တွေကိုလည်း သွားလေ့ လာဖူးတယ်။ PR စနစ် ရဲ့ လက္ခဏာကတော့ တကယ် တမ်းအားဖြင့် ကျွန်တော်တို့ နိုင်ငံ အနေအထားနဲ့ကြည့်ရင် တိုင်း ပြည်မှာဒီမိုကရေစီ အခင်းအကျင်း နဲ့ (သို့မဟုတ်) ဖယ်ဒ ရယ်စနစ် အတိအကျနဲ့ တိုင်းပြည်ကို ထူ ထောင်ပြီးပြီဆိုရင်တော့ ဒီစနစ်က သိပ်မဆိုးဘူး။ ဥပမာ ဂျာမနီမှာ သုံးတာကိုလေ့လာကြည့် တော့ သူက စစ်မှန်တဲ့ ဒီဖယ်ဒရယ်စနစ်အောက်မှာ ဖြစ်နေ တယ်။ နောက်ဒီမို ကရေစီစနစ်ကိုလည်း အပြည့်အ၀ကျင့်သုံးနေ တယ်။ အဲဒီလို အခြေအနေမျိုး မှာ PR စနစ်ကိုသုံးတော့ အဆင် ပြေမှု ရှိတယ်။ဒါပေမဲ့ ကျွန်တော် တို့နိုင်ငံမှာတော့ ဘာမှခိုင်မာ ရေရာတဲ့ပုံစံမရသေးဘူး။ ဒါက နံပါတ် (၁) အချက်၊ နံပါတ် (၂) အချက်က ကျွန်တော်တို့ နိုင်ငံ သားတွေဟာ သက်ဆိုင်ရာရွေး ကောက် ပွဲတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတ အမြင် အားနည်းနေ သေးတယ်။
ဒီတော့လက်ရှိတိုင်း ပြည်အနေအထားအရ လုံးဝ အဆင်မပြေနိုင်သေးဘူး။ လက်ရှိ မြန်မာပြည်သူတွေရဲ့ ဗဟုသုတ အသိအမြင်က ကိုလိုနီစနစ်က ထွက်ခါစဖြစ်တော့ ပါလီမန်စနစ် အောက်မှာပဲရှိနေသေးတယ်။ ပါလီမန်ဒီမို ကရေစီစနစ်ရဲ့ လုပ် ထုံးလုပ်နည်းကို နည်းနည်းပါးပါး နားလည်ကြတယ်”” ဟု ဗိုလ်မှူး ကြီး ခွန်ဥက္ကာမှ ပြောကြားသွားခဲ့သည်။အဆိုပါအချိုးကျကိုယ်စားပြု မှုစနစ် PR နှင့် ပတ်သက်၍ ဆွေးနွေး မှုများအား သက်ဆိုင်ရာ ပါတီကြီးများအလိုက်သော်လည်း ကောင်း၊ ပြည်ထောင် စု ရွေး ကောက်ပွဲကော် မရှင်နှင့် တိုင်းရင်း သားပါတီများတွေ့ဆုံ၍သော် လည်းကောင်း ဆွေးနွေးမှုများရှိ သော်လည်း အများစုကမူ ယင်းအချိုးကျ ကိုယ်စားပြုမှုစနစ် PR အားလာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကြီး၌ ကျင့်သုံးရန် လိုမှု သဘောတူညီချင်းမရှိခဲ့ကြဘဲ အချို့သော တိုင်းရင်းသား ဒေသများမှ တိုင်းရင်းသားပါတီ ငယ်များကမူ ယင်းတို့၏ အခန်းကဏ္ဍအတွက် ယင်း PR စနစ်သို့သွားရန် ဆန္ဒရှိလျက်ရှိနေကြသည်။
Hot News Journal

No comments:

Post a Comment

My Blog List