Monday, September 2, 2013
ဆယ်စုနှစ်နှစ်စုကြာ မပြုလုပ်ဖြစ်ခဲ့သည့် ရှေ့နေများ၏ ဥပဒေစကားဝိုင်း
ဆွေးနွေးပွဲကို တောင်ကြီးခရိုင် အတွင်းရှိ ရှေ့နေများ စုပေါင်းကာ
တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် အဆောင်တွင် စက်တင်ဘာ ၁
ရက်က ပထမဆုံးပြန်လည် ကျင်းပလျက်ရှိသည်။
“တရားရေးလောကမှာ ဥပဒေတွေက Up To Date ဖြစ်ဖို့လိုတယ်။
ဒါကြောင့် ယခုလိုဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ စီစဉ်ရခြင်းဖြစ်တယ်” ဟု
ဆွေးနွေးပွဲတက်ရောက်လာသူ တရားလွတ်တော်ရှေ့နေ ဒေါ်စ၀်မြ၀တီက မဇ္ဈိမကို
ပြောသည်။ယခုတွေ့ဆုံပွဲမှ ရှေ့နေများအသင်း ပေါ်ပေါက်လာစေရန်၊
ဥပဒေရေးရာတွင်လည်း ခေတ်နှင့်လျော်ညီခြင်း ရှိမရှိ စသည်တို့ကို ဆွေးနွေးရန်
ရည်ရွယ်ကြောင်းလည်း ဆွးနွေးပွဲဖြစ်မြောက်ရေး စီစဉ်ခဲ့သည့်
တောင်ကြီးမြို့နယ်မှ ရှေ့နေများကဆိုသည်။
အလားတူ
တည်ဆဲတရားဥပဒေများအရ အမှုများကို စစ်ဆေးဆောင်ရွက်ရာတွင်
လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျမှန်ကန်မျှတစွာ ဆောင်ရွက်ခြင်းဖြင့်
တရားစီရင်ရေး မဏ္ဍိုင်မယိမ်းယိုင်စေရန် တည့်မတ်ခိုင်မာစေရန် ရည်ရွယ်ကာ
ဆွေးနွေးပွဲ ပြုလုပ်ခြင်းဖြစ်သည်။
“ရှေ့နေအသင်း ပျက်ခဲ့တာကြာပြီ၊
အသင်းအဖွဲ့ ဖွဲ့စည်းခွင့်မရလို့ ရှေ့နေတွေ မစုစည်းနိုင်ခဲ့တော့ ဥပဒေနဲ့
ပတ်သက် တဲ့ အသိပညာတွေ အတွေ့အကြုံတွေ၊ ဖလှယ်ဖို့ပျက်ကွက်ခဲ့တယ်။
နောက်ပြီးတော့ ဥပဒေပေါ်မှာ ညွှန်ကြားချက်တွေ လာပြီးတော့ လွှမ်းမိုးတဲ့အခါမှာ
တရားခွင်မှာ လုပ်ရကိုင်ရတာ အခက်ခဲအများကြီး ရှိနေပါတယ်” ဟုလည်း
တရားလွတ်တော် ရှေ့နေဒေါ်စ၀်မြ၀တီက ဆွေးနွေးပွဲတွင် ပြောသွားခဲ့သည်။
ရှေ့နေများ၏ ဥပဒေစကားဝိုင်း ဆွေးနွေးပွဲကို ရှမ်းရှေ့မှဥပဒေအရာရှိ
(ငြိမ်း) ဦးစိုင်းကျော်ဇံ၊ ရှမ်းတောင်မှ ရှေ့နေများ၊ တောင်ကြီးမြို့ရှိ
တရားလွတ်တော် ရှေ့နေများ၊ အလုပ်သင်ရှေ့နေများ စုစုပေါင်း ၁၂၀ ဦးခန့်
တက်ရောက်ခဲ့သည်။
နောက်ပိုင်းတွင် တောင်ကြီးမြို့နယ် ရှေ့နေအသင်း၊
ခရိုင်ရှေ့နေအသင်း၊ ရှမ်းပြည်နယ် ရှေ့နေများ အသင်းတို့ကို
ဖွဲ့စည်းသွားမည်ဖြစ်ပြီး၊ တစ်လတစ်ကြိမ် ရှေ့နေများ၏ ဥပဒေစကားဝိုင်း
ဆွေးနွေးပွဲများပြု လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...2 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-
No comments:
Post a Comment