Monday, September 02, 2013

လိုင်းကား နှင့် တက္ကစီများ တုတ် ၊ ဓား ၊လက်နက် တွေ့က အရေးယူမည်

Monday, September 2, 2013
လိုင်း ကားနှင့်တက္ကစီများတွင် တုတ်ဓား လက်နက်များကို စစ်ဆေးတွေ့ ရှိပါက တရားမဝင် လက်နက် ကိုင် ဆောင်မှုဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မှုခင်းကျဆင်းရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။ ယင်းကဲ့သို့ တရားမဝင် တုတ်၊ ဓားလက်နက် သယ်ဆောင်မှုများ ရှိလာခြင်းကြောင့် အများပြည် သူများ၏လုံခြုံရေးကို ထိခိုက်လာ နိုင်ပြီး တစ်ဦးချင်းအလိုက်ဖြစ် စေ၊ အဖွဲ့လိုက်ဖြစ်စေ အချင်း များပါက သေဆုံးထိခိုက် ဒဏ်ရာ ရမှုများ ပိုမိုဖြစ်ပွားစေနိုင်ကြောင်း ယင်းတပ်ဖွဲ့ဝင်များမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။မှုခင်းကျ ဆင်းရေး ရဲတပ် ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ''ကျွန် တော်တို့အနေ နဲ့ တွေ့နေတာက တော့ တချို့လိုင်းကားတွေ၊ တက္ကစီ တွေမှာတွေ့တယ်။ အဓိကကိုင် တဲ့ အကြောင်းအ ရင်း ကတော့ ပြဿနာတစ်ခုခုဖြစ်ရင် ဖြေရှင်း ဖို့ပါ။

 တချို့တက္ကစီတွေဆို သံတုတ် ဆောင်ထားတယ်။ ဓားဆောင်တာကတော့ တချို့လိုင်းကားမောင်း တဲ့ ယာဉ်မောင်းတွေမှာ တွေ့တယ်။ ဒါပေမဲ့ ဓားက အရွယ်အစားသေး တယ်။ ဓားမြှောင်လေးလိုပုံစံမျိုး၊ ခါးကြားမှာလဲ ဖွက်လို့ရတဲ့ပစ္စည်းမျိုးတွေကိုင်ဆောင်တာတွေ့ရင် တော့ တရားမဝင်လက်နက်ကိုင် ဆောင် မှု နဲ့ အရေးယူနေပါတယ်''ဟု ပြောသည်။
ယင်းကဲ့သို့ ယာဉ်များပေါ် တွင် တုတ်၊ ဓားလက်နက်များကိုင် ဆောင်ခြင်းနှင့်ပတ်သက်ပြီး တက္ကစီ ယာဉ်မောင်း ဦးအောင်သင်းက ''သံတုတ်၊ ရိုးရိုးတုတ်ရယ်လို့ မ ဟုတ်ဘူး။ လိုအပ်လို့ဆောင်တာ ရှိသလိုရန်ဖြစ်ရင်လဲ ရှင်းဖို့ဆောင် တာရှိတယ်၊ အမျိုးမျိုး ပါပဲ''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဩဂုတ်၂၈ရက်က ယာဉ်ထိန်းရဲ တစ်ဦးကို ယာဉ်မောင်းတစ်ဦးက ယာဉ်စည်းကမ်း ဖောက်ဖျက်မှုနှင့် ပတ်သက်၍ ဖမ်းဆီးခဲ့သဖြင့် စကေဘာဖြင့်ထိုးခဲ့သည့် ဖြစ်ရပ် တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

My Blog List