Wednesday, September 04, 2013

အပျိုတော်အကနဲ့ ခင်ဝင့်ဝါ



Wednesday, September 4, 2013

ခင်ဝင့်ဝါကဘယ်လာရုစ်မယ်ပြိုင်ပွဲကြီးရဲ့စွမ်းရည်ပြကဏ္ဍမှာအပျိုတော်အကနဲ့အစွမ်းပြဖို့ပြင်ဆင်သွားခဲ့ပါတယ်။အပျိုတော်အကကပြနေပုံ တချို့ကို သူ့ ဖေ့စ်ဘုတ်မှာ တင်ထားပါပြီ။မြန်မာပြည်မှာတော့ ဇာတ်ပွဲတွေမှာ ငှက်ပျောပွဲ အုန်းပွဲနဲ့ အပျိုတော်အက ထွက်တာကို ပွဲကြည့်ရင် မြင်ဖူးကြမှာပါ။

ဦးမြန်မာ ရုပ်သေးအဖွဲ့၊ ပါပါလေးတို့အငြိမ့် စတဲ့ အထင်ကရ သဘင်အဖွဲ့တွေကလည်း သူတို့ရဲ့ ပွဲစဉ်တွေကို အစဉ်အလာအတိုင်း အပျိုတော်အကနဲ့ အစပြုတယ်လို့ မှတ်သားဖူးပါတယ်။မြန်မာစာအဖွဲ့က၁၉၉၁ မှာ ထုတ်ဝေတဲ့ မြန်မာအဘိဓာန်မှာတော့ အပျိုတော်ကို -
"၁။ မင်းမိဖုရားတို့၏ အမျိုးသမီး ရံရွှေတော်။
၂။ ဇာတ်ရုပ်သေးများတွင် ပွဲဦးထွက် ကပြရသော မိန်းမ" လို့ ဖွင့်ဆိုထားပါတယ်။

အပျိုတော်အကဆိုတာကိုကိုးကွယ်ယုံကြည်မှုနဲ့ရောထွေးမပစ်ဘဲမြန်မာ့ရိုးရာယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတခုအဖြစ် မြင်တတ်ရင် ပိုပြီး သင့်တော်ပါလိမ့်မယ်။

ဆိုခဲ့သလိုပဲ ဘယ်လာရုစ်နိုင်ငံပြိုင်ပွဲတခုကို ရောက်နေတဲ့ မော်ဒယ် ခင်ဝင့်ဝါက မြန်မာ့ရိုးရာအကတခုကို နိုင်ငံတကာသိအောင် မိတ်ဆက်ပေးနေပါပြီ။

အင်တာနက် မြန်နှုန်းမြင့်သူများ အတွက် အပျိုတော်အက၊ အပျိုတော်ယိမ်းများ ကြည့်နိုင်မယ့် လင့်တွေ ဖော်ပြပေးလိုက်ပါတယ်။

အပျိုတော် နတ်ကန်တော့ အက

ရွာစား- ဆိုင်း ဖိုးသင်္ကြန်
သဘင့်ဦးသျှောင် ၀ဏ္ဏကျော်ထင် ဂရိတ်ဦးဘိုးစိန် နှစ် ၁၃၀ ပြည့် အထိမ်းအမှတ် သဘင်အနုပညာရှင်များ၏ အနုပညာဖျော်ဖြေပွဲ

Burmese culture A Pyo Daw dance in london

A Pyo Daw Dance (ဂျပန်)

ဒီပုံကတော့ ... အပျိုတော်အကလေ့ကျင့်ရင်းခဏနားနေတုန်းလေးပါရှင်.....:):):):):) လို့

ခင်ဝင့်ဝါက သူ့ ဖေ့စ်ဘုတ်မှာ ဆိုထားပါတယ်။

No comments:

Post a Comment

My Blog List